ထောက်ပံ့ပို့ဆောင်စီမံဖွဲ့စည်းမှု၏ပန်းတိုင်မှာ တန်ဖိုးကွင်းဆက်တွင်ရှိသည့် လုပ်ငန်းဆောင်တာအားလုံးကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ (ဆိုလိုသည်မှာ အရည်အသွေးမြင့်မားသည့် ထုတ်ကုန်ပစ္စည်းကို သက်သာသောဈေးနှုန်းဖြင့် အိမ်တိုင်ရာရောက်ပေးပို့ခြင်းဖြစ်သည်)။ တစ်နည်းအားဖြင့် ဆိုရသော်အခြားကုမ္ပဏီများမှ ယှဉ်ပြိုင်ရာတွင် တုပ၍မရနိုင်သော အရင်းအမြစ်ကို ဆိုလိုသည်။ပူးပေါင်းအားထုတ်မှုမပါရှိပါက ဈေးနှုန်းလျော့ချခြင်းနှင့် ဝန်ဆောင်မှုတိုးမြှင့်ခြင်း သက်သက်ဖြင့် ယှဉ်ပြိုင်ရာတွင်အသာစီးရမှုကို ရယူနိုင်ရန်လုံလောက်မှုမရှိပါ။
Logistics သည် အဖွဲ့အစည်းတစ်ခုလုံးနှင့်သက်ဆိုင်သော ဗျူဟာ၏အစိတ်အပိုင်းဖြစ်ပြီး ကုမ္ပဏီများသည် ၎င်းတို့၏တန်ဖိုးကွင်းဆက်တွင် ကုန်ကျစရိတ်နှင့်ဝန်ဆောင်မှုဆိုင်ရာ အားသာချက်များ (အကျိုးကျေးဇူးများ)ကို ဖော်ဆောင်ခြင်းဖြင့် အဓိကလုပ်ငန်းဆောင်တာများကို အထောက်အပံ့ပြုခြင်းဖြစ်သည်။ထောက်ပံ့ပို့ဆောင်ဝန်ဆောင်မှုကို သုံးစွဲသူ(ဖောက်သည်) အပိုင်းမှကြည့်ပါက logistics လုပ်ငန်းဆောင်တာများတွင် ကုန်စာရင်းစီမံခန့်ခွဲမှု၊ သိုလှောင်ခြင်း၊ ကုန်ပစ္စည်းများကိုင်တွယ်ဆောင်ရွက်ခြင်း၊ တပ်ဆင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ကုန်ပစ္စည်းတည်နေရာကိုခြေရာခံခြင်းစသည့် သတင်းအချက်အလက်နှင့် သက်ဆိုင်သည့်ဝန်ဆောင်မှုများပါဝင်သည်။
ယခုအခါ ထုတ်လုပ်သူများနှင့်လက်လီရောင်းချသူများစသည့် (logistics user)အများစုသည် ယခုအခါတွင် ၎င်းတို့၏ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ (logistics activitie)များကို ပြင်ပဝန်ဆောင်မှုပးသူများ (third-party logistics (3PL) service providers) သို့ လုပ်ငန်းအပ်နှံဆောင်ရွက်လာကြသည်။ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို ပြင်ပသို့လုပ်ငန်းအပ်နှံခြင်း (Outsourcing) သည် ယှဉ်ပြိုင်ရာတွင်အသာစီးရနိုင်ရေးအတွက်နည်းလမ်းအသစ်တစ်ခုအဖြစ်ပေါ်ပေါက်လာပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းများသည် ၎င်းတို့အတွက်အားသာချက်ရှိသည့် အဓိကလုပ်ငန်းအပေါ်တွင် အာရုံစူးစိုက်ဆောင်ရွက်လာနိုင်ပါသည်။
ကုမ္ပဏီအများစုသည် ၎င်းတို့၏ထောက်ပံ့ပို့ဆောင်လုပ်ငန်းဆောင်တာများကို ပြင်ပဝန်ဆောင်မှုလုပ်ငန်းများ (3PL) သို့ လုပ်ငန်းအပ်နှံရာတွင် လုပ်ငန်းလည်ပတ်မှုစရိတ်လျော့ချနိုင်ရန်၊ ဝယ်လိုအားမတည်ငြိမ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် ရင်းနှီးမတည်ငွေပမာဏလျော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။
Source : Shipping and Logistics