ကုန်သေတ္တာတွှင်ပါရှိသည့် အမှတ်အသားများသည် ကုန်သေတ္တာသယ်ယူပို့ဆောင်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်နေပြီး
သယ်ယူပို့ဆောင်ရာတွင် ကုန်သေတ္တာနှင့် အတွှင်းပါ ကုန်ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုကို ဖော်ပြနိုင်သည့် အချက်အလက်များဖြစ်သဖြင့် ထောက်ပံ့ဖြည်းဆည်း ကွင်းဆက်တွင် ပါဝင်သည့် အဖွဲ့အစည်းအားလုံးအတွက် အရေးပါပါတယ်။
ကုန်သေတ္တာနံပါတ်
ကုန်သေတ္တာတံခါးတွှင်ဖော်ပြထားသည့် အဓိကအမှတ်အသားတခုလဲ ဖြစ်ပါတယ်။ အက္ခရာ (၄) လုံးနှင့် ဂဏန်း (၇) လုံးပါဝင်သည်။ ကုန်သေတ္တာနံပါတ်ဖြင့် အမျိုးအစားခွဲခြားသည့်စနစ်ကို နိုင်ငံတကာ စံနှုန်းဆိုင်ရာ အဖွဲ့အစည်း International Standards Organisation မှ သတ်မှတ်ထားပါတယ်။ ကုန်သေတ္တာအမျိုးအစားခွဲခြားသည့်စနစ်တွင် အောက်ပါတို့ပါဝင်သည်-
(၁) ပိုင်ရှင်ကုဒ်နံပါတ် ရှေ့အက္ခရာ သုံးလုံး (ပုံတွင် BIC)
(၂) ကိရိယာအမျိုးအစား ကျန် အက္ခရာ တစ်လုံး (U သည် freight container ဖြစ်ကြောင်း ဖော်ပြသည်။ J သည် ကုန်သေတ္တာနှင့်တွဲဖက်အသုံးပြုသော ကိရိယာ၊ Z သည် နောက်တွဲယာဉ်များ)
(၃) အမှတ်စဉ် ရှေ့ဂဏန်း ခြောက်လုံး (Serial Number)
(၄) စစ်ဆေးရန်ကိန်း နောက်ဆုံးဂဏန်း တစ်လုံး (Check Digit)
ပိုင်ရှင်ကုဒ်နံပါတ်သည် ကုန်သေတ္တာပိုင်ရှင် (သင်္ဘောလိုင်း သို့မဟုတ် ကုန်သေတ္တာငှားရမ်းသည့်ကုမ္ပဏီ) တစ်ဦးကို နံပါတ်တစ်ခု သတ်မှတ်ထားသဖြင့် တိကျမှုရှိပြီး ပိုင်ရှင်ကုဒ်ကို Bureau International des Containers et du Transport Intermodal (BIC).မှ သတ်မှတ်ပေးသဖြင့် အခြား သင်္ဘောလိုင်းများ သို့မဟုတ် ကုန်သေတ္တာငှားရမ်းသည့် ကုမ္ပဏီများနှင့် ရောထွေးမှု မရှိနိုင်ပါ။ ကုန်သေတ္တာတစ်လုံးသည် မည်သည့် အဖွဲ့အစည်းနှင့် သက်ဆိုင်သည်ကို (ပိုင်ရှင်ကို) သိရှိလိုပါက https://www.bic-code.org/bic-code/ တွင် ဝင်ရောက် ရှာဖွေနိုင်ပါတယ်။
ကုန်သေတ္တာနံပါတ်တွင် ပါဝင်သည့် နောက်ဆုံးဂဏန်း Check Digit သည် အမျိုးအစား သတ်မှတ်သည့် နံပါတ်များ မှန်ကန်မှုရှိ/မရှိကို စစ်ဆေးနိုင်သည့်အတွက် အရေးပါသော ကိန်းဂဏန်း တစ်ခုဖြစ်ပါတယ်။ကုန်သေတ္တာပိုင်ရှင် သို့မဟုတ် ငှားရမ်းသူ Container Owner or Lessor – ကုန်သေတ္တာကို ပိုင်ဆိုင်သည့် သို့မဟုတ် လုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပါတယ်။သင်္ဘောလိုင်းတစ်ခု သို့မဟုတ် ကုန်သေတ္တာကို သင်္ဘောလိုင်းများသို့ အငှားချထားသည့် ကုမ္ပဏီတစ်ခုဖြစ်တယ်။
စုစုပေါင်းအများဆုံးအလေးချိန် (Max Gross)။ ပုံတွင်ပြထားသည့် 28,840 Kgs မှာ ကုန်သေတ္တာ၏ အလေးချိန်နှင့် ကုန်သေတ္တာ အတွင်းပါဝင်သည့် ကုန်ပစ္စည်း၏ အလေးချိန် စုစုပေါင်းသည် ဖော်ပြပါ အလေးချိန်သတ်မှတ်ချက်ထက် ကျော်လွန်ခြင်းမရှိရန် သတ်မှတ်ချက် ဖြစ်ပါတယ်။ISO ကုဒ်နံပါတ် (ISO Code)။ International Standards Organisation မှ ကုန်သေတ္တာအမျိုးအစားနှင့် အရွယ်အစားအတွက် သတ်မှတ်ပေးထားသည့် ကုဒ်နံပါတ်ဖြစ်ပါတယ်။ ဥပမာအားဖြင့် 45G1 သည် 40 foot dry container high tube (9’6”) အတွက်ဖြစ်ပြီး 22G1 သည် 20 foot dry container အတွက် သတ်မှတ်ထားသော ကုဒ်နံပါတ်ဖြစ်ပါသည်။ ကုန်သေတ္တာအမျိုးအစားခွဲခြားသတ်မှတ်ထားသည့် ကုဒ်နံပါတ်များကို ပုံတွင် ဖော်ပြထားပါတယ်။
Credit: Shipping and Logistic
ReadMore : ကုန်သေတ္တာ သယ်ယူပို့ဆောင်ပုံအဆင့်ဆင့်