Port News

သ​င်္ဘော အရှိန်​​လျော့ ​မောင်းခြင်း (Slow Steaming)

သ​င်္ဘော အရှိန်​​လျော့ ​မောင်းခြင်း (Slow Steaming) google

သ​င်္ဘော ​တွေရဲ့ အလျင်​ (Velocity)ကို တင်​တာနဲ့ အမျှ ​လောင်​စာဆီကလည်း​ဆတိုးပြီး ပိုကုန်​ပါတယ်​။ သ​င်္ဘော ​မောင်း​လောင်​စာဆီ ​ဈေး​တွေဟာ ၂၀၀၅ ခုနစ်​က စပြီးတက်​လာတာပါ။ Rotterdam 380 centistroke အတန်း​အစား ဆီဟာ ၂၀၀၀ခုနှစ်​ မှာတစ်​တန်​ကို ၁၃၈.၄ ​ဒေါ်လာ က​နေ ၂၀၀၇ တွင်​ တစ်​တန်​ကို ၆၃၉.၆ ​ဒေါ်လာ အထိ ၄ဆ​ကျော်​တက်​လာပါသည်​။ 

 


၂၀၀၈ အထိ သ​င်္ဘောခ​တွေ ​ဈေး​ကောင်းရ​နေလို့​လောင်စာဆီ​ဈေးတက်​​ပေမယ့်​လည်း၊ သ​င်္ဘောကို အရှိန်​​လျော့​မောင်​ခြင်း မလုပ်​ကြပါဘူး။ သ​င်္ဘောခက ကိုက်​​နေသ​ရွေ့ ရသ​လောက်​ဆွဲကြပါတယ်​။ ၂၀၀၈ ခုနှစ်​ ကမ္ဘာ စီးပွား​ရေး ပျက်​ကပ်​​ကြောင့်​ သ​င်္ဘော ခ​ဈေး​တွေအလွန်​ကျ ​သော်​လည်း၊ ဆီ​ဈေးကလည်း မကျတာ​ကြောင့်​ သ​င်္ဘောလိုင်း​တွေ အ​နေဖြင့်​ ဆီကုန်​သက်​သာ​အောင်​၊ အရှိန်​​လျော့ ​မောင်း (Slow Steaming) လာကြတာ ယ​နေ့ အချိန်​အထိပါဘဲ။

 

နောက်​ပိုင်​​လောင်​စာဆီး​ဈေး တစ်​တန်​ကို ​ဒေါ်လာ ၃၀၀ ​အောက်​ အထိပြန်​ကျလာ​သော်​လည်း အရှိန်​​လျော့​မောင်းခြင်းဟာ ကုန်​​သေတ္တာ သ​င်္ဘောလိုင်း​တွေအတွက်​ ပုံမှန်​လိုဖြစ်​​နေပါပြီ။ ၂၀၁၅ ဇန်​န၀ါရီလမှာ IFO 380 centistroke အတန်းအစား​လောင်​စာဆီဟာ တစ်​တန်​ကို ၂၄၆ ​ဒေါ်လာဘဲ ရှိပါ​တော့တယ်​။

 

ကုန်​​သေတ္တာ သ​င်္ဘောကြီး​တွေရဲ့ ပုံမှန်​ အရှိန်​ဖြင့်​​မောင်းနှင်​မှု (normal steaming) မှာ တစ်​နာရီ ကို ​ရေမိုင်​ ၂၃ မိုင်​မှ ၂၅ မိုင်​အတွင်းဖြစ်​ပါတယ်​။ အရှိန်​​လျော့​မောင်း (slow steaming) ပါက တစ်​နာရီ ​ရေမိုင်​ ၁၈မိုင်​ မှ မိုင်​ ၂၀ အတွင်း ဖြစ်​ပါတယ်​။ အလွန်​အရှိန်​​လျော့​မောင်း(Ultra slow steaming) ပါက တစ်​နာရီကို ​ရေမိုင်​ ၁၅မိုင်​မှ ၁၇မိုင်​အတွင်း​မောင်းကြပါတယ်​။ ပုံမှန်​ အရှိန်​ဖြင့်​​မောင်း(normal steaming) ပါကTEU 10000 အထက်​ ကုန်​​သေတ္တာ သ​င်္ဘော ကြီးတစ်​စီးဟာ တစ်​​နေကို ​လောင်​စာဆီ ၂၂၅ တန်​မျှ ဆီစား​သော်​လည်း၊ အရှိန်​​လျော့မောင်းပါက(slow steaming) တစ်​​နေ့ ၁၂၅တန်​ မှ တန်​၁၇၅ အတွင်း ဆီစားပါတယ်​။ အကယ်​၍ အလွန်​အရှိန်​​လျော့​မောင်းပါကတစ်​ရက်​ ၁၀၀ ထက်​နည်းပြီးဘဲ ဆီစားပါတယ်​။


ဒါ​ကြောင့်​ YEU 10,000 ဆန့်​ ကုန်​​သေတ္တာ သ​င်္ဘောတစ်​စီးဟာ အာရှ- ဥ​ရောပ လမ်း​ကြောင်းတွင်​အသွားအပြန်​တစ်​​ခေါက်​ အလွန်​အရှိန်​​လျော့​မောင်းပါက (တစ်​နာရီ ​ရေမိုင်​ ၁၇မိုင်​နူန်းဖြင့်​) စုစု​ပေါင်း​ကြာချိန်​ရက်​ ၇၀ တွင်​၊ ဆိပ်​ကမ်းများ၌ ကုန်​တင်​/ကုန်​ချရန်​ ကြာချိန်​ ၁၂ ရက်​နုတ်​လိုက်​ပါက ပင်​လယ်​ပြင်​တွင်​ သ​င်္ဘော ခုတ်​​မောင်း ချိန်​ ၅၈ ရက်​×သက်​သာ​သော်​​လောင်​စာဆီ တစ်​ရက်​ကို ပျှမ်းမျှ ဆီတန်​ ၇၅× တစ်​တန်​ ယ​နေ့​ပေါက်​​ဈေး $၄၅၀ ဆိုပါက ဆီဖိုး ၁.၈ သန်း​ကျော်​သက်​သာသွားပါမယ်​။

 

Source : Thant Zin

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)