Port News

ရန်ကုန်ဆိပ်ကမ်း

ရန်ကုန်ဆိပ်ကမ်း google

ရန်ကုန်မြို့သည် ၁၈ရာစု အလယ်အထိ ဒဂုံဟု အမည်တွင်ခဲ့ပြီး တံငါသည်ရွာငယ်ကလေးသာ ဖြစ်ခဲ့ကာ ဆိပ်ကမ်းမြို့အဖြစ် မတည်ရှိသေးဘဲသန်လျင်၊ ပုသိမ်၊ မုတ္တမနှင့် ပဲခူးမြို့များကိုသာ ဆိပ်ကမ်းမြို့များအဖြစ် အသုံးများခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားမင်းသည် ဧရာဝတီမြစ်တစ်လျှောက်ရှိ ဒသများကို သိမ်းပိုက်ရာမှ ဒဂုံသို့ ရောက်ရှိခဲ့ပြီး၊ ရန်ကုန်မြို့ဟုခေါ်တွင်စေကာ ပင်မဆိပ်ကမ်းမြို့အဖြစ် စတင် တည်ထောင်ခဲ့သည်။

 

မြန်မာနိုင်ငံရှိ ပင်လယ်ဆိပ်ကမ်းအသီးသီးသို့ ကုန်များသယ်ဆောင်ရန်အတွက် ဝင်/ထွက်သွားလာသည့် သင်္ဘာများအား တိုတောင်းသော အချိန်ကာလအတွင်းကုန်ချခြင်း၊ ကုန်တင်ခြင်း၊ တစ်ဆင့်လွှဲပြောင်းကုန်များကို လက်ခံပေးပို့ခြင်းများ ပြုလုပ်ပြီးလျင်မြန်စွာ ပြန်လည်ထွက်ခွာနိုင်စေရန် လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြင့် တိုင်းပြည်အတွက် ဘဏ္ဍာငွေများကို ရှာဖွေပေးရန် ဖြစ်ပါသည်။ပို့ဆောင်ရေးဝန်ကြီးဌာန၏ကွပ်ကဲမှုဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ပင်လယ်ဆိပ်ကမ်းအားလုံးကို စီမံခန့်ခွဲ အုပ်ချုပ်လျက် ရှိပါသည်။

 

ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်းအား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ဆိပ်ကမ်းဖြစ်ပါသည်။

 

 

ရန်ကုန်မြစ်ဝနှင့်ချဉ်းကပ်ရေလမ်းကြောင်း

ရန်ကုန်ဆိပ်ကမ်းသည် ရန်ကုန်မြစ်ပေါ်တွင်ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၅မိနစ်တွင် တည်ရှိပြီး မုတ္တမပင်လယ်ကွေ့ အပြင်စည်းခုံရေလမ်းကြောင်းမှကုန်းတွင်း ပိုင်းသို့ ၃၂ ကီလိုမီတာ ကွာဝေးပါသည်။ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်တန်ချိန် ၂၀၀နှင့် အထက်ရှိသောရေယာဉ်များဝင်ရောက်ပါက ရေကြောင်းပြအား မယူမဖြစ် တောင်းခံရယူဝင်ရောက်ရမည် ဖြစ်ပါသည်။ယေဘူယျအားဖြင့် ရေတက်ရေပြည့်ချိန်တွင် အတွင်းစည်းခုံနှင့် အပြင်စည်းခုံတို့အား ဖြတ်သန်းဝင်ရောက်ရပါသည်။

 

 

ဒီရေအတက်အကျ

ပျှမ်းမျှဒီရေအတက်အကျသည် ရေထရက်တွင် ခန့်မှန်း ၁၉.၃ပေ (၅.၈၅) မီတာနှင့် ရေသေရက်တွင် ၈.၄ပေ (၂.၅၅) မီတာ ရှိပါသည်။

 

 

ရေစီးနှုန်း

ရန်ကုန်မြစ်၏ ရေထရက်ရေစီးနှုန်းသည် ရေမိုင် ၄မိုင်မှ ၆မိုင်နှုန်း ရှိပါသည်။ ရေတက်ချိန်မှ ၁နာရီ ၁၅မိနစ်ခန့် အကြာတွင် ရေတက်ရေ စတင်စီးဆင်းပြီး ရေကျချိန်မှ မိနစ်၃၀ခန့် အကြာတွင် ရေကျရေစတင်စီးဆင်းပါသည်။

 

 

လှိုင်းများ

ရန်ကုန်မြစ်အတွင်းရှိ ရေလှိုင်းများသည် ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများအား အနှောင့်အယှက်မပေးနိုင်ပါ။ မြစ်ဝရှိလှိုင်းများ အခြေအနေသည် လှိုင်းအမြင့် ၂ မီတာ ထက်နည်းသော လှိုင်းများသာဖြစ်ပေါ်ပါသည်။

 

 

သင်္ဘောအရွယ်အစား

ရန်ကုန်ဆိပ်ကမ်းသို့ ရေယာဉ်အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်သော သင်္ဘောများ ၀င်နိုင်ထွက်နိုင်ပြီး သီလ၀ါဆိပ်ကမ်းသို့ ရေယာဉ်အလျားမီတာ ၂၀၀၊ရေစူး ၉ မီတာနှင့် ကုန်တန်ချိန် ၂၀၀၀၀ ရှိသော သင်္ဘောများ ၀င် ̸ ထွက်နိုင်ပါသည်။

 

 

အလုပ်ချိန်

နေ့ဂိုဏ်း အလုပ်ချိန်သည် ၀၈း၀၀ နာရီမှ ၁၆း၀၀ နာရီအထိလည်းကောင်း၊ ညဂိုဏ်းအလုပ်ချိန်သည် ၂၀း၀၀ နာရီမှ ၀၄း၀၀ နာရီအထိလည်းကောင်း ပုံမှန်ဆောင်ရွက်ပေးပါသည်။ အချိန်ပိုလုပ်ကိုင်ရန်လိုအပ်ပါက အလုပ်ချိန်ကာလအတွင်း ကြိုတင်တောင်းခံနိုင်ပါသည်။

 

 

လုပ်ငန်းတာဝန်များ

အဓိက လုပ်ငန်း တာဝန်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ်ေသာ ပင်မနှင့်အရန်ပစ္စည်းများကို သတ်မှတ်ထားသည့် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အချိန်အတွင်း ဈေးနှုန်းအသက်သာဆုံးနှင့် ရရှိရန်ဆောင်ရွက် ပေးရခြင်းဖြစ်သည်။

 

 

Screenshot from 2019 06 04 14 24 33

 

 

ဗဟိုပစ္စည်းထိန်းဌာန၏ လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(၁) အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၂) ပြည်တွင်း/ ပြည်ပမှ ပစ္စည်းများ ဝယ်ယူရေး ဆောင်ရွက်ခြင်း။

(၃) ဌာနပိုင် ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း/ အသုံးပြုရန် ထုတ်ပေးခြင်း။

(၄) လေလံတင်ထုခွဲရောင်းချခြင်း။

 

 

 

Screenshot from 2019 06 04 14 25 04

 


ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ

 

- ပြည်ပရင်းနှီးမြှုပ်နှံသူများသည် မိမိတို့၏ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသောလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမည့် ပမာဏကို အဆိုပြု၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တစ်ဆင့် ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ တင်ပြ လျှောက်ထားရမည် ဖြစ်ပါသည်။

 

- ပို့ဆောင်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါက မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်သို့ ထပ်မံတင်ပြ၍ ခွင့်ပြုချက်ရရှိလျှင် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိမည် ဖြစ်ပါသည်။

 

- ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် သီးခြားထုတ်ပြန်ထားသည့် ဥပဒေမရှိပါ။

 

Source : Myanmar port Authority

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)