Port News

Wednesday, 02 May 2018 03:27

အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာသယ်ဆောင်သည့် စက်ယန္တရား ၁၄ စီး တပ်ဆင်အသုံးပြု

အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာများအား ကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူလျင်မြန်ပြီး အဆင် ပြေချောမွေ့စေ ရန် ခြောက်လုံးဆင့်

Thursday, 05 April 2018 03:55

လှိုင်သာယာတွင် ကုန်းတွင်း ဆိပ်ကမ်း တည်ဆောက်ရန်စီစဉ်

ရန်ကုန်တိုင်းရှိ မြစ်ကြောင်းများကို အသုံးပြုကာ အနာဂတ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပိုမို ကျယ်ပြန့်လာ အောင်လုပ်ဆောင်ရန် လှိုင်သာယာ၌ ကုန်းတွင်းဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး မှ ပြောကြားခဲ့ပါတယ်။ ထိုစီမံကိန်းကို Ngwe Pin Le Integrated Logistics Zone နှင့် IWT Jetty link Dry Port ဟု အမည်ပေးခဲ့ပြီး လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန် နှင့် အလယ်ရွာ အနီးတည်ရှိမည် ဖြစ်ပါတယ်။ ထိုလုပ်ငန်းအတွက် ဧပြီ ၄ ရက်တွင် တင်ဒါလုပ်ငန်းစဉ်ကို တိုင်းအစိုးရက လုပ်ငန်းရှင်များထံက ရှင်းပြခဲ့ကြောင်းကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိခဲ့ရပါတယ်။ ကုန်စည်ပို့ဆောင်ရေးသည် တကယ်တမ်း ဈေးသက်သာဆုံး ပြောရရင် ရေလမ်းခရီးပို့ဆောင် ရေးကအဓိက နေရာတွင်လည်း ပါဝင်ခဲ့ပါတယ်။ ယခုအခါတွင် ဈေှးနှုန်း မြင့်မားနေခဲ့သော ကားလမ်းကို အဓိကထား သုံးနေခဲ့ရသောကြောင့် ထိုရေလမ်းနဲ့ ကုန်စည်ပို့ဆောင်ရေးကို အမြန်ဆုံးအကောင် အထည်ဖော်ဖို့ Dry Port နဲ့ ပတ်သက်ပြီးတော့လည်း စတင်ဆောင်ရွက်ခဲ့ပါတယ် ဟု ဆက်သွယ်ရေး ဝန်ကြီးမှ ဆက်လက်ပြောဆိုခဲ့ပါတယ်။ လက်ရှိဆိပ်ကမ်းများသည် မြို့အရှေ့ဘက်တွင်ရှိပြီး အမှန်တကယ်ထွန်းကားနေခဲ့သော စက် မှုဇုန်များ နှင့် ကုန်စည်ဒိုင်များသည် မြို့အနောက်ဘက်တွင် တည်ရှိကာ ကုန်တင်ယာဉ်များ မြို့တွင်းကို ဖြတ်သန်း၍ သွားလာခဲ့ရပါတယ်။ ရန်ကုန်မြို့၌ မြို့ရှောင်လမ်းမ ရှိသောကြောင့် ယာဉ်ကြောကျပ် တည်းမှု ဖြစ်ပေါ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ရန်ကုန်မြို့တွင် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း နှင့် ပဲခူးမြစ်ရှိပြီး ရန်ကုန် တိုင်းနှင့်ဧရာဝတီတိုင်းကြား၌ တိုးမြစ်ရှိပြီး ယင်းတို့သည်လည်း သယ်ယူပို့ဆောင်ရေးအတွက်အဖိုးတန် နေရာတွင် ရှိနေခဲ့ပါတယ်လို့ လည်းထပ်မံ၍ ပြောဆိုခဲ့ပါတယ်။ ထိုရေလမ်းခရီးကို တွင် ကျယ်စွာ အသုံးချနိုင်ရေးသည် နိုင်ငံတော် အကြီးအကဲ ခေါင်း ဆောင်၏ လမ်းညွှန်မှုဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။ ထိုရေလမ်းခရီး သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ပိုမိုကျယ်ပြန့်စွာ အသုံးပြု နိုင်ရေးသည် နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်မှု့ ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောခဲ့ပါတယ်။ ယခု တည်ဆောက်မည့်နေရာသည် ဧရာဝတီတိုင်းဘက်ရှိ လမ်းများ နှင့် ဆက်စပ်မှုရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း မြို့ရှောင်လမ်း နှင့် တစ်ဆက်တည်းဖြစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ Source ; 7 Day Daily Readmoreရန်ကုန်မြို့ကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည် http://www.logisticsguide.com.mm/en/what-new/latest-updates/638-run-at-the-actual-development.html

Monday, 02 April 2018 09:30

ဆိပ်ကမ်းများ၌ လတ်တလော ကားထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေ

ရန်ကုန် ဆိပ်ကမ်းအတွင်း ကားထုတ်ယူရာတွင် အခက်အခဲများ ဖြစ်နေပြီး လတ်တလောတွင် ကားထုတ်ယူ၍ မရ ဖြစ်နေကြောင်း ယနေ့ မနက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်

Thursday, 29 March 2018 05:16

သီလဝါတွင် မြန်မာ့အကြီးဆုံး ဆိပ်ကမ်း တည်ဆောက်ရန် IFC က ချေးငွေ ကန်ဒေါ်လာ ၁၅ သန်း ပေးမည်

သီလဝါတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် IFC (နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း) က ကန်ဒေါ်လာ ၁၅ သန်း ချေးပေးမည် ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသော သတင်းအရ သိရှိခဲ့ပါတယ်။

Monday, 26 March 2018 07:18

သီလ၀ါဆိပ်ကမ်း ဒေသတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက်ဆိပ်ကမ်း စတင်ဖွင့်လှစ်

သီလ၀ါ ဆိပ်ကမ်းတွင် အထွေထွေကုန်စည် နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက် ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား မတ် ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Friday, 09 March 2018 08:31

မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်း တည်ဆောက်ရန် တင်ခါခေါ်ယူ

ဧပြီလ အစောပိုင်းမှာ စတင်မဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်းကို တည်ဆောက်ရန် နိုင်ငံတကာ တင်ဒါတစ်ခုကို ခေါ်ယူထားခြင်းဟာ အာရှကုန်သွယ်ရေးနဲ့ စွမ်းအင်ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အစိုးရအရင်းအမြစ်တစ်ခုအရ သိရှိပါသည်။

Tuesday, 13 February 2018 11:15

ရန်ကုန်ဆိပ်ကမ်း မှ ရေကြောင်းကုန်သွယ်မှု ရာခိုင်နှုန်း ၉၀ ကျော်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ရေကြောင်း ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွှက်နေရသည့်အတွက် အခြားကမ်းရိုးတန်း ဆိပ်ကမ်းများအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း

Tuesday, 06 February 2018 05:10

တောင်ကိုရီးယား ကန် ၉၈ သန်း တန် logistics Hub ကို ရန်ကုန်တွင် တည်ဆောက်

မြန်မာနိုင်ငံ ပို့ကုန်မြှင့်တင်ရေးတွင် အရေးပါလာသော ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်း၌ (Logistics Hub)ကို တောင်ကိုရီယားနိုင်ငံက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်နယ်မြေတွင် အမေရိက န်ဒေါ်လာ ၉၈ သန်းခန့်ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်သွားမည်။

Wednesday, 31 January 2018 05:28

ကိုရီးယားနိုင်ငံမှ ကန်ဒေါ်လာသန်း ၉၀ ကျော်အသုံးပြုပြီး ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု တည်ဆောက်သွားမည်

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ HUBS MK Company Limited တို့ပူးပေါင်းကာ ကန်ဒေါ်လာသန်း ၉၀ ကျော်အသုံးပြုကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစခန်း(Logistics Hub) တစ်ခု တည်ဆောက်သွားမည်ဟု ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားခဲ့သည်။