Port News

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ google

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ

 

(၁) သင့်တော်သည့် ကုန်သေတ္တာအမျိုးအစားကို အသုံးပြုပါ။ ကြီးမားလေးလံသော ကုန်ပစ္စည်းကို ထည့်သွင်းမည်ဆိုပါက ထိုကုန်သေတ္တာသည် ယခင်က ထိုသို့သော ကုန်စည်များ ထည့်သွင်းခဲ့ဖူးသော ကုန်သေတ္တာဖြစ်သင့်သည်။ အလေးချိန်ခံနိုင်ရည် ရှိ/မရှိ အလွယ်တကူ စစ်ဆေးနိုင်သော နည်းလမ်းမှာ ကုန်သေတ္တာပေါ်ရှိ CSC (Container Safe Convention) သတ္ထုပြားပေါ်တွင် ဖော်ပြထားသည့် ထည့်သွင်းနိုင်သော အလေးချိန် (weight allowance) ကို ကြည့်ရှုခြင်းဖြစ်သည်။

 

(၂) ကုန်ပစ္စည်းထည့်သွင်းပြီးနောက် နှောင်ကြိုးများချည်နှောင်ခြင်း၊ ကြမ်းခင်းများ ထားရှိခြင်း၊ အသုံးပြုသော နည်းလမ်းသည် ကုန်ပစ္စည်းရွေ့လျားမှု မဖြစ်ပေါ်စေရန် လုံလောက်မှုရှိစေခြင်း စသည့် အချက်များကို ဂရုတစိုက် ဆောင်ရွက်သင့်ပါသည်။ အကယ်၍ မိမိ၏ဆောင်ရွက်ချက်မှာ လုံလောက်မှုရှိကြောင်း မသေချာပါက အကောင်းဆုံး နည်းလမ်းကို အကြံပြုပေးနိုင်မည့် ကုန်ပစ္စည်း စစ်ဆေးသူတစ်ဦးထံမှ အကူအညီရယူပါ။

 

22815438_1466358803484744_3105396843262283797_n.jpg

 

(၃) ထုပ်ပိုးသည့်အခါတိုင်း SOLAS VGM သတ်မှတ်ချက်ကို လိုက်နာဆောင်ရွက်ပါ။ SOLAS VGM ဆိုသည်မှာ Safety Of Life At Sea Convention အရ Verified Gross Mass ကို ဆိုလိုခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် အသက်အန္တရာယ်မဖြစ်ပေါ်စေရေး (သင်္ဘောများ လိုက်နာဆောင်ရွက်ရမည့်) ကွန်ဗင်းရှင်းအရ ကုန်သေတ္တာအတွင်း သတ်မှတ်ခွင့်ပြုသည့် ကုန်ပစ္စည်း ပမာဏကို သာထည့်သွင်း၍ မှန်မှန်ကန်ကန် ဖော်ပြခြင်းဖြင့် သင်္ဘောများ ပင်လယ်ပြင်တွင် အန္တရာယ် ကင်းရှင်းစေရန် သတ်မှတ်ထားခြင်းဖြစ်ပါသည်။

 

(၄) လမ်းခရီးတွင် ကုန်သေတ္တာအတွင်းရှိ ကုန်ပစ္စည်းများရွေ့လျားမှု မရှိစေရန် ကြမ်းခင်းတွင် သစ်သားတုံးများဖြင့် ထိန်းချုပ်ထား သင့်ပါသည်။ ကုန်ပစ္စည်းကို ကုန်သေတ္တာအတွင်း ထည့်သွင်းရာတွင် အခြား စဉ်းစားသင့်သည့် အချက်များမှာ-

 

• ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းထည့်သွင်းထားသိုမည့် အစီအစဉ် (stowage) ကို ရေးဆွဲခြင်း

 

• ကုန်သေတ္တာတွင်ဖော်ပြထားသည့် သတ်မှတ်ခွင့်ပြုအလေးချိန်ထက် ကျော်လွန် ထည့်သွင်းမှု မပြုခြင်း

 

• ထည့်သွင်းသည့် ကုန်ပစ္စည်း၏အလေးချိန်ကို မှန်ကန်စွာ ကြေညာခြင်း

 

• ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းအလေးချိန် ညီညာစွာ သက်ရောက်စေရန် ထည့်သွင်းခြင်း

 

• လေးလံသည့်ပစ္စည်းများကို အစွန်းတစ်ဖက်တွင် ထည့်ခြင်းကို ရှောင်ရှားခြင်း

 

• အလေးလံဆုံးပစ္စည်းကို တည်ငြိမ်မှုအရှိဆုံးနေရာတွင် ထားရှိခြင်း

 

• စက္ကူပုံး၊ သစ်သားပုံးများကို လေးလံသောအရာများပေါ်တွင် ထားရှိခြင်း

 

• အတူထားရန် မသင့်တော်သည့် ပစ္စည်းများကို ရောနှောထားရှိမှု မပြုခြင်း (ဥပမာ ဓါတုဗေဒ ပစ္စည်းများနှင့် အဝတ်အထည်များ)

 

• ယိုစိမ့်နိုင်သည့်ပစ္စည်းများကို အခြားပစ္စည်းများ၏ အပေါ်တွင် ထားရှိခြင်းကို ရှောင်ရှားခြင်း

 

• အန္တရာယ်ရှိကုန်ပစ္စည်းများကို လမ်းညွှန်ချက်များနှင့် အညီ ထုပ်ပိုးခြင်း

 

22788745_1466359186818039_2087121083376726124_n.jpg


Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)