ကင်ညာအစိုးရအနေဖြင့် ချေးယူထားသည့်ကြီးမားသော ကြွေးမှီများကိုသာပြန်မဆပ်နိုင်ပါက နိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်သော Mombasa port ကို တရုတ်နိုင်ငံလက်သို့ထိုးအပ်ရဖွယ်ရှိသည်ဟု သတင်းများကဖော်ပြပေးခဲ့သည်။
Mombasa ဆိပ်ကမ်းသည် ကင်ညာ၏စီးပွားရေးနှင့် ကုန်သွယ်မှုအတွက် အဓိကအချက်အချာကျသော နေရာတစ်ခုဖြစ်သည်။ အဆိုပါဆိမ်းကမ်းအနေဖြင့် Standard Gauge Railway (SGR) ရထားလမ်းပိုင်းအတွက် ငွေကြေးလိုအပ်စဉ်ကချေးယူထားသော အကြွေးများကိုပြန်မဆပ်နိုင်ပါက မကြာတော့သောလအနည်းငယ်တွင် တရုတ်နိုင်ငံလက်သို့ထိုးအပ်ရဖွယ်ရှိသည်ဟု African Stand အနေဖြင့် ယခင် ၂၀၁၈ခုနှစ် နိုဝင်ဘာလကတည်းက ဖော်ပြထားခဲ့သည်။
ထို့အပြင် ပင်လယ်ဆိပ်ကမ်းမှနာရိုဘီမြို့အထိကုန်တင်ရထားလမ်းပိုင်းဆက်သွယ်ရာ ဖြစ်သော Inland Container Depot သည်လည်း SGR ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဆိုပါ SGR လမ်းပိုင်းနှစ်ခုအတွက် ချေးယူထားသည်မှာစုစုပေါင်း ရှီလင် ၅၀၀ ဘီလီယံလောက်အထိရှိမည်ဟု ခန့်မှန်းရသည်။ ယင်းပမာဏမှာ ဒေါ်လာနှင့်တွက်ပါက သန်း ၅၀၀ လောက်ရှိမည်ဖြစ်သည်။ အကယ်၍လွှဲ ပြောင်းရယူ မှုသာဖြစ်ပေါ်ခဲ့ပါက ထောင်ပေါင်းများစွာသောအလုပ်သမားများသည် တရုတ်ကြွေးရှင်များ၏တွင် အတင်းအဓ္ဓမ အလုပ်,လုပ်ရတော့မည်ဖြစ်ပြီး စီမံအုပ်ချုပ်ရေးပိုင်းတွင်လည်း အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်။
ပြီးခဲ့သော ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် သီရိလင်္ကာအစိုးရအနေဖြင့် နှစ်ပေါင်း ၉၉ နှစ်တာကာလအတွက် ဒေါ်လာ ဘီလီယံနှင့်ချီသောအကြွးကို တရုတ်သို့ပြန်လည်ဆပ်နိုင်ရန် မသေချာတော့သောကြောင့် ယင်း၏ Hambantota port ကို ထိုးပေးခဲ့ရသော သာဓကလည်းရှိခဲ့သည်။ အဆိုပါဆိပ်ကမ်းသည် တရုတ်၏ပြိုင်ဘက် ဖြစ်သောအိန္ဒိယကမ်းခြေနှင့် မိုင်တစ်ရာကျော်လောက်သာ ဝေးတော့သဖြင့်အချက်အခြာကျသော ခြေကုပ်ယူမှု ဟုလည်းဆိုနိုင်မည်ဖြစ်သည်။ ထို့အပြင် ၂၀၁၈ခုနှစ်စက်တင်ဘာလတုန်းကလည်း ဇမ်ဘီယာအနေနဲ့ သူတို့ရဲ့ Kenneth Kaunda International Airport ကိုတရုတ်တို့ရဲ့ အကြွေးနဲ့သိမ်းခြင်းကို ခွင့်ပြုပေးခဲ့ရသည်။
SGR သည် အကြွေးပြန်ပေးနိုင်ရန်မလုံလောက်ပဲ ကြီးမားသောဆုံးရှုံးမှုကိုရင်ဆိုင်ရစေမည့် ရင်းနှီးမှုတစ်ခုဖြစ် သည်ဟုလည်း အချို့ကဖော်ပြရေးသားထားခဲ့ကြသည်။
Source : africanstand.com