LSCI ၏ ပမာဏတွက်ချက်မှုကို ဆောင်ရွက်ရာတွင် ပါဝင်သည့်အကြောင်းအရာ (၅) ရပ် အပေါ် တစ်ခုခြင်းအလိုက်ရရှိသည့်အရေအတွက် အနည်းအများအတိုင်း နိုင်ငံများကိုတွက် ချက်ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် အကြောင်းအရာ (၅) ရပ်အပေါ် တွက်ချက်ရရှိ သည့်ပမာဏများကို ပျမ်းမျှကိန်းတွက်ချက်ကာ၊ ပျမ်းမျှ တန်ဖိုးအများဆုံးရရှိသည့် နိုင်ငံ၏ ပမာဏနှင့် ပိုင်းခြေပြုဆောင်ရွက်ပါသည်။ ထိုသို့ဆောက်ရွက်ခြင်းဖြင့် ပမာဏအများဆုံး ရရှိသည့်နိုင်ငံသည် ကိန်းပြည့် (၁) ရရှိပြီး၊ ကျန်နိုင်ငံများမှာ ကိန်းပြည့် (၁) ထက်ငယ်သော ဒသမကိန်းဂဏန်းများရရှိကြပါသည်။
စတင်တွက်ချက်သည့် ၂၀ဝ၄ ခုနှစ်တွင် တွက်ချက်မှုဂဏန်းသင်္ချာညီမျှခြင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
ညီမျှခြင်းတွင်ပါဝင်သည့် "i" မှာ နိုင်ငံကိုရည်ညွှန်းပြီး "i" မှာတွက်ချက်မှုတွင် ပါဝင်သည့် အကြောင်းအရာ (၅) ရပ်ကို ရည်ညွှန်းပါသည်။ထို့ကြောင့် LSCI တွက်ချက်မှု၏ ကနဦးနှစ်ဖြစ်သော ၂၀ဝ၄ ခုနှစ်တွင် အမှတ်ရရှိမှုအမြင့် ဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ညွှန်းကိန်းအမှတ် (၁၀ဝ) ရရှိခဲ့ခြင်းဖြစ်ပါသည်။ နောင်နှစ် များတွင် ကနဦးနှစ်ရရှိမှုအပေါ်အခြေခံပြီး ဆက်လက်တွက်ချက်ဆောင်ရွက်သွားခြင်းဖြစ်ပါ သည်။ ဥပမာအားဖြင့် ၂၀ဝ၇ ခုနှစ်အတွက် တွက်ချက်မှုဂဏန်းသင်္ချာညီမျှခြင်းအား အောက် တွင် ဖော်ပြထားပါသည်။
၂၀ဝ၄ ခုနှစ်မှ စတင်တွက်ချက်ဖော်ပြခဲ့သည့် LSCI အညွှန်းကိန်းရရှိမှုကို လေ့လာ နိုင်ရန်အတွက် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအချို့၏အမှတ်ရရှိမှုကို ပုံ (၂) တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် LSCI
********************
LSCI အညွှန်းကိန်းစတင်တွက်ချက်သည့် ကနဦးနှစ်ဖြစ်သည့် ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံ ပေါင်း (၁၆၂) နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံ၏ရပ်တည်မှုမှာ အဆင့် (၁၅၂) ဖြင့် ရပ်တည်ခဲ့ပါသည်။ (မှတ်ချက်။ အဆိုပါတွက်ချက်မှုမှာ အကြောင်းအရာ (၉) ချက်အပေါ်တွင် တွက်ချက်ခဲ့ခြင်း ဖြစ်ပြီး နောင်အခါပါဝင်သည့် အကြောင်းအရာ (၅) ချက်အရ ပြန်လည်တွက်ချက်သည့်အခါ အဆင့် (၁၃၉) တွင် ပြန်လည်ရပ်တည်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ နှစ်အလိုက်ရရှိခဲ့သည့် LSCI ညွှန်းကိန်းရရှိမှုအမှတ် ရပ်တည်မှုအား ပုံ (၃) တွင် ဖော်ပြထားပါသည်။မြန်မာနိုင်ငံ၏ LSCI အညွှန်းကိန်းရပ်တည်မှုအခြေအနေကို လေ့လာပါနှစ်အလိုက် တိုးတက်မှုရရှိခဲ့သည့် အခြေအနေများကိုတွေ့ရပါသည်။ နောက်ဆုံး (၃)နှစ် အတွက် အဆင့် ရပ်တည်မှုမှာ ၂၀၁၆ ခုနှစ်တွင် အဆင့် (၉၅)၊ ၂၀၁၇ ခုနှစ်တွင် အဆင့် (၁၁၉) နှင့် ၂၀၁၈ ခုနှစ် တွင် အဆင့် (၁၀၂) တို့ဖြစ်ကြပါသည်။
အဆိုပါ LSCI အညွှန်းကိန်းနှင့် ကမ္ဘာ့အဆင့်ရပ်တည်မှုတို့အား ဆက်စပ်စဉ်းစားနိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ကုန်သေတ္တာကုန်သွယ်မှုနှင့် ဆက်စပ်သည့် လက်ရှိအခြေအနေများ ဆက်လက်တင်ပြလိုပါသည်။လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ်ရပ်နားနိုင် သည့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှာ ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းသာဖြစ်ပါသည်။ ရန်ကုန် ဆိပ်ကမ်းတွင် အတွင်းဆိပ်ကမ်းဒေသ (Inner Harbour Area) နှင့် သီလဝါကမ်းနားဒေသ (Thilawa Terminal Area) ဟူ၍ ပါဝင်ပါသည်။ ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာဆိပ်ကမ်း တံတားများနှင့် တစ်ပြိုင်တည်းရပ်နားနိုင်သည့် ကုန်သေတ္တာသင်္ဘောအစင်းရေ ပမာဏမှာ ရန်ကုန်မြစ် မြစ်ညာမှစတင် ရေတွက်ပါက အောက်ပါအတိုင်းတွေ့ရပါသည်-
- ထီးတန်း ဆိပ်ကမ်းတံတား (၂)စင်း
(Hteedan Port Terminal - HPT)၊
- အေးရှားဝေါ(လ်) ဆိပ်ကမ်းတံတား (၃)စင်း
(Asia World Port Terminal - AWPT)
- အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတား (၂) စင်း
(Ahlone International Port Terminal - AIPT)
- မြန်မာ့စက်မှု ဆိပ်ကမ်းတံတား (၄)စင်း
(Myanmar International Port Terminal - MIP)
- TMT Ports Terminal (၂)စင်း
- Myanmar International Terminals, Thilawa - MITT
(၃) စင်း
အဆိုပါ ကုန်သေတ္တာဆိပ်ကမ်းတံတားများမှ နှစ်အလိုက်ကိုင်တွယ်ခဲ့သည့် ကုန်သေတ္တာ အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဘဏ္ဍာရေးနှစ် TEU အရေအတွက်
၂၀၁၃ - ၂၀၁၄ ၄၈၀,၇၂၇
၂၀၁၄ - ၂၀၁၅ ၇၀၄,၃၅၄
၂၀၁၅- ၂၀၁၆ ၈၉၆,၃၁၅
၂၀၁၆ - ၂၀၁၇ ၁,၀၆၃,၆၅၇
၂၀၁၇ - ၂၀၁၈ ၁,၀၃၄,၂၆၀
TEU=Twenty-foot Equivalent Unit (ပေနှစ်ဆယ် ရွယ်တူကုန်သေတ္တာအရေအတွက်)
ရန်ကုန်ဆိပ်ကမ်းသို့ လက်ရှိပြေးဆွဲလျက်ရှိသော ကုန်သေတ္တာသင်္ဘောလိုင်း အရေ အတွက်မှာ စုစုပေါင်း (၂၇) လိုင်းဖြစ်ပြီး၊ အဆိုပါသင်္ဘောလိုင်းများမှ စုစုပေါင်းသင်္ဘောအစင်း ရေမှာ (၁၀၂) စင်းဖြင့် ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိကြပါသည်။ အဆိုပါသင်္ဘောများ တွင် TEU ၈၀ဝ ခန့် သယ်ဆောင်နိုင်သည့် ACL သင်္ဘောလိုင်းမှ MV. KOTA RATU ကဲ့သို့ သင်္ဘောများပါဝင်သကဲ့သို့ TEU ၁၇၀ဝ ခန့်အထိ သယ်ဆောင်နိုင်သည့် MCC Transport သင်္ဘောလိုင်းမှ MV. MCC SEOUL ကဲ့သို့သော သင်္ဘောများလည်းပါဝင်ပါသည်။ သို့သော် လည်း ဆိပ်ကမ်း၏ရေစူးကန့်သတ်ချက်နှင့် ပို့ကုန်/သွင်းကုန် ရရှိမှုအနေအထားအရ အများ အားဖြင့် သင်္ဘောများမှာ TEU ၈၀ဝ ခန့်သာ သယ်ဆောင် ဝင်/ထွက် လေ့ရှိကြပါသည်။
မြန်မာနိုင်ငံရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက် လျက်ရှိသောကုန်သေတ္တာ သင်္ဘောများနှင့် ပတ်သက်ပြီး သင်္ဘောလိုင်းအရေအတွက်နှင့် ကုန်သေတ္တာသင်္ဘောအရေအတွက် (လစဉ်ပြေး ဆွဲနှင့် ရပ်နားအပါအဝင်) ကို ပုံ (၄) တွင်ဖော်ပြထားပါသည်။
နိဂုံးချုပ်တင်ပြချက်
******************
ကုန်သေတ္တာသယ်ယူပို့ဆောင်မှုသည် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုအတွက် သာမက မကြာမီကာလတွင် ဖြစ်ထွန်းတိုးတက်လာမည့် နိုင်ငံဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု (Cross Border Transport) အတွက်ပါ အရေးပါသည့် ကုန်သွယ်ပို့ဆောင်မှုလုပ်ငန်းစဉ်တစ် ခုဖြစ်ပါသည်။
အဆိုပါကုန်သေတ္တာ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် နိုင်ရန်အတွက် နိုင်ငံ၏ဆိပ်ကမ်းကဏ္ဍ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်စည်ပို့ဆောင်မှု ကဏ္ဍ၊ ကုန်သေတ္တာသင်္ဘောလုပ်ငန်းများကဏ္ဍ၊ အခြားဆက်စပ်ကုန်သွယ်မှုနှင့် ပံ့ပိုးမှုကဏ္ဍ စသည့်ကဏ္ဍအသီးသီး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိပါသည်။ သို့မှသာ ကုန်စည်ပို့ဆောင်မှု ကုန်ကျစရိတ်များသက်သာလာကာ နိုင်ငံ၏ထုတ်ကုန်ပစ္စည်းများ အခြား နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မှုအားသာချက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
ယခု Liner Shipping Connectivity Index (LSCI) ကဲ့သို့သော အညွှန်း ကိန်းတွက်ချက်မှုများတွင် မြန်မာနိုင်ငံ၏ရပ်တည်မှုမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်မှလိုက်ရသည့် အနေအထားတွင် ရောက်ရှိလျက်ရှိသည်ကို တွေ့ရပါသည်။ ကဏ္ဍ အလိုက် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်ရန်စဉ်းစားကြသည့်အခါတွင်လည်း အဆိုပါ အညွှန်းကိန်းများ၏ ရမှတ်/အဆင့် တွက်ချက်ဖော်ပြမှုများကို ကြည့်ရှုပြီးဆုံးဖြတ်လေ့ရှိကြပါ သည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဖက်ဖက်မှဆောင်ရွက်နေချိန်တွင် နိုင်ငံ၏အရေး ကြီးသောကဏ္ဍအလိုက် အမှန်တကယ်ကောင်းမွန်အောင်ကြိုးစားတည်ဆောက် ဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့၊ သက်ဆိုင်ရာအညွှန်းကိန်းတွက်ချက်မှုများကိုလည်း နားလည်သိရှိထားရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ကုန်သေတ္တာသင်္ဘောလိုင်းများဖြင့် ပင်လယ်ရေကြောင်းကုန်သွယ် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ အညွှန်းကိန်းဖြစ်သည့် Liner Shipping Connectivity Index (LSCI) အကြောင်းအား လေ့လာစုစည်း မိတ်ဆက်တင်ပြလိုက်ပါသည်။
Credit ; Dr myo,SAD,Myanmar Port Authority