Port News

သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်

သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ် google

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း၌ နိုင်ငံတကာ အဆင့်မီ အထွေထွေ ကုန်စည်နှင့် ကုန်သေတ္တာတင်/ချ ဆိပ်ကမ်းသစ် (TMIT) ဖွင့်လှစ်ခြင်းနှင့် ကုန်သေတ္တာဖြင့်မဟုတ်သော စိုက်ပျိုးရေးထွက် ကောက်ပဲ သီးနှံ ကုန်စည်များ သင်္ဘောအစင်းလိုက် ကုန်စည်တင်/ချ ဆိပ်ကမ်းသစ် (IBTT) ၏ အကြို ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆိပ်ကမ်းနေရာများ၌ ကျင်းပခဲ့ပါတယ်။

 

TMIT ( Thilawa Multipurpose International Terminal) ဆိပ်ခံတံတားအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ရန်ကုန်တိုင်းဒေသကြီး အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရူရာမ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၊ ဂျပန်ကုမ္ပဏီ Kamigumi ဥက္ကဋ္ဌ မစ္စတာမာဆာမီကူဘိုတို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ၊ ဂျပန်သံအမတ်ကြီး မစ္စတာ မာရူရာမ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ကြပါတယ်။

 

“ကျွန်တော်တို့ ဒီဆိပ်ခံတံတားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဂျပန် ODA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီကနေ့အခမ်းအနားကတော့ ဆိပ်ကမ်းလုပ်ကိုင်ခွင့်တင်ဒါအောင်ခဲ့တဲ့ ဂျပန် ကုမ္ပဏီအုပ်စုက TMIT ဆိပ်ခံတံတားအမည်နဲ့ ဆိပ်ကမ်းလုပ်ငန်းများစတင်ဆောင်ရွက်ခြင်းအခမ်းအနားဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာ မျိုးငြိမ်းအေးက ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က Kamigumi ကုမ္ပဏီနှင့်ပူးပေါင်းအဖွဲ့အား ယင်းဆိပ်ခံတံတားကို လုပ်ငန်းလုပ်ကိုင်ခွင့် Concession Agreement ဖြင့် ၃၈ နှစ်ပေးထားကြောင်း သိခဲ့ရပါတယ်။

 

အဆိုပါဆိပ်ခံတံတားသည် အလျားမီတာ ၂၀၀ ရှိပြီး တစ်နှစ်လျှင် ကုန်သေတ္တာလုံးရေ ၂၄၀၀၀၀ TEU ကို ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကရိန်းနှစ်ခုဖြင့် တစ်ပြိုင်တည်း တင်ချနိုင်မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်း အကျယ်အဝန်းမှာ စတုရန်းမီတာ ၁၆၅၇ဝဝ ရှိကြောင်းသိရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဂျပန်သံအမတ်ကြီးတို့သည် TMIT ဆိပ်ခံတံတားနှင့်ကပ်လျက်တည်ရှိသော IBTT ဆိပ်ခံတံတား၏ Soft Opening Ceremony ဖွင့်ပွဲ အခမ်းအနားတို့လည်း တက်ရောက်အမှာစကားပြောကြားပြီး ဆိပ်ခံတံတားဖွင့်လှစ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

 

ယင်းဆိပ်ခံတံတားကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီး၍ ဂျပန်ကုမ္ပဏီ သုံးခုက ဖက်စပ်ဆောင်ရွက်လျက် ရှိကြောင်းသိရပါတယ်။“ကျွန်တော်တို့ ဒီမှာ ဂိုဒေါင်ရှိတယ်။ ဆိပ်ခံတံတားရှိတယ်။ ကုန်ကြမ်း တင်သွင်းတာတွေ၊ တင်ပို့တာတွေ ဆောင်ရွက်နေပါတယ်။ ဂျုံ၊ ပြောင်းဖူးနဲ့မြေသြဇာ တင်သွင်းတဲ့လုပ်ငန်းကို မေ၇ ရက်ကစတင်ပြီးလုပ်ငန်းဆောင်ရွက်နေပါတယ်”” ဟု ယင်းဆိပ်ခံတံတား လုပ်ကိုင်ခွင့်ရထားသော lluvia ကုမ္ပဏီမှ ဒါရိုက်တာ မစ္စတာမူရာကာမီက ပြောခဲ့ပါတယ်။

 

ယနေ့ဖွင့်လှစ်လိုက်သော ဆိပ်ခံတံတားများအပါအဝင် ရန်ကုန်မြို့၌ ဆိပ်ခံတံတားပေါင်း ၄၂ ခုရှိသွားပြီဖြစ်ကြောင်း၊ ယင်းတို့အနက် ကုန်သေတ္တာ တင်ချနိုင်သော ဆိပ်ခံတံတားမှာ ခုနစ်ခုရှိပြီး စုစုပေါင်း ဆိပ်ခံတံတားအရှည်အားဖြင့် မီတာ ၄၀၀၀ ရှိပါတယ်။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အဖွဲ့သည် wilmar ဆိပ်ခံတံတားသို့သွားရောက်ကာ ဆိပ်ကမ်းလုပ်ငန်းများနှင့် ထုတ်ကုန်များထုပ်ပိုး တင်ပို့ဆောင်ရွက်လုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

 

Source : ကြေးမုံ

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)