Port News

ကုန်းတွင်းဆိပ်ကမ်းတစ်ခု၏ ခင်းကျင်းမှုပုံစံ

ကုန်းတွင်းဆိပ်ကမ်းတစ်ခု၏ ခင်းကျင်းမှုပုံစံ google

ကုန်းတွင်းဆိပ်ကမ်းတစ်ခု၏ ခင်းကျင်းမှုပုံစံသည် ရရှိသည့် နေမြေရာ အကျယ်အဝန်း၊ ပုံသဏ္ဍာန်၊ ရည်ရွယ်ထားသည့် ကုန်စည်ပမာဏ၊ ဆက်စပ်မှုရှိသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းတို့အပေါ် မူတည်၍ အပြောင်းအလဲများစွာလဲ ရှိပါတယ်။ ပုံတွင်ဖော်ပြထားသည့် ခင်းကျင်းမှုပုံစံမှာ ရထားပို့ဆောင်ရေးလမ်းကြောင်းကို အခြေခံ၍ တည်ဆောက်ထားသည့် ပုံစံတခုပဲ ဖြစ်ပါတယ်။

 

အထက်ပါပုံတွင် ဖော်ပြထားချက်အရ လုပ်ငန်းဆောင်ရွက်မှုပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

• သွင်းကုန်ပို့ကုန်ပစ္စည်းများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် ကုန်သေတ္တာကိုင်တွယ်ရန် gantry crane များ၊ ကုန်သေတ္တာမသည့် ဝန်မယာဉ်( reach stackers)၊ ကုန်သေတ္တာများကို တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းပေးရန်( tractor-trailer) ယာဉ်နှင့်နောက်တွဲများစသည့် စက်ယန္တရားများကိုလည်း ကုန်သေတ္တာလွင်ပြင်အတွင်း တာဝန်ချထားပါတယ်။

 

• ကုန်သေတ္တာတင်ယာဉ် သို့မဟုတ် ကုန်တင်ယာဉ်များသည် တံခါးမ(ဂိတ်)မှ ဝင်ရောက်၍ ပို့ကုန်များကို လွင်ပြင်အတွင်း ချထားခြင်း၊ သွင်းကုန်များကို ထုတ်ယူ၍ ကားပေါ်တင်ခြင်း တို့ကို ဆောင်ရွက်ပြီးနောက် ဂိတ်မှ ပြန်လည်ထွက်ခွာသွားပါတယ်။

 

• ကုန်သေတ္တာလွင်ပြင်သည် ကုန်ပစ္စည်းထည့်သွင်းထားသော ကုန်သေတ္တာများ၊ ကုန်သေတ္တာ အခွံလွတ်များ၊ အအေးခံကုန်သေတ္တာ၊ အန္တရာယ်ရှိကုန်ပစ္စည်း ထည့်သွင်းထားသည့် ကုန်သေတ္တာများ၊ အမိုးဖွင့်ကုန်သေတ္တာများ စသည့် အထူးကုန်သေတ္တာများ ထားရှိရန်အတွက် သီးခြားနေရာများခွဲခြားသတ်မှတ်ကာ ကုန်သေတ္တာများကို ထားသိုပါတယ်။

 

• ကုန်းတွင်းဆိပ်ကမ်းဝင်းအတွင်း ကုန်သေတ္တာ၊ ကုန်သေတ္တာပစ္စည်း သိုလှောင်ရုံ တို့အပြင် ရုံးလုပ်ငန်းဆောင်ရွက်ရန် အဆောက်အဦး၊ စက်ယန္တရားများ ပြုပြင်ထိန်းသိမ်းရေးအတွက် အလုပ်ရုံ၊ လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်သည့် ထိန်းချုပ်ခန်း၊ လူ၊ မော်တော်ယာဉ်နှင့် ရထားများ ဝင်/ထွက်ရာတွင် လုံခြုံရေးစိစစ်သည့် တံခါးပေါက်များ ပါဝင်ပါတယ်။

 

• ကုန်းတွင်းဆိပ်ကမ်းတစ်ခုတွင် ကုန်းလမ်းနှင့် ရထားလမ်းနှစ်ခု ဆုံတွေ့သည့်နေရာဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုရှုထောင့်မှ ကြည့်ပါက တစ်ခုနှင့်တစ်ခု အနှောက်အယှက် မဖြစ်ပေါ်စေရန် ဝင်ပေါက်များကို သီးခြားစီခွဲခြားထားသင့်ပါတယ်။ သို့မှသာလျှင် ရထားတွဲများ လမ်းလွှဲလမ်းပြောင်းလုပ်ခြင်း (shunting)နှင့် အဝင်အထွက်များတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်မည်လဲ ဖြစ်ပါတယ်။

 

• ကုန်သေတ္တာပစ္စည်းသိုလှောင်ရုံ (container freight station - CFS) သည် ပို့ကုန် ကုန်ပစ္စည်းများကို စုစည်းကာထုပ်ပိုးခြင်း၊ ကုန်သေတ္တာအတွင်းသို့ ထည့်သွင်းခြင်း၊ အစုစပ် ကုန်သေတ္တာများအတွင်းမှ ကုန်ပစ္စည်းများကို ထုတ်ယူကာ ကုန်ပိုင်ရှင် တစ်ဦးချင်းစီ အလိုက် ခွဲခြားထားပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာ နေရာဖြစ်သည့်အပြင် သွင်းကုန်/ ပို့ကုန်ပစ္စည်းများအတွက် အကောက်ခွန်စစ်ဆေးမှုခံယူသည့် နေရာလည်း ဖြစ်ပါတယ်။

 

ကားများနှင့် ရထားတွဲများသည် ကုန်သေတ္တာများ ထားသိုသည့် နေရာတွင် လမ်းကြောင်းတစ်ခုနှင့် တစ်ခု ဖြတ်သန်းခြင်းမရှိသည့်အတွက် အနှောက်အယှက်ကင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်မည်ပင် ဖြစ်ပါတယ်။

 

Myanmar Logistics Guide

 



Read times
Rate this item
(1 Vote)