Port News

Logistics Performance Index(LPI)

Logistics Performance Index(LPI) google

          Logistics ဆိုသည်မှာ စကားရပ်အားထောက်ပံ့ရေး၊ ပို့ဆောင်ရေးဆိုင်ရာကိစ္စများနှင့်ဆက်စပ်သည်ဟု ပုံမှန်အားဖြင့် နားလည်သဘောပေါက်ကြသည်။မြန်မာနိုင်ငံတွင်Logistics နှင့်ပတ်သတ်ပြီး ဘက်စုံပို့ဆောင်ရေး ဥပဒေများ၏ ပုဒ်မ ၂ (ဈ) တွင်အောက်ပါအတိုင်းဖွင့်ဆိုထားသည်။

 

          ထောက်ပံပို့ဆောင်ရေးဆိုင်ရာဆောင်ရွက်မှု (Logistics) ဆိုသည်မှာ 'ကုန်ကြမ်းရှာဖွေမှုမှ ကုန်ချောအဆင့်အထိ ထုတ်လုပ်ရေး၊ထားသိုရေး၊ဖြန့်ဖြူးရေး၊မြန်ဆန်စွာကုန်စီးဆင်းရေး၊ကုန်တင်သွင်းရေး၊တင်ပို့ရေးနှင့်ပြည်တွင်းပြည်ပရှိ စားသုံးသူများ၏ လိုအပ်ချက်နှင့်အညီ ၄င်းထိုထံအရောက်ပို့ဆောင်နိုင်ရေးတို့အတွက် သတင်းအချက်အလက်များရယူပြီးစရိတိစက သက်သာစွာဖြင့်ကြီးကြပ်၍ ထိရောက်စွာအကောင်အထည်ဖော်ကာ စီမံချက်ချပြီး ခေတ်မီသိပ္ပံနည်းကျလုပ်ကိုင်ဆောင်ရွက်ပေးသည့် နည်းလမ်းသို့မဟုတ်စနစ်ကိုဆိုလိုပါသည်။

 

          Logistics Performance Index(LPI) ဆိုသည်မှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စွမ်းဆောင်ရည်ကိုကိန်းဂဏန်းများဖြင့်တွက်ချက်ဖော်ပြသည့် အမှတ်ပေးစနစ်တခုလဲဖြစ်သည်။(LPI) ကိုတိုင်းတာရာတွင်အဓိကကျသည့်အတိုင်းအတာ ခြောက်မျိုးကိုအခြေခံကာ အနည်းဆုံး (၁)မှတ် မှ အများဆုံး (၅)မှတ် သတ်မှတ်ပြီး နိုင်ငံများ၏ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စွမ်းရည်အလိုက်နှိုင်းယှဉ်ဖော်ပြကြသည်။အဓိကကျသည့်အတိုင်းအတာ ခြောက်မျိုးမှာအောက်ပါအတိုင်းဖြစ်သည်။

 

-Custom အကောက်ခွန်အပါအ၀င် နယ်စပ်ကိုထိန်းချုပ်သည့်အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များတွင် ကုန်ပစ္စည်းရှင်းလင်းလွယ်ကူမှု၊လျင်မြန်မှု နှင့် ရုံးလုပ်ငန်းစနစ်များ လွယ်ကူစွာနားလည်လွယ်မှု

 

-Infrostructure ကုန်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးတို့နှင့်သက်ဆိုင်သော ဆိပ်ကမ်းများ၊ကားလမ်းများ၊ရထားလမ်းများ၊သတင်းအချက်အလက်နည်းပညာ အဆောက်အဦများစသည်ဖြင့်အခြေခံ အဆောက်အဦများ၏ အရည်အသွေးကောင်းမွန်မှု

 

-International Shipments ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများဖြင့်တင်ပို့မည့်ကုန်စည်များစီစဉ်ဆောင်ရွက်ရာတွင်လွယ်ကူမှု

 

-Logistics Competence ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများ၏အရည်အသွေးနှင့်လုပ်ငန်းစဉ်ဆောင်ရွက်သူများ၏လုပ်ရည်ကိုင်ရည်ရှိမှု

 

-Tracking and Tracing တင်ပို့သည့် ကုန်ပစ္စည်းကိုခြေရာခံ၍ မည့်သည့်နေရာရောက်ရှိနေသည်ကို သိရှိနိုင်မှု

 

-Timeliness တင်ပို့လိုက်သည် ကုန်ပစ္စည်းကိုမျော်မှန်းထားသည့် သို့မဟုတ် သတ်မှတ်ထားသည့်ကာလအတွင်းအချိန်မီရောက်ရှိတင်ပို့နိုင်မှု တို့ဖြစ်ကြသည်။

 

          ကမ္ဘာဘဏ်စစ်တမ်းအရ နိုင်ငံပေါင်း(၁၆၀) အနက် ၂၀၁၆ခုနှစ်တွင် မြန်မာနိုင်ငံ၏ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာစွမ်းဆောင်ရည်သည်အဆင့်(၁၁၃)တွင်ရှိပြီး၂၀၁၈ခုနှစ်တွင် အဆင့်(၁၃၇)သို့ကျဆင်းသွားသည်ကိုတွေ့ရှိရပါသည်။ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အဦများ နှင့်ပို့ဆောင်ရေးစနစ်များကို အကျိုးရှိရှိ ထိရောက်စွာအသုံးပြုနိုင်ပါက နိုင်ငံ၏ကုန်ထုတ်လုပ်မှုတွင်လည်းကောင်း၊ ပို့ဆောင်ရေးကုန်ကျစရိတ်လျော့ချရာတွင်လည်းကောင်း သိသာထင်ရှားစွာအဆင်ပြေလာနိုင်ပါသည်။ဆိပ်ကမ်းများခေတ်မီတိုးတတ်လာခြင်း၊ကားလမ်းများ၊ရထားလမ်းများပို၍ကောင်းမွန်လာခြင်းတို့ကြောင့် ကုန်ကြမ်းသယ်ယူပို့ဆောင်ခနှင့်ဖြန့်ဖြူးစရိတ်များကို ပို၍လျော့ချလာနိုင်ပါသည်။

 

          ထောက်ပံ့ပို့ဆောင်ရးဆိုင်ရာ ဆောင်ရွက်မှုများကို နည်းစနစ်ကျကျ မှန်ကန်စွာ လုပ်ဆောင်နိုင်ပါက နိုင်ငံတကာစံနှုန်းနှင့် အညီ တိုးတက်လာစေပြီး Logostics Performance Index(LPI) အဆင့်များလည်း ပြန်လည်မြင့်မားလာနိုင်မည်ဖြစ်ပါသည်။

 

Source ; Dr.Myo

Read times
Rate this item
(0 votes)