Port News

Tuesday, 28 May 2019 10:43

အိန္ဒိယက ရန်ကုန်တွင် ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်နိုင်သည် ဆိပ်ကမ်း ရှေ့လ၌ တည်ဆောက်မည်

အိန္ဒိယနိုင်ငံ၏ ဆိပ်ကမ်းတည်ဆောက်မှုတွင် အကြီးဆုံးကုမ္မဏီဖြစ်သည့် Adani Ports and Special Economic Zone (APSEZ) က ရန်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံ၍ ကုန်သေတ္တာတင် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကို ဇွန်လတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း Indiatimes သတင်းဖော်ပြချက်အရ သိရပါတယ်။

Monday, 27 May 2019 05:19

မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ ကုန်လုပ်ငန်းဌာန

ကုန်လုပ်ငန်းဌာန အဓိကတာဝန်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။

Thursday, 23 May 2019 04:22

သင်္ဘောဆိပ်၊ ဆိပ်ကမ်းနှင့် ကုန်တင်၊ ချဆိပ်ခံများအကြားက ခြားနားချက်များ

Port နှင့် Harbour ဝေါဟာရနှစ်ခုကို မြန်မာပြန်ဆိုရာတွင် အလွယ်တကူဆိပ်ကမ်းဟု ရေးသားလေ့ရှိကြသည်။ ဥပမာအားဖြင့် Pearl Authority ကို ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဟုလည်းကောင်း ခေါ်ဆိုခြင်းမျိုးဖြစ်သည်။ အမှန်တကယ်အားဖြင့် Port နှင့် Harbour စကားလုံးနှစ်ခုမှာ ရောထွေးနေလျက်ရှိသဖြင့် ဆိပ်ကမ်းဟု မြန်မာမှုပြုခြင်းဖြစ်သည်။ ထိုနည်းတူ Terminal ဟူသော ဝေါဟာရမှာလည်း သုံးနှုန်းသည့် နေရာသဘာဝအရ ရောထွေးနေလျက်ရှိသည်။

Wednesday, 22 May 2019 04:54

ဆိပ်ကမ်း ဝန်ဆောင်မှု

1 .သက်ဆိုင်ရာအစိုးရများအနေဖြင့် မိမိအချုပ်အခြာ အာဏာသက်ရောက်ရာ ဆိပ်ကမ်း နှင့် ဆိပ်ကမ်း ဝန်ဆောင်မှုများအတွက်

Wednesday, 22 May 2019 04:05

သင်္ဘော၏ လုံခြုံရေးစီမံချက်

1. သင်္ဘောများသည် ISPS Code Part A အားမဖြစ်မနေလိုက်နာရန် လိုအပ်ပြီး PanB ပါ လမ်းညွှန်ချက်များအားလည်း ထည့်သွင်းစဉ်းစားရပါမည်။

Friday, 17 May 2019 11:13

သ​င်္ဘော အရှိန်​​လျော့ ​မောင်းခြင်း (Slow Steaming)

သ​င်္ဘော ​တွေရဲ့ အလျင်​ (Velocity)ကို တင်​တာနဲ့ အမျှ ​လောင်​စာဆီကလည်း​ဆတိုးပြီး ပိုကုန်​ပါတယ်​။ သ​င်္ဘော ​မောင်း​လောင်​စာဆီ ​ဈေး​တွေဟာ ၂၀၀၅ ခုနစ်​က စပြီးတက်​လာတာပါ။ Rotterdam 380 centistroke အတန်း​အစား ဆီဟာ ၂၀၀၀ခုနှစ်​ မှာတစ်​တန်​ကို ၁၃၈.၄ ​ဒေါ်လာ က​နေ ၂၀၀၇ တွင်​ တစ်​တန်​ကို ၆၃၉.၆ ​ဒေါ်လာ အထိ ၄ဆ​ကျော်​တက်​လာပါသည်​။

Friday, 17 May 2019 09:43

သ​င်္ဘောအရှိန်​​လျော့​မောင်းခြင်း​ကြောင့်​ အချိန်​ကြန့်ကြာသဖြင့်​ သ​င်္ဘောပိုင်​ရှင်​တွင်​ တာဝန်​ရှိလာမှု့

ခရီးစဉ်​ဖြင့်​ သ​င်္ဘောငှါးစာချုပ်​ အရ၊ သ​င်္ဘောပိုင်​ရှင်​ (သို့) သယ်​​ဆောင်​သူသည်​ကုန်​စည်​သယ်​​ဆောင်​​ပေးရန်​တာဝန်​ကို ထိုက်​သင့်​​သော အချိန်​အတွင်းပြီးစီး​အောင်​​ ဆောင်​ရွက်​​ပးရပါမည်​။ စာချုပ်​တွင်​အချိန်​ကာလက်ု သတ်​မှတ်​ ​ဖော်​ပြထားခြင်း မရှိလည်း ၊ ထိုက်​သင့်​​သော အချိန်​အတွင်း သ​င်္ဘောသည်​ ကုန်​တင်​ခြင်း၊ သယ်​ယူပို့​ဆောင်​​ပေးခြင်း၊ ကုန်​ချခြင်းတို့ကို ပြီးစီး​အောင်​​ဆောင်​ရွက်​​ပေးရန်​ သွယ်​ဝိုက်​တာဝန်​ (implied undertaking) ရှိပါသည်​။

Thursday, 16 May 2019 04:43

အိန္ဒိယကုမ္ပဏီ Adani Group က မြန်မာနိုင်ငံမှာ ကွန်တိန်နာ ဆိပ်ကမ်းတစ်ခု တည်ဆောက်မည်

အိန္ဒိယ အခြေစိုက် အခြေခံအဆောက်အအုံဆိုင်ရာ ကုမ္ပဏီလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Adani Group က ယခုအခါ မြန်မာနိုင်ငံမှာ ကွန်တိန်နာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Monday, 13 May 2019 04:49

ရန်ကုန် အလုံဆိပ်ကမ်းသစ်က ကုန်သေတ္တာ အဝင်အထွက် တိုးလာရန် မျှော်မှန်း

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး စင်ကာပူနှင့် ပူးပေါင်းထားသည့် Adani က ရန်ကုန် အလုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာ ဆိပ်ကမ်းတခုကို အကောင်အထည်ဖော်ရန် ရှိနေသည်။ လာမည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ကုန်သေတ္တာ အဝင်အထွက် တိုးတက်လာလိမ့်မည်ဆိုသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။