ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလအဖွဲ့အစည်းမှာ "IRRAWADDY FLOTILLA CO.; LTD" ဖြစ်ပြီး၊ ၁၈၆၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့တွင် ကုမ္ပဏီအား ပြည်သူပိုင် ပြုလုပ်ခဲ့ပြီး -
၁၉၇၂ ခုနှစ်၊ မတ်လ(၁) ရက်နေ့တွင် "ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း" အမည်ဖြင့် လည်းကောင်း၊
၁၉၈၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် "ပြည်တွင်းရေကြောင်းပို့ဆောင်ရေး" အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိခဲ့ပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်) ပင်မဝင်ပေါက်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် လက်ရှိ ရေယာဉ်အင်အား စက်ရှိ/စက်မဲ့ စုစုပေါင်း (၂၅၈)စီး အသုံးပြုပြီး နှစ်စဉ် ခရီးသည် ပျှမ်းမျှ (၁၅.ဝ၆)သန်း ခန့်နှင့် ကုန်တန်ချိန် ပျှမ်းမျှ (၂.ဝ၇) သန်းခန့် သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်တယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလရည်မှန်းချက်မှာ ခရီးသွားပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။
ကုန်းလမ်း/ လေကြောင်းလမ်း/ မီးရထားလမ်း စသည့် သယ်ယူပို့ဆာင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေကာမူ မြန်မာနိုင်ငံ ဒေသအနှံအပြားရှိ ရေယာဉ်များသွားလာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်းပို့ဆောင်မှု လုပ်ငန်းများမှာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
Source :Inland Water Transport