Port News

သင်္ဘောဆိပ်ကမ်း ဝန်ဆောင်မှု

သင်္ဘောဆိပ်ကမ်း ဝန်ဆောင်မှု google

ဆိပ်ကမ်းဝန်ဆောင်ရာ ဆိုသည်မှာ နိုင်ငံအစိုးရ (သို့) အာဏာပိုင်အဖွဲ့ အစည်းမှ သတ်မှတ်ထားသည့် သင်္ဘောနှင့်ဆိပ်ကမ်း ဆက်စပ်စေသည့်နေရာကိုဆိုလိုသည်။ ဤတွင်ကျောက်ချစခန်းများ၊ ကမ်းကပ်ရန် စောင့်ဆိုင်းနေရာများနှင့် ပင်လယ်ဘက်မှ ချည်းကပ်ရာ လမ်းကြောင်း ကဲ့သို့သော နေရာများ ပါဝင်သည်။

 

သင်္ဘောနှင့်ဆိပ်ကမ်းဆက်စပ်ခြင်း ဆိုသည်မှာ လူနှင့်ကုန်ပစ္စည်း၊ ရိက္ခာများကို တင်ချရာတွင် သင်္ဘောနှင့် တိုက်ရိုက် နှီးနွယ်၍ အပြန်အလှန်ဆက်သွယ်ခြင်းကို ဆိုလိုသည်။

 

သင်္ဘောချင်းကပ်ဆောင်ရွက်ခြင်း ဆိုသည်မှာ ဆိပ်ကမ်းဝန်ဆောင်ရာနှင့် ပတ်သက်မှုမရှိပဲ သင်္ဘောတစ်စီးမှ တစ်စီး လူ(သို့)ကုန်များ လွှဲပြောင်းခြင်းကို ဆိုလိုသည်။

 

ဆိပ်ကမ်းလုံခြုံရေးအရာရှိ ဆိုသည်မှာ ဆိပ်ကမ်းလြုံခုံရေးစီမံချက်အား ရေးဆွဲအကောင်အထည်ဖော်၊ မွမ်းမံ၍ ထိန်းသိမ်းလိုက်နာ ဆောင်ရွက်ရန် ကုမ္ပဏီလုံခြုံရေးအရာရှိ ၊သင်္ဘောလုံခြုံရေး အရာရှိတို့ နှင့် ပူပေါင်းဆောင်ရွက်ရန် ခန့်အပ်ထားသူကို ဆိုလိုသည်။

 

အာဏာပိုင်အဖွဲ့ အစည်းဆိုသည်မှာ ရေကြောင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ဆိပ်ကမ်းဝန်ဆောင်ရာ လုံခြုံရေး နှင့် ဆိပ်ကမ်းနှင့်သင်္ဘော ဆက်စပ်သည့်အခါ ဆိပ်ကမ်းလုံခြုံရေးဘက်မှ ရှုမြင်သော အစိုးရမှသတ်မှတ် တာဝန်ပေးထားသော အဖွဲ့အစည်း ဖြစ်သည်။

 

Y.Z.B.B

 

Myanmar Logistics Guide

 

 

 V

 

 

Read times
Rate this item
(1 Vote)