Port News

Monday, 29 April 2019 04:51

အလုပ်အကိုင် (၁၀၀၀)ကျော် ဖန်တီးပေးနိုင်မည့် ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင်သည့်နေရာတည်ဆောက်ခြင်းလုပ်ငန်းအား MIC ခွင့်ပြု

BOT စနစ်ဖြင့်စင်္ကာပူနိုင်ငံမှ ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင်သည့်နေရာ တည်ဆောက်ခြင်း လုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

Thursday, 11 April 2019 05:01

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ

Thursday, 11 April 2019 04:29

ပြောင်းလဲလဲလှယ်ပေးသည့် ကုန်တင်တန်ဆာ Switch Bill of Lading

ပထမဦးဆုံးထုတ်ပေးထားသော ကုန်တင်တန်ဆာ မူရင်းသုံးစောင် (တစ်စုံ) ကို သင်္ဘောလိုင်းသို့ ပြန်လည်အပ်နှံသည့်အခါ သင်္ဘောလိုင်းမှ ကုန်တင်တန်ဆာအသစ်တစ်စုံ ပြန်လည်ထုတ်ပေးခြင်း ဖြစ်ပါသည်။ မူလကုန်သွယ်သည့် အခြေအနေနှင့် အနေအထားပြောင်းလဲသွားသည့် အခါ Switch bills ကို ထုတ်ပေးရန်တောင်းဆိုလေ့ရှိပါသည်။ အချို့သောအကြောင်းရင်းများမှာ

Thursday, 11 April 2019 04:24

ပနားမားတူးမြောင်း

ပနားမားတူးမြောင်းသည် ခန့်မှန်းခြေ ၈၀ ကီလိုမီတာခန့် ရှည်လျား၍ အတ္တလန်တစ်သမုဒ္ဓရာနှင့် ပစိဖိတ်သမုဒ္ဓရာ အကြားတွင် တည်ရှိသည်။ မြောက်အမေရိကနှင့် တောင်အမေရိကတိုက်ကြီးနှစ်ခု ဆက်စပ်နေသည့် အကျဉ်းမြောင်းဆုံး နေရာတွင် ရေလမ်းကြောင်းအဖြစ် ဖောက်လုပ် တည်ဆောက် ထားသည်။ ပနားမားတူးမြောင်း၏ အဝင်နှင့် အထွက်နေရာများတွင် အကန့်အလိုက် ခွဲခြားထားသော ရေထိန်းတံခါး စနစ်ကိုအသုံးပြုထားသည်။

Thursday, 11 April 2019 04:19

စူးအက်တူးမြောင်း Suez Canal

စူးအက်တူးမြောင်းသည် မြေထဲပင်လယ်နှင့် စူးအက်ပင်လယ်ကွေ့ကို ဆက်စပ်ပေးထားပြီး ထိုမှတစ်ဆင့် ဧဒုံပင်လယ် (ပင်လယ်နီ) သို့ ဆက်သွယ်ထားသည့် အီဂျစ်ပြည်ရှိ လူလုပ်တူးမြောင်း ဖြစ်သည်။ စူးအက်တူးမြောင်းသည် ၁၆၃ ကီလိုမီတာ ရှည်လျားကာ အကျယ်အနေဖြင့် အနည်းဆုံး ၆၀ မီတာရှိသည်။

Thursday, 11 April 2019 04:12

သင်္ဘောတင်ခနှုန်းထားပြောင်းလဲမှုဖြစ်စဉ် (Freight Rate Mechanism)

ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ဆင့်ပွားပေါ်ပေါက်လာသည့် တောင်းဆိုမှု (ဝယ်လိုအား) ဖြစ်ပါသည်။ အဆိုပါ ဝယ်လိုအားအပေါ် အကျိုးသက်ရောက်သော အချက်များမှာ အစိုးရအဖွဲ့အစည်း၊ နိုင်ငံရေး အခြေအနေများ၊ ကမ္ဘာ့စီးပွားရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ ပျမ်းမျှခရီး အကွာအဝေးနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ် တို့ဖြစ်ပါသည်။ အခြားတစ်ဘက်တွင် သင်္ဘောလုပ်ငန်း ပံ့ပိုးနိုင်မှု (ရောင်းလိုအား) အပေါ် အကျိုးသက်ရောက်သော အချက်များမှာ သင်္ဘော အရေအတွက်၊ ကုန်တင် ဆောင်နိုင်သည့် ပမာဏနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုတို့ ဖြစ်ပါသည်။

Wednesday, 10 April 2019 11:30

ကုန်ပစ္စည်းပျက်စီးမှု ဖြစ်ပေါ်သည့်အခါ ဆောင်ရွက်ရန်ကိစ္စများ

သင်္ဘောလုပ်ငန်းနှင် ကုန်ပစ္စည်းတင်ပို့ခြင်းလုပ်ငန်းတို့သည် အစဉ်လှုပ်ရှားရှင်သန်နေသော လုပ်ငန်း ဖြစ်သည့်အတွက် ကုန်ပစ္စည်းပျက်စီးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံး နည်းလမ်းကို ရွေးချယ်နိုင်ရေးစဉ်းစား ဆောင်ရွက်သင့်ပါသည်။

Wednesday, 10 April 2019 04:14

F.I.O.S.T Terms အရ သင်္ဘောကုန်တင်/ကုန်ချစဉ် ပျက်စီးပါက မည်သူတွင် တာဝန်ရှိသလဲ . . .?

၂၀၁၉ ခုနှစ်၊ မတ်လ (၁၉) ရက်၊ နံနက်စောစောပိုင်းတွင် အီရန်နိုင်ငံ Bandar Abbas မြို့ Shahid Rajaei Port တွင် ကုန်သေတ္တာသင်္ဘော SL STAR ဟာ ကုန်တင်/ကုန်ချနေစဉ် ဆိပ်ကမ်းတံတား၌ တိမ်းစောင်းနစ်မြှုပ်သွားခဲ့ပါတယ်။ ကုန်တင်/ကုန်ချစဉ် ဆိပ်ကမ်းကုန်တင်/ကုန်ချ တာဝန်ခံ ကန်ထရိုက်တာနှင့် သင်္ဘောကုန်းပတ်အရာရှိတို့အကြား ညှိနှိုင်းချိတ်ဆက်မှု ချို့ယွင်းသည့်အတွက် ကြောင့် ကုန်တင်ဆောင်မှုမှားယွင်းပြီး သင်္ဘောတည်ငြိမ်မှုပျက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကုန်သေတ္တာ “၁၅၃” လုံး ရေထဲပြုတ်ကျကုန်ပါတယ်။

Thursday, 04 April 2019 05:34

သင်္ဘောလုပ်ငန်းတွင်ပါဝင်သည့်ဇာတ်ဆောင်များ

ကုန်တင်ပို့သူများသည်၎င်းတို့၏ကုန်ပစ္စည်းများကို ကုန်တင်ဆိပ်ကမ်းမှ ကုန်ချဆိပ်ကမ်းသို့ ပို့ဆောင်ပေးရန် အတွက် သင်္ဘောလုပ်ငန်း ဝန်ဆောင်မှုများကို တောင်းဆိုကြသည်။ သင်္ဘောငှားရမ်း၍ အဓိကလုပ်ငန်း ဆောင်ရွက်ကြသူများမှာ ပို့ကုန် တင်ပို့သူများ(exporters) နှင့်ကုန်တင်သွင်းသူများ (importers)၊ သင်္ဘောတင်ပို့သူများ (consignors) နှင့် ကုန်လက်ခံသူများ (consignees) ဖြစ်ကြသည်။ သင်္ဘောလုပ်ငန်းတွင် ဇာတ်ဆောင် အများအပြား ပါဝင်ကြပြီး ကုန်ပစ္စည်းများကို ရေကြောင်းမှ သယ်ယူ ပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် လိုအပ်သော သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပံ့ပိုးမှုများကို ဆောင်ရွက်ပေးကြသည်။ သင်္ဘောလုပ်ငန်းတွင် ပါဝင်ဆောင်ရွက် နေကြသူများမှာ-