Port News

Tuesday, 13 February 2018 11:15

ရန်ကုန်ဆိပ်ကမ်း မှ ရေကြောင်းကုန်သွယ်မှု ရာခိုင်နှုန်း ၉၀ ကျော်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ရေကြောင်း ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွှက်နေရသည့်အတွက် အခြားကမ်းရိုးတန်း ဆိပ်ကမ်းများအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း

Tuesday, 06 February 2018 05:10

တောင်ကိုရီးယား ကန် ၉၈ သန်း တန် logistics Hub ကို ရန်ကုန်တွင် တည်ဆောက်

မြန်မာနိုင်ငံ ပို့ကုန်မြှင့်တင်ရေးတွင် အရေးပါလာသော ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်း၌ (Logistics Hub)ကို တောင်ကိုရီယားနိုင်ငံက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်နယ်မြေတွင် အမေရိက န်ဒေါ်လာ ၉၈ သန်းခန့်ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်သွားမည်။

Wednesday, 31 January 2018 05:28

ကိုရီးယားနိုင်ငံမှ ကန်ဒေါ်လာသန်း ၉၀ ကျော်အသုံးပြုပြီး ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု တည်ဆောက်သွားမည်

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ HUBS MK Company Limited တို့ပူးပေါင်းကာ ကန်ဒေါ်လာသန်း ၉၀ ကျော်အသုံးပြုကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစခန်း(Logistics Hub) တစ်ခု တည်ဆောက်သွားမည်ဟု ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားခဲ့သည်။

Friday, 12 January 2018 06:57

ရန်ကုန်တောင်ပိုင်းရှိ ဆိပ်ကမ်း၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန်လေဆိပ်၊စက်မှုဥယျာဉ်နှင့်ရန်ကုန်-မန္တလေးအမြန်လမ်း ချိတ်ဆက်မည့်ကီလိုမီတာ၂၀ကျော် ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်း စီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍမှ ဒေါ်လာသန်း ၄၀၀ ၀န်းကျင်သုံး

ရန်ကုန်မြို့တောင်ဘက်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက်မည့် ၂၀ ဒသမ ၅ ကီလိုမီတာအရှည်ရှိ ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်းမကြီး စီမံကိန်း တည်ဆောက်ရန် ဒေါ်လာ သန်း ၄၀၀ ၀န်းကျင် သုံးစွဲသွားမည်ဖြစ်သည်။

Thursday, 07 December 2017 05:00

အချိန်ကြန့်ကြာနေမှုတွေကြောင့် အကောက်ခွန်ဆိပ်ကမ်း သွင်းကုန်လုပ်ငန်းစဉ်အဆင့်များကို ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး လျှော့ချ

ကုန်သွယ်ဆိပ်ကမ်းတွေမှာ အချိန်ကြန့်ကြာနေတာတွေကို လျှော့ချဖို့အတွက် ရန်ကုန်ဆိပ်ကမ်းတိုင်းမှာ ဒီဇင်ဘာ ၄ ရက်နေ့ကစတင်ပြီး အကောက်ခွန်ဆိပ်ကမ်း သွင်းကုန်လုပ်ငန်းစဉ် အဆင့်တွေကို လျှော့ချ သွားမှာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေဖို့အတွက် အကောက်ခွန်ဆိပ်ကမ်း လုပ်ငန်းစဉ်အဆင့်တွေ (သွင်းကုန်) လျှော့ချရေးကို Asia World ဆိပ်ကမ်းမှာ စတင် စမ်းသပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့တာကြောင့် သီလဝါဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့ စက်မှုဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်း၊ အလုံကုန်သေတ္တာ ဆိပ်ကမ်းတွေမှာ ဒီဇင်ဘာ ၄ ရက်က စတင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှာ ဆိပ်ကမ်းအသီးသီးက တာဝန်ခံတွေနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးလုပ်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းတွေမှာ သွင်းကုန်ပိုင်း ဆိပ်ကမ်းလုပ်ငန်းစဉ်အဆင့် တွေ လျှော့ချဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆိပ်ကမ်းလုပ်ငန်းအဆင့်တွေ လျှော့ချတာကို ဒီဇင်ဘာ ၄ ရက်မှာ စတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဆိပ်ကမ်းလုပ်ငန်းစဉ် အဆင့်တွေ လျှော့ချမှုကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ စမ်းသပ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဆင့်တွေလျှော့ချမှုကြောင့် ဖြစ်ပေါ်လာတဲ့ မသမာမှုတွေကို နှောင်းစာရင်းစစ်ဆေးခြင်း Post Clearance Audit (PCA) နဲ့ ထိန်းကျောင်းသွားမှာဖြစ်ကြောင်းကိုလည်း သိရပါတယ်။ “အဆင့်လျှော့ချတာမှာ အရင်က အဆင့်ရှစ်ဆင့်ဆောင်ရွက်ရတာ အခုအဆင့်တစ်ဆင့်ပဲ ကျန်တော့တယ်။ ထုတ်ယူတဲ့အဆင့်ပဲ ကျန်တော့တယ်။ အရင်လာ မှတ်ပုံတင်ရတယ်။ Register လုပ်ရတယ်။ စစ်ဆေးခံရတယ်။ ချိပ်စီးထိုးရတယ်။ အခု Custom က ချိပ်စီးမထိုးဘဲ သူ့ဘာသာတာ ဝန်ခံပြီး ထုတ်ရတယ်။ ကိုယ်တိုင် တာဝန်ယူပြီး ကြေညာရတယ်။ မသမာမှုမျိုးတွေကိုတော့ Post Clearance Audit(PCA) နဲ့ ပြန်ထိန်းသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်က ဆိပ်ကမ်းအတွင်းမှာ ကားကျပ်တာလည်း လျော့သွားတယ်။ ကားတွေဆိုရင်လည်း တကယ်စစ်ဆေးခံရမယ့် ကားတွေပဲရှိတော့တယ်။ အချိန်အားဖြင့်လည်း တော်တော်လေး လျော့သွားတယ်။ Green Channel ရတဲ့ ကွန်တိန်နာတစ်လုံးက အရင်ဆို ပျမ်းမျှ လေးနာရီ၊ ငါးနာရီ၊ ခြောက်နာရီလောက် ကြာတယ်။ အခုဆို မိနစ် ၂၀ လောက်ပဲ ကြာတော့တယ်" လို့လည်း အကောက်ခွန် ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နှောင်းစာရင်းစစ်ဆေးခြင်း Post Clearance Audit (PCA) ဆိုတာက စနစ်ကျတဲ့ အကောက်ခွန် ထိန်းချုပ်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ပါဝင်တဲ့ အစစ်ဆေးခံထိုက်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဘယ်လိုစနစ်နဲ့မဆို ထိန်းသိမ်းထားရှိတဲ့ မှတ် တမ်းမှတ်ရာတွေ၊ ကုန်သွယ်မှု နည်းလမ်းတွေကို စစ်ဆေးခြင်းဖြင့် ကုန်ပစ္စည်း ကြေညာလွှာတွေရဲ့ မှန်ကန် တိကျမှုအပေါ် အကောက်ခွန်ဦးစီးဌာနက ကျေနပ်လက်ခံနိုင်တဲ့အထိ စစ်ဆေးနိုင်တဲ့ လုပ်ငန်း စဉ်တစ်ရပ် ဖြစ်ပါတယ်။ Source: Democracy today

Friday, 08 September 2017 12:07

ဆိပ်ကမ်းအာဏာပိုင်ရဲ့ခွင့်ပြုချက်မရှိဘဲ ထွက်ခွာတဲ့ ဆီတင်သင်္ဘော ကပ္ပတိန်ကို ထောင်ခြောက်လချ

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ဆိပ်ကမ်းကနေ ထွက်ခွာသွားတဲ့ စင်ကာပူနိုင်ငံ အခြေစိုက်ဆီတင်သင်္ဘောရဲ့ကပ္ပတိန်ကို ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်လူမျိုး သင်္ဘောကပ္ပတိန်ဦးဆောင်ပြီး တရုတ်နိုင်ငံသား ၁၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးနဲ့ မြန်မာနိုင်ငံသား လေးဦးလိုက်ပါလာတဲ့ ဆီတင်သင်္ဘောတစ်စီးက ဇူလိုင် ၁၂ ရက်မှာ ခွင့်ပြုချက်မရှိဘဲ မြန်မာ့ဆိပ်ကမ်းကနေ ထွက်ခွာသွားလို့ တပ်မတော်စစ်ရေယာဉ်က လိုက်လံတားဆီးကာ ရန်ကုန်ဆိပ်ကမ်းကို ကမ်းပြန်ကပ်စေခဲ့တာပါ။ အဆိုပါ သင်္ဘောက စင်ကာပူနိုင်ငံအခြေစိုက် Bravely Int’l Pte, Ltd ပိုင် ဆီတင်သင်္ဘောနဲ့ မြန်မာနိုင်ငံအခြေစိုက် PT Power ကုမ္ပဏီကို ဒီဇယ်ဆီ မက်ထရစ်တန် ၁၂,၀၀၀ ကျော်ကို ဇူလိုင် ၁၁ ရက်က လာရောက်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဇူလိုင် ၁၂ ရက်မှာ မြန်မာဆိပ်ကမ်းအာဏာပိုင်က ထွက်ခွာခွင့်ပယ်ဖျက် ထားတာကို မလိုက်နာဘဲ တိတ်တဆိတ်မောင်းနှင်ထွက်ပြေးခဲ့တာလို့  ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောပါတယ်။ မြန်မာ့ဆိပ်ကမ်းဥပဒေအရ သင်္ဘောထွက်ခွာရင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီးလိုက် ပါရမှဖြစ်ပေမယ့် အဆိုပါ သင်္ဘောက ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ ရေကြောင်းပြမှူးကြီးမပါဘဲ ထွက်ခွာခဲ့တာကြောင့် တားဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။