စူးအက်တူးမြောင်းသည် မြေထဲပင်လယ်နှင့် စူးအက်ပင်လယ်ကွေ့ကို ဆက်စပ်ပေးထားပြီး ထိုမှတစ်ဆင့် ဧဒုံပင်လယ် (ပင်လယ်နီ) သို့ ဆက်သွယ်ထားသည့် အီဂျစ်ပြည်ရှိ လူလုပ်တူးမြောင်း ဖြစ်သည်။ စူးအက်တူးမြောင်းသည် ၁၆၃ ကီလိုမီတာ ရှည်လျားကာ အကျယ်အနေဖြင့် အနည်းဆုံး ၆၀ မီတာရှိသည်။
စူးအက်တူးမြောင်းသည် အတ္တလန်တစ် သမုဒ္ဓရာမှ အန္ဒိယ သမုဒ္ဓရာသို့ သွားလာရာတွင် အမြန်ဆုံး ဖြတ်သန်းနိုင်သည့် နေရာဖြစ်သဖြင့် သင်္ဘောများ ကျယ်ပြန့်စွာ အသုံးပြုကြသည်။ သင်္ဘောများထံမှ ကောက်ခံရရှိသည့် အခွန်ငွေမှာ အီဂျစ်နိုင်ငံ၏ အဓိကကျသော ဝင်ငွေတစ်ရပ် ဖြစ်သည်။
မြေထဲပင်လယ်နှင့် အန္ဒိယသမုဒ္ဓရာတို့သည် အကြမ်းဖျဉ်းအားဖြင့် ရေမျက်နှာပြင် အမြင့်တူညီသဖြင့် စူးအက်တူးမြောင်းတွင် ရေတံခါးများမရှိပါ။ ဥရောပနှင့် အမေရိကန် ဆိပ်ကမ်းများမှ အရှေ့တောင်အာရှ၊ အရှေ့အာဖရိက၊ သြစတေးလျနှင့် ပစိဖိတ်သမုဒ္ဓရာအတွင်းရှိ နိင်ငံများ၏ ဆိပ်ကမ်းများသို့ သင်္ဘောများ သွားလာရာတွင် ဖြတ်လမ်းအဖြစ် အသုံးပြုနိင်သည်။ အန္ဒိယမှ ဥရောပသို့ သင်္ဘောများ သွားလာသည့်အခါ စူးအက်တူးမြောင်းမှ ဖြတ်သန်းသွားလာသည့်အတွက် တောင်အာဖရိကရှိ ဂွတ်ဟုတ်အငူ (Cape Good Hope) ကို ဖြတ်သန်းသွားလာရန် မလိုတော့သဖြင့် ကီလိုမီတာ ၇၀၀၀ ခန့် ခရီးတိုတောင်းသွားသည်။
Source : Shipping and logistics