မြန်မာနိုင်ငံက မြစ်ကြီးတွေရဲ့ ရေလမ်းကြောင်းတွေနဲ့ ဆိပ်ကမ်းတွေအားလုံး ပင်လယ်ကူးသင်္ဘောတွေအပါအဝင် ရေကြောင်း
သွားလာရေးယာဉ်တွေရဲ့ အဝင်အထွက်စီမံခန့်ခွဲမှုတွေကို နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဆောက်အအုံကြီးမှာ ဆောင်ရွက်နေတာပါ။
၁၈၅၂ ခုနှစ်မှာ အင်္ဂလိပ်က အောက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းမြို့ အဖြစ် အရေးပါလာခဲ့တဲ့ ရန်ကုန်မြို့မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဆိုတဲ့ အဖွဲ့ အစည်း စတင်သန္ဓေတည်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ စတင်ဖွဲ့စည်းချိန်ကတော့ မြစ်ကမ်းနားကော်မတီလို့ နာမည်ပေးခဲ့ပြီး အဲဒီ့နောက် ၁၉၈၉ ခုနှစ်အရောက်မှာတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လို့ ပြောင်းလဲခဲ့တာပါ။
ထိုအဆောက်အဦးကြီးကို ရန်ကုန်တက္ကသိုလ်နဲ့ တစ်နှစ်တည်း ၁၉၂၀ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်မြစ်နဲ့ ကမ်းနားလမ်းကို ပြတဲ့ဝေဟင်ဓာတ်ပုံတွေတိုင်းမှာ မပါမဖြစ်တွေ့ရတဲ့ ရေကြောင်းထိန်း မျှော်စင်ကြီးကတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့  အထိမ်းအမှတ်တ ပြယုဂ်တစ်ခုဖြစ်သလို မျှော်စင်ပေါ်တက်တဲ့ ရှည်လျားတဲ့ ကြောင်လိမ်လှေကားကလည်း ကိုလိုနီခေတ်ရဲ့ လက်ရာကို အထင်အရှားပြသနေတာပါ။
ဒီမျှော်စင်ကနေ ရန်ကုန်မြစ်ကြောင်းတစ်လျှောက်လုံးကိုမြင်ရပြီး အရင်ကတော့ ရန်ကုန်မြစ်ထဲကို ဝင်လာတဲ့ သဘောင်္တွေကို စောင့်ကြည့်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အဆောက်အဦးကြီးထဲမှာ အင်္ဂလိပ်ခေတ်ထဲက အသုံးပြုခဲ့တဲ့ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ အစည်းအဝေး စားပွဲအရှည်ကြီးတွေ၊ ခေါင်းလောင်းတွေ ဒီနေ့ အထိ လက်ရာ မပျက်ထိန်းသိမ်းထားတဲ့ ဗိသုကာလက်ရာတွေ အမြောက်အမြားတည်ရှိနေပါတယ်။
Source - မိုးညို