Port News

Liner operator များက သ​င်္ဘောကို အချိန်​ဖြင့်​ဌားရမ်းခြင်း နှင့်​ လူမပါ စင်းလုံးဌားခြင်း အ​ကြောင်းသိ​ကောင်း စရာများ။ (ပထမပိုင်း)

Liner operator များက သ​င်္ဘောကို အချိန်​ဖြင့်​ဌားရမ်းခြင်း နှင့်​ လူမပါ စင်းလုံးဌားခြင်း  အ​ကြောင်းသိ​ကောင်း စရာများ။ (ပထမပိုင်း) google

မတ်​လ ၃ရက်​​နေ့က ရာသီဥတု ဆိုးဝါးသဖြင့်​ Oregon Inlet ကမ်းရိုးတန်းမှ ၁၇ မိုင်​ အကွာတွင်​ Maersk Shanghai သ​င်္ဘော​၏ Bay ၄၂ ​ပေါ်မှ ပြုတ်​ကျသွား​သော်​ ကုန်​​သေတ္တာ ၇၆ လုံး တွင်​ ဆာလဖျုရစ်​အက်​စစ်​ ၅၉၀၀ ​ပေါင်​ ​ပါ​သော်​ကုန်​​သေတ္တာတစ်​လုံးပါ​ကြောင်း Maersk လိုင်းက ​ကြေညာချက်​ထုတ်​ပြန်​ထားပါသည်​။

 

ဒီသတင်းနဲ့ပတ်​သက်​ပြီး Post တစ်​ခု တွင်​ Maersk Shanghai သ​င်္ဘော သည်​ Maersk လိုင်း၏ သ​င်္ဘောစာရင်းထဲတွင်​မပါဝင်​​ကြောင်း၊ သ​င်္ဘောသား စာရင်းတွင်​လည်း Maersk Shanghai ၏ သ​င်္ဘောသားများမပါဝင်​​ကြောင်း၊ ဒါ​ကြောင့်​ Maersk Shanghai ဟာ တစ်​ခြားကုမ္ပဏီမှ ကုန်​အဌားလိုက်​​သော ချာတာသ​င်္ဘောဖြစ်နိုင်​​ကြောင်း ​ရေးထားတာ​လေး ဖတ်​လိုက်​ရပါတယ်​။ သ​င်္ဘောအဌားလိုက်​တာက ကုန်​လိုက်​ရှာပြီးတင်​တဲ့ tramp shipping ဖြစ်​ပါတယ်​။

 

Linner shipping ဆွဲ​နေတဲ့ Maersk လိုင်းဟာ Maersk Shanghai သ​င်္ဘောကို လန်​ဒန်​ အ​ခြေစိုက်​ Zodiac Maritime Ship management ကုမ္ပဏီ ကတဆင့်​ စင်း လုံးဌားစာချုပ်​ (Demise charter) ဖြင့်​ ဌားယူ (charter in) ထားတာဖြစ်​ပါတယ်​။ ဒီအ​ကြောင်းကို နည်းနည်းရှင်းပြလိုပါတယ်​။Liner operators အ​နေဖြင့်​ သ​င်္ဘော လိုင်း​ပြေးဆွဲဖို့ လိုအပ်​သည့်​ သ​င်္ဘောများရရှိရန်​ဘယ်​လိုပုံစံနဲ့​​ဆောင်​ရွက်​သလဲဆိုတာ​ရယ်​​၊ သ​င်္ဘောဌားရမ်းသည့်​ပုံစံ အချို့ကို ဗဟုသုတအဖြစ်​ ဆွေး​နွေးလိုပါတယ်​။

 

သ​င်္ဘောလိုင်း​တွေအ​နေနဲ့ လိုအပ်​တဲ့ သင်္ဘော​တွေရရှိ​အောင်​ နည်းလမ်း ၃ သွယ်​ဖြင့်​ ​ဆောင်​ရွက်​ကြပါတယ်​။

 

၁။ ပထမနည်းမှာ လိုအပ်​​​သော​သင်္ဘော ကိုဝယ်​ယူလိုက်​ခြင်း (outright purchase) ဖြစ်​ပါတယ်​။ ထိုသို့ဝယ်​ယူရာတွင်​ Liner operator ၏ ကိုယ်​ပိုင်​​ငွေဖြင့်​ဝယ်​ယူသကဲ့သို့ ​ချေးဌား၍လည်းဝယ်​ယူကြပါသည်​။ အဌားဝယ်​စံနစ်​ (Hire Purchase) ဖြင့်​လည်းဝယ်​ကြပါသည်​။

 

၂။ ဒုတိယနည်းမှာ အချိန်​နဲ့ဌားရမ်းခြင်း (Time charter)ဖြစ်​​ပါတယ်​။ ဌားရမ်းသည့်​​​ကာလသည်​ လအနည်းမှ ၄၊၅၊ ၁၀နှစ်​ အထိဖြစ်ကြ ပါတယ်​။ liner operator ရဲ့ သ​င်္ဘော Dock တင်​ဖို့ရှိတဲ့အခါ၊ လုပ်​ငန်းလိုအပ်​ချက်​အရ သ​င်္ဘောအ​ရေအတွက်​အတိုး အ​လျော့လုပ်​ဖို့ (Fleet Adjustment ) လိုတဲ့အခါ​၊ သ​င်္ဘောတိုက်​မိလို့ပြင်​ဆင်​​နေချိန်​တွေမှာ အစားထိုးဖို့လိုတဲ့အခါ​တွေမှာ သ​င်္ဘောကို အချိန်​နဲ့ဌား ကြပါတယ်​။ ဒါ​ပေမဲ့ သ​င်္ဘောသား ခန့့်​အပ်​တာနဲ့ လစာ​ပေးတာက​တော့ သ​င်္ဘောပိုင်​ရှင်​ဘဲဖြစ်​ပါတယ်​။ ဒီ​နေရာ မှာ သ​င်္ဘောမာလိန်​မှုးဟာ ဘယ်​သူဝန်​ထမ်းလည်း၊ ဘယ်​သူ့ညွှန်​ကြားချက်​ကိုလိုက်​နာ ရမှာလည်း၊ဆိုတာ​ဆွေး​နွေးဖို့ လိုလာပြန်​ပါတယ်​။

 

မာလိန်​မှူးဟာ သ​င်္ဘောပိုင်​ရှင်​က လစာ​ပေး ခန့်​အပ်​ထားတာဖြစ်​လို့ servant of the ship owner ဖြစ်​ပြီး သ​င်္ဘော​မောင်းနှင်​​မှုနှင့်​စီမံခန့်​ခွဲမှုဆိုင်​ရာကိစ္စရပ်​များ (Instructions of Navigation and Ship Management)တွင်​ သ​င်္ဘောပိုင်​ရှင်​၏ညွှန်​​ကြားချက်​ကိုသာ လိုက်​နာရမည် ​ဖြစ်​ပါသည်​။ သို့​သော်​ သ​င်္ဘောကိုဘယ်​ဆိပ်​ကမ်းသွားပြီးဘာကုန်​ကိုတင်​၊ ဘယ်​ဆိပ်​ကမ်းမှာချဆိုတဲ့ Commercial instruction ကို​တော့ သ​င်္ဘောဌားသူ​ကပေးတဲ့ညွှန်​ကြားချက်​ကိုလိုက်​နာရမည်​ဖြစ်​ကြောင်းကို အချိန်​ဖြင့်​ သ​င်္ဘောဌား စာချုပ်​ (Time charter) ​တွေဖြစ်​တဲ့ NYPE 93 clause 6 နဲ့ Balltime clause 9, တို့၏ Employment and Agency clause တွင်​​ဖော်​ပြထားသည်​မှာ-

 

" The Master shall be under the orders of the Charterer as regards employment, agency, or other arrangements."

 

ဒါ​ပေမဲ့ သ​င်္ဘောကို ဘယ်​လမ်း​ကြောင်း (Route) ကသွားမည်​လည်း ​ရွေးချယ်​တာသည်​ သ​င်္ဘော​မောင်းနှင်​ခြင်း အတတ်​ပညာ (Navigation) နဲ့မသက်​ဆိုင်​ဘဲ ကူးသန်း​ရောင်းဝယ်​​ရေးအတွက်​ သ​င်္ဘော ဌားရမ်းခြင်းဆိုင်​ရာကိစ္စသာ ဖြစ်​တယ်​လို့ The Hill Harmony (2001) အမှုတွင်​ဆုံးဖြတ်​ထားပါတယ်​။ သို့​သော်​ သ​င်္ဘော​ဘေးကင်းလုံခြုံ​ရေးအတွက်​ လိုအပ်​ပါက သ​င်္ဘောဌားသူ ညွှန်​ကြား​သော်​ လမ်း​ကြောင်း ၊ ဆိပ်​ကမ်း တို့ကို မာလိန်​မှူးအ​နေဖြင့်​ ငြင်းဆန်နိုင်​ပါသည်​။

 

သ​င်္ဘောဌားသူက လမ်း​ကြောင်း​ရွေးချယ်​တာနဲ့ပါတ်​သက်​လို့ ယခု Maersk Shanghai သည်​ Maersk line ၏ TP 11 service လမ်း​ကြောင်း တွင်​​ပြေးစွဲ​နေ​သော သ​င်္ဘော ဖြစ်​​ကြောင်း Maersk လိုင်းက သတင်း ထုတ်​ပြန်​ထားပါတယ်​။ TP 11 service လမ်း​ကြောင်း သည်​ အ​ရှေ့အာရှ တရုတ်​နိုင်​ငံ Xiamen ဆိပ်​ကမ်း၊ ထိုင်​ဝမ်​ Kaohshung ဆိပ်​ကမ်းတို့ မှ စင်​ကာပူ၊ မလ္လကာ ​ရေလက်​ကြား၊ အိန္ဒိယ သမုဒ္ဒရာ၊အ​ရှေ့အလယ်​ပိုင်း အိုမန်​နိုင်​ငံ Salalah ဆိပ်​ကမ်း၊ ထိုမှတစ်​ဆင့်​ ဆူးအက်​ တူး​မြောင်းကို ဖြန်​သန်းပြီး​မြေထဲပင်​လယ်​မှ အတ္တလန္တတိတ်​ သမုဒ္ဒရာ ကိုဖြတ်​ကာ အ​မေရိကန်​ နိုင်​ငံ အ​ရှေ့ ဖက်​ကမ်းဆိပ်​ကမ်းများဖြစ်​​သော်​ Norfolk, Charleston နှင့်​ Miami တို့သို့ ​ပြေးဆွဲ​သောလမ်း​ကြောင်းဖြစ်​ပါသည်​။

 

 

22308730 1924416711203654 2660490887746751278 n

 

 

(ယခင်​က Maersk လိုင်းက အ​ရှေ့ အလယ်​ပိုင်းမှာ ဒူဘိုင်း-ယူ​အေအီး ရဲ့ Jebel Ali ဆိပ်​ကမ်းမှာကပ်​ပါတယ်​။ ကာတာ သံတမန်​အကျပ်​အတည်းဖြစ်​​ပြီး၊ ကာတာနိုင်​ငံအတွက်​လွှဲ​ပြောင်း တင်​မဲ့ကုန်​​တွေကို Jebel Aliဆိပ်​ကမ်း မှာ​ပေးမချ​တော့ဘူး။ ဒါ​ကြောင့်​ Maersk က သူ့ သ​င်္ဘောကြီး​တွေကို အိုမန်​နိုင်​ငံ Salalah ဆိပ်​ကမ်း မှာကပ်​ပြီး Maerdk လိုင်းပိုင်​freder သ​င်္ဘော ငယ်​​တွေနဲ့ ကာတာနိုင်​ငံ Doha ကိုပြန်​ပို့ပါတယ်​။ "ပင်​လယ်​​ရေ​ကြောင်းကုန်​သွယ်​မှူဆိုင်​ရာသိ​ကောင်းစရာများ" စာအုပ်​ ကာတာသံတမန်​အကျပ်​အတည်း မှာ ​ဖော်​ပြထားပါ တယ်​)။

 

မဟာမိတ်​ သ​င်္ဘောလိုင်းအုပ်​စုကြီး ၃ခုအနက်​ Maersk လိုင်းနှင့်​ MSC လိုင်းတို့ မဟာမိတ်​ ဖွဲ့ထားသည့်​ 2M Alliance သည်​ အ​ရှေ့အာရှမှ အ​မေရိကန်​ အ​ရှေ့ဘက်​ကမ်း ဆိပ်​ကမ်းများသို့ အထက်​တွင်​​ဖော်​ပြထားသည့်​ ဆူးအက်​တူး​မြောင်းကို ဖြတ်​သည့်​ လမ်း​​​ကြောင်းကို​ရွေးချယ်​​ပြေးဆွဲ​သော်​လည်း၊ အခြားမဟာမိတ်​နှစ်​ဖွဲ့ ဖြစ်​သည့်​ OCEAN Alliance နှင့်​ THE Alliance တို့က​တော့ အ​ရှေ့အာရှ မှ အ​မေရိကန်​အ​ရှေ့ဖက်​ကမ်းဆိပ်​ကမ်းများဖြစ်​​သော Norfolk, Charleston တို့ကို​ပြေးဆွဲရာတွင်​ ယခင်​က ဆူးအက်​တူး​မြောင်းကို ဖြတ်​၍သွား​သော်​လမ်း​ကြောင်းကိုအသုံးပြု​ပြေးဆွဲ​နေရာမှ ပနားမားတူး​မြောင်း ချဲ့ပြီးသွား​သော အခါ ပစိဖိတ်​ သမုဒ္ဒရာ ကိုဖြတ်​၍ ပနားမားတူး​မြောင်း ကိုဖြတ်​သည့်​လမ်း​ကြောင်းကို​ရွေးချယ်​လာကြပါသည်​။ (ပင်​လယ်​​ရေ​ကြောင်း ကုန်​သွယ်​မှုဆိုင်​ရာ သိ​ကောင်းစရာများ စာအုပ်​တွင်​လည်း ရှင်းပြထားပါသည်​။)

 

သ​င်္ဘောသား​တွေကိုအလုပ်​ခန့်​ပြီး လစာ​ပေးတာက​တော့ သ​င်္ဘောပိုင်​ရှင်​ဖြစ်​တယ်​လို့ Balltime 2001 စာချုပ်​clause 3. Owners' obligations တွင်​​အောက်​ပါအတိုင်း​ဖော်​ပြထားပါတယ်​။

 

"The Owners shall provide and pay for the Insurance of the Vessel and for all provisions, cabin, deck, engine-room and other necessary stores; shall pay for wages,and have a full complement of officers and crew."

 

သ​င်္ဘောမာလိန်​မှုး နဲ့ အရာရှိ​များ၊ အင်​ဂျင်​နီယာများကို သ​င်္ဘောပိုင်​ရှင်​က လစာ​ပေးခန့်​အပ်​ထားတာဖြစ်​လို့ အကယ်​၍ သ​င်္ဘော ဌားသူက သူတို့ရဲ့ လုပ်းငန်း​ဆောင်​ရွက်​မှူကိုသ​ဘောမကျ ပါက သ​င်္ဘော ပိုင်​ရှင်​ကိုတိုင်​ကြားနိုင်​ပြီး၊ သ​င်္ဘောပိုင်​ရှင်​မှ စုံစမ်းစစ်​​ဆေး၍ လိုအပ်​ပါက လူစားလဲ ခန့်​အပ်​​ပေးရ မယ်​လို့ NYPE 46, Clause 9 တွင်​​ဖော်​ပြထားပါသည်​။

 

 

29792939 1924496037862388 8071170909861360035 n

 

 

Time charter နဲ့ သ​င်္ဘောကိုဌားရမ်းထားသူဟာ သ​င်္ဘောကိုယ်​ထည်​​၏အ​ရောင်​ကို သူ့ သ​င်္ဘောလိုင်းရဲ့အ​ရောင်​သို့ပြောင်း လဲသုတ်​နိုင်​ပြီး၊ သ​င်္ဘော မီးခိုး​ခေါင်းတိုင်​နဲ့ ကိုယ်​ထည်​မှာ သူ့လိုင်းရဲ့တံဆိပ်​ကို​ရေးချယ်​ထားနိုင်​တယ်​လို့ NYPE Clause 36 မှာ​ဖော်​ပြထား ပါတယ်​။ ဒါ​ကြောင့်​ Maersk လိုင်းကသ​င်္ဘော​တွေရဲ့အ​ရောင်​ကိုအပြာနု​ရောင်​သုတ်​ထားကြပါတယ်​။ သ​င်္ဘောဌားကာလ​ပြည့်​လို့ ပိုင်​ရှင်​ထံ ပြန်​အပ်​တဲ့အခါ သ​င်္ဘောဌားရမ်းသူက မိမိစားရိတ်​ဖြင့်​ မူလအ​ရောင်​ ပြန်​သုတ်​​ပေးရပါမယ်​။

 

သ​င်္ဘောဌားရမ်းထားစဉ်​ကာလအတွင်း သ​င်္ဘောအမည်​နဲ့ သ​င်္ဘောမှတ်​ပုံတင်​တဲ့နိုင်​ငံတို့ကို​ပြောင်းလို့မရပါဘူး။ ဒါ​ပေမဲ့ သ​င်္ဘောပိုင်​ရှင်​က သ​င်္ဘောကို​ရောင်းလိုက်​လို့ သ​င်္ဘောပိုင်​ရှင်​​ပြောင်း သွားရင်​​တော့ ​နောက်​ပိုင်​ရှင်​က သူကြိုက်​တဲ့အမည်​​ပြောင်းနိုင်​ပါတယ်​။ ဒါ​ပေမဲ့ မှတ်​ပုံတင်​တဲ့နိုင်​ငံ​ပြောင်းချင်​ရင်​​တော့ သ​င်္ဘောဌားရမ်းသူနဲ့ ညှိနိုင်းသ​ဘောတူညီမှု ယူဖို့လိုပါတယ်။

 

လူမပါ သ​င်္ဘောစင်းလုံးဌားရမ်းခြင်း (Bareboat charter) အ​​ကြောင်း​ကို ဆက်​လက်​​ဖော်​ပြပါမယ်​။

 

ReadMore - တ​စ္ဆေ သ​င်္ဘော လိမ်​လည်​မှု

 

Source : Thant Zin

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)