ခရီးစဉ်ဖြင့် သင်္ဘောငှါးစာချုပ် အရ၊ သင်္ဘောပိုင်ရှင် (သို့) သယ်ဆောင်သူသည်ကုန်စည်သယ်ဆောင်ပေးရန်တာဝန်ကို ထိုက်သင့်သော အချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ပးရပါမည်။ စာချုပ်တွင်အချိန်ကာလက်ု သတ်မှတ် ဖော်ပြထားခြင်း မရှိလည်း ၊ ထိုက်သင့်သော အချိန်အတွင်း သင်္ဘောသည် ကုန်တင်ခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်း၊ ကုန်ချခြင်းတို့ကို ပြီးစီးအောင်ဆောင်ရွက်ပေးရန် သွယ်ဝိုက်တာဝန် (implied undertaking) ရှိပါသည်။
အချိန်ဖြင့်ငှါးသော သင်္ဘော ငှါးစာချုပ်တွင်လည်း အလားတူပင် မာလိန်မှုး အနေဖြင့် သင်္ဘော ငှါးရမ်းသူက စေလွတ်သော ခရီးစဉ်များကို အတတ်နိုင်ဆုံးမောင်းနှင်ပို့ဆောင် (utmost dispatch )ပေးလိမ့်မည်ဟု မျှော်လင့်ထားကြပါသည်။(Baltime Charter party, clause 9 )။ထိုကဲ့သို့ ထိုက်သင့်သော အချိန်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ပေးရမည့်တာဝန်မှာ၊ သင်္ဘော ငှါးစာချုပ်များတွင်သာမကဘဲ၊ အခြားသောသဘောတူ ပဋိညာဉ် အားလုံးတွင်ပါ အလားတူ ဖြစ်ပါသည် ။ သို့သော် ကြန့်ုကာနှော့်နှေးမူ သည်၊ ရှောင်လွဲ၍မရနိုင်ဘဲ၊ မိမိအနေဖြင့်ထိန်းချုပ်နိုင်ခြင်း မရှိသော အကြောင်း တရားများကြောင့် ကြန့်ကြာခြင်းဖြစ်ပါက၊ တာဝန် ချိုးဖောက်ခြင်းမဖြစ်ပါ။
စာချုပ်ပါ စည်းကမ်းချက်များကိုချိုးဖောက်ပါက၊ စည်းကမ်း ချက်အဆင့်အတန်း အလိုက်ချိုးဖောက်သူအနေဖြင့်၊ တစ်ဖက်နစ်နာသူက စာချုပ်ကိုဖျက်သိမ်း၍ လျော်ကြေး တောင်းခြင်း၊ နစ်နာကြေး တောင်းဆိုခြင်းများကို ခံရပါမည်၊ စာချုပ် ပါ စည်းကမ်းချက် အဆင့်အတန်းကို( ၃) မျိုးခွဲခြားထားပါသည်။ Condition ၊ Warranty နှင့် Innominate terms တို့ ဖြစ်ပါသည်။
(၁) Conditions:- သတ်မှတ်ချက် (condition)ဟူသည်ပဋိညာဉ်၏ အဓိကကိစ္စအတွက် အရေးကြီးသောစာချုပ်စည်းကမ်းချက်များဖြစ်ပြီး၊ ဤစည်းကမ်းမျိုးကိုချိုးဖောက်ပါက ၊ တစ်ဖက်နစ်နာသူက စာချုပ်ကိုငြင်းပယ်ဖျက်သိမ်း နိုင်ပြီး ၊ လျော်ကြေး တောင်းနိုင်ပါသည်။ conditions တွင် အကျုံးဝင် သောစည်းကမ်းချက် နမူနာ အချို့ မှာ-
(က) သင်္ဘော ကိုလမ်းကြောင်းသွေဖီ၍ မောင်းနှင်ခြင်း (Deviation)
(ခ) သတ်မှတ်ရက် နောက်ဆုံး နေ့အထိ ကုန်တင်ရန် ဆိပ်ကမ်း သို့မရောက်ခြင်း၊ (Laydays)
(ဂ) အန္တာရယ် ရှိသော ( သို့ ) တရားမဝင်သော ကုန်ပစ္စည်း တင်ဆောင်ခြင်း၊
(၂) Warranty - အာမခံချက် (warranty)ဟူသည်ပဋိညာဉ်၏အဓိကကိစ္စနှင့်သွယ်ဝိုက်၍ ဆက်စပ်လက်ရှိအသေးအမွှားစာချုပ် စည်းကမ်း များဖြစ်ပြီး ၊ ဤစည်းကမ်းမျိုးကိုချိုးဖောက်ပါက၊ နစ်နာသူအနေဖြင့် တစ်ဖက်သတ် စာချုပ်ကိုငြင်းပယ် ဖျက်သိမ်း၍ မရဘဲ ၊ နစ်နာကြေး (damage) သာတောင်းယူနိုင်ပါသည်။ သို့သော် ရေကြောင်း အာမခံတွင်မူ Warranty ကိုအရေးကြီးသောစည်းကမ်း သတ်မှတ်ချက်condition အဖြစ်မှတ်ယူပါမည်။
(၃) Innominate or intermediate term ဆိုသည်မှာ condition လား Warranty လားဆိုတာ တိတိကျကျ သတ်မှတ် ၍မရဘဲ စည်းကမ်း ချိုးဖောက်မှုကြောင့် အကျိုးသက်ရောက်မှုသည် တစ်ဖက်ချိုးဖောက်ခံရသူအပေါ် ဘယ်လောက် ဆုံးရှုံး နစ်နာ ဖြစ်စေ သလဲဆိုတာအပေါ်မူတည်၍ ဆုံးဖြတ်ရသောစည်းကမ်းချက်များဖြစ်ပါသည်။ Innominate term ကိုချိုးဖောက်သဖြင့် တစ်ဖက်နစ်နာသူ အနေဖြင့် ဘယ်လောက် ဆုံးရှုံး နစ်နာ သလဲပေါ်မူတည်ပါတယ်။ ချိုးဖောက် ခံရသူအနေဖြင့် စာချုပ် အရ ရရှိရန် မျှော်မှန်းထားသည့် အကျိုးအမြတ် အခွင့်အလမ်း တော်တော် များများ လက်လွတ် ဆုံးရှုံး ပါက ၊ Condition ဟုသတ်မှတ်ပြီး၊စာချုပ်ကိုငြင်းပယ်ကာ လျော်ကြေး တောင်းဆိုနိုင်ပါသည်။ ချိုးဖောက်ခံရသူ၏ ဆုံးရှုံး မူသည် နစ်နာကြေးပေးလိုက်ရုံဖြင့်ပြေလည်နိုင်ပါက၊ Warranty ဟုသတ်မှတ်ပါသည်။
စာချုပ် ကိုငြင်း ပယ်ဖျက်သိမ်း၍ မရဘဲဆက်လက်အကောင်အထည်ဖော်ရပါမည်။ နမူနာအနေဖြင့် The Hong Kong Fir Shipping Co v. Kawasaki Kisen Kaisha (၁၉၆၂) အမှုတွင် သင်္ဘောကို အချိန်ဖြင့် ၂နှစ် ငှါးရမ်းခဲ့ပြီး၊ ၆လ အကြာတွင် သင်္ဘော အင်ဂျင်ပျက်သဖြင့်ပြန်လည်ပြင်ဆင်ချိန် (၂) လကျော်ကြာခဲ့သောကြောင့်၊ သင်္ဘော ငှါးရမ်း သူက၊ စာချုပ် ကိုဖျက်သိမ်းခဲ့ပါသည်။
အယူခံတရားရုံးက ဆုံးဖြတ်ပေးခဲ့သည်မှာ အချိန်( ၂) လခွဲသည် ငှါးရမ်း ချိန် ( ၂)နှစ် နှင့်နှိုင်းယှဉ်ပါသည် အလွန်ကြာမြင့်သည်ဟု မမှတ်ယူဘဲ ၊ငှါးရမ်းသူကို နစ်နာကြေး ပေးပြီး သင်္ဘောငှါး စာချုပ်ကိုငြင်းပယ်၊ ဖျက်သိမ်းခွင့်မပြု ဘဲ၊ ဆက်လက်ငှါးရမ်းစေရန်ဆုံးဖြတ်ပါသည်။
Innominate term တွင်အကျုံးဝင်သောစည်းကမ်းများမှာ-
(က) သင်္ဘော ပင်လယ်ပြင် သွားရန်သင့်တော်ကြံခိုင်မှု (Seaworthiness)
(ခ)သင်္ဘော၏ ကုန်တင်နိုင်မှု၊ ကုန်ဆန့်မှု ပမာဏ ဖော်ပြချက် (carrying capacity)
(ဂ) သင်္ဘောဌားစာချုပ်တွင် သင်္ဘော ၏ အရှိန်နှင့် ဆီစားနူန်းဖော်ပြချက် (speed and consumption)၊
ပဋိညာဉ်စာချုပ်စည်းကမ်းများတွင် မည်သည့်စည်ကမ်းသည် သတ်မှတ်ချက်၊ မည်သည့် စည်းကမ်းသည် အာမခံချက်ဖြစ်သည်ဟု ဥပဒေတွင်တိတိကျကျ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ကုန်စည်ရောင်းချရေးအက်ဥပဒေ ပုဒ်မ ၁၂ နှင့် ၁၃ တွင် သတ်မှတ်ချက် (condition) နှင့် (Warranty) အာမခံချက်ကို တိတိကျကျ ဖော်ပြထားပါတယ်။ ယခုဖော်ပြခဲ့သည်များမှာ သင်္ဘောဌားစာချုပ်(charter party) နှင့်စပ်လျဉ်း၍ ဖော်ပြခြင်းဖြစ်ပါတယ်။
သင်္ဘော ကုန်တင်တန်ဆာ (Bill of Lading) နဲ့ ပါတ်သက်လို့် Hague Rules ( သို့) Hague Visby Rules မှာတော့ နှောင့်နှေး ကြန့်ကြာမှုအတွက် ပြဋ္ဌာန်း ချက်မရှိပါဘူး၊ ဒါပေမဲ့ Hamburg Rule, Article 5(2)မှာတော့ နှောင့်နှေး ကြန့်ကြာမှု ကြောင့် ဆုံးရုံ့းမှု၊ ပျက်စီးမှုအတွက် carrier ပေးလျော်ရန် တာဝန် ရှိကြောင်း ပြဋ္ဌာန်း ထားပါတယ်။ Hamburg rule, Article 6(1)(a) မှာတော့ လျော်ကြေး အဖြစ် နှောင့်နှေး ကြန့်ကြာတဲ့ကုန်စည်အတွက် သင်္ဘောခ၏ ၂ဆခွဲ ပေးလျော့ဖို့ပြဋ္ဌာန်းထားပါတယ်။
ကြန့်ုကာမူ ကြောင့်ကုန်စည်ပျက်စီးယိုယွင်းကာ ဆုံးရှုံး မှုအတွက် Hamburg Rules, Article 5(1) မှာ Carrier (သို့) သူရဲ့ ဝန်ထမ်း၊ (သို့) ကိုယ်စားလှယ်က ထိုကဲ့သို့ ပျက်စီး မှု၊ ဆုံးရှုံး မှု၊ ကြန်ကြာမှု တို့ကိုဖြစ်စေတဲ့ အဖြစ်အပျက်ကို၊ မဖြစ်အောင် ထိုက်သင့်သော စီမံဆောင်ရွက်မှု အားလုံး ကိုလုပ်ဆောင်ခဲ့ပါကြောင်း သက်သေ မပြနိုင်ပါက လျော်ပေးရန် တာဝန် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ကြန့်ုကာမူ ကြောင် နောက်ဆက်တွဲ အနေနဲ့စီးပွားရေး အရ ဆုံးရှုံးမှု(consequential or Economic loss)၊ဥပမာ နောက်ကျ မှဈေးကွက်ရောက်လာလို့၊ ဈေးကျတာ၊ ဖောက်သည်တွေနဲ့မိတ်ပျက်တာ၊ ရာသီ ကုန်ဆိုရင် ရာသီ ချိန်ကျော်သွားလို့ဝယ်သူမရှိတော့တာ ၊ တွေနဲ့ ပါတ်သက်ပြီး Hagueနှင့် Hague/Visby Rules (၂)ခုမှာတော့ ရှင်းလင်းစွာမဖော်ပြထားပါဘူး။
အချို့ နိုင်ငံတွေမှာတော့ စီးပွားရေး အရ ဆုံးရှုံးမှုတွေကိုပါ Carrier ထံက ပြန်အလျော် ရနိုင်တယ် လို့ပြဋ္ဌာန်းထားပါတယ်။ ဥပမာ Swedish Maritime Code ၏ Art 130 နှင့် USSR နိုင်ငံ ၏ Merchant Shipping Code Art 149 တို့ဖြစ်ပါတယ်။Carrierd များအနေဖြင့်နောက်ကျမှုကြောင့် လျော်ပေးရန်တာဝန်ရှိလာနိုင်မှုကို ကုန်တင်တန်ဆာ နှင့် charter party တို့တွင် exclusion clause, liability clause များထည့်သွင်း၍ တာဝန်မှရှောင်ထွက်နိုင်မှုကို ဆက်လက်ဖော်ပြပါမည်။
Source : Thant Zin