BOT စနစ်ဖြင့် စင်္ကာပူနိုင်ငံမှ ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင်သည့်နေရာ တည်ဆောက်ခြင်း လုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် (၆/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ခဲ့ပြီး အဆိုပါလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ (၂၉၀ ဒသမ ၁၂၄) သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၁၇၆) ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်(၈)ဦး တက်ရောက်ခဲ့ကြောင်း သိခဲ့ရပါတယ်။
Source : Dica