Port News

အိန္ဒိယက ရန်ကုန်တွင် ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်နိုင်သည် ဆိပ်ကမ်း ရှေ့လ၌ တည်ဆောက်မည်

အိန္ဒိယက ရန်ကုန်တွင် ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်နိုင်သည် ဆိပ်ကမ်း ရှေ့လ၌ တည်ဆောက်မည် google

အိန္ဒိယနိုင်ငံ၏ ဆိပ်ကမ်းတည်ဆောက်မှုတွင် အကြီးဆုံးကုမ္မဏီဖြစ်သည့် Adani Ports and Special Economic Zone (APSEZ) က ရန်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံ၍ ကုန်သေတ္တာတင် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကို ဇွန်လတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း Indiatimes သတင်းဖော်ပြချက်အရ သိရပါတယ်။

 

အဆိုပါ စီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်မှုပထမအဆင့်ကို ရှေ့လတွင်စတင်မည်ဖြစ်ကာ ၂၀၂၁ ပြည့်နှစ် ဇွန်လတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိခဲ့ရပါတယ်။ စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိထားပြီး စီမံကိန်းကို B.O.T စနစ်ဖြင့် နှစ် ၅၀ လုပ်ဆောင်ခွင့်ရရှိကာ ဆယ်နှစ်သက်တမ်း နှစ်ကြိမ်သက်တမ်းတိုးခွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။

 

“အိန္ဒိယရဲ့ အပြင်ဘက်ကို ထွက်ပြီး အိန္ဒိယကုမ္ပဏီအနေနဲ့ ပထမဆုံး ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းကို တည်ဆောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီဆိပ်ကမ်း တည်ဆောက်မှုကနေ ပြည်တွင်းက လုပ်သား ၁၁၀၀ လောက် ကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မှာဖြစ်ပါတယ်”ဟု APSEZY အမှုဆောင်အရာရှိချုပ် နှင့် ညွှန်ကြားရေးမှုး ကာရန်အဒါနီက ပြောခဲ့ပါတယ်။

 

စီမံကိန်း ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၃၀ ခန့်မျှော်မှန်းထားပြီး ဒုတိယအဆင့်အတွက် အမေရိ ကန်ဒေါ်လာ သန်း၆ဝ ကုန်ကျရန်မျှော်မှန်းထားကြောင်း သိရသည်။ ဆိပ်ကမ်းအနေဖြင့် အလျား ၆၃၅ မီတာရှည်လျားမည်ဖြစ် ပြီး သင်္ဘောသုံးစင်းတစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်မည် ဖြစ်ကြောင်းသိခဲ့ရပြီး အဆိုပါဆိပ်ကမ်းကို အိန္ဒိယ၏ အရှေ့ နှင့် တောင်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆိပ်ကမ်း၊ ဆိပ်ခံတံတားများနှင့်လည်း ပေါင်းစပ်သွားမည်ဖြစ်ကြောင်း သိရှိထားခဲ့ပါတယ်။

 

Source : ပြည်မြန်မာ

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)