Port News

Liner operator နှင့်​ သ​င်္ဘော ကိုအချိန်​ဖြင့်​ဌားရမ်းခြင်း နှင့်​ စင်းလုံးဌားရမ်းခြင်း အ​ကြောင်း သိ​ကောင်း စရာများ။ (အပိုင်း ၂)

Liner operator နှင့်​ သ​င်္ဘော ကိုအချိန်​ဖြင့်​ဌားရမ်းခြင်း နှင့်​ စင်းလုံးဌားရမ်းခြင်း အ​ကြောင်း သိ​ကောင်း စရာများ။ (အပိုင်း ၂) google

တတိယနည်းလမ်းက​တော့တစ်​ခြားသူတစ်​ဦးမှ ​ငွေ​ကြေးစိုက်​ထုတ်​ဝယ်​ယူ​ပေးပြီး ကာလရှည်​ပြန်​လည်​ဌားယူသည့်​နည်းလမ်း (Finance-based long-term charter) ဖြင့်​ သ​င်္ဘော ရယူသည့်​နည်းလမ်းဖြစ်​ပါသည်​။ ဤနည်းလမ်းအရ Liner operator အ​နေဖြင့်​လုပ်​ငန်း ကျွမ်းကျင်​​သော်​လည်း၊ သူရဲ့ သ​င်္ဘောလိုင်းမှာထပ်​ဖြည့်​ဖို့ သ​င်္ဘော ဝယ်​ယူရန် ​ငွေ​ကြေးမတတ်​နိုင်​သည့်​အတွက်​လည်း​ကောင်း (သို့မဟုတ်​ )​ ချေးဌားရန်​လည်းအခက်​အခဲရှိသည့်အတွက်​ လည်း​ကောင်း၊ သ​င်္ဘောကို နှစ်​ရှည်​ဌားရမ်း လိုကြပါ တယ်​။ တစ်​ဖက်​က​ငွေ​ကြေးတတ်​နိုင်​​ပြီး သ​င်္ဘောလုပ်​ငန်းတွင်​ရင်းနှီးမြုပ်​နှံလိုသော်​လည်း သ​င်္ဘောလုပ်​ငန်းနားမ လည်​သူတစ်​ဦးက ကြားခံပြီး သ​င်္ဘောဝယ်​ယူ​ပေးလိုက်​ပါက ၂ဦး ၂ဖက်​အဆင်​​ပြေေ​စပါသည်​။ liner operator က ​ငွေစိုက်​ထု​တ်ဝယ်​​ပေးသူ၏ သ​င်္ဘောကို ကာလရှည်​ (နှစ်​ ၂၀၊ ၂၅နှစ်​) ဌားရမ်းကြပါသည်​။ ထိုသို့ဌားရမ်းသည့်​ စာချုပ်​ကို Bareboat (သို့မဟုတ်​) Demise charter ဟု​ခေါ်ပါသည်​။

 

Bareboat charter နဲ့ Demise charter ကို အတူတူ သ​ဘောထားပြီး ​ပြောဆို သုံးနူန်း​သော်​​လည်း၊ အနည်းကွဲလွဲမှူ​တော့ရှိပါတယ်​။ Bareboat Charter မှာ သ​င်္ဘောဌားသူက သ​င်္ဘောကို လူ (crew) မပါဘဲ သ​င်္ဘောချည်းသာ စင်း​လုံးဌားယူခြင်းဖြစ်​​ပါတယ်​။ တစ်​ချို့ သ​င်္ဘောပိုင်​ရှင်​​တွေက မိမိ သ​င်္ဘောကို သ​င်္ဘောဌားသူထံသို့ အပြည့်​အဝ လက်​​ရော​က်​ (complete possession) ​ပေးမထားလိုကြပါဘူး။

 

သ​င်္ဘောဌားသူက အလုံးစုံ ထိန်းချုပ် (absolute control) ​သွားမှာကို မလိုလားကြလို့ပါ။ ဒါ​ကြောင့်​ သ​င်္ဘော ဌားသူနဲ့ စင်းလုံးဌားစာချုပ်​အပြင်​ Management Agreement တစ်​ခုခု (BIMCO ၏ Shipmen 98) ဖြင့်​ သ​င်္ဘောသားများပါခန့်​အပ်​ပြီးထည့်​​ပေးလိုက်​ပါတယ်​။ တစ်​ချို့က crew အပြည့်​အစုံ၊ ၊ တစ်​ချို့က​တော့ မာလိန်​မှူးဘဲထည့်​​ပေးတယ်​ crew မပါဘူး။ သ​င်္ဘောပိုင်​ရှင်​က သူခန့်​ပြီးထည့်​​ပေးလိုက်​တဲ့ မာလိန်​မှုး နှင့်​ သင်္ဘောသားများကို သူကဘဲ ခန့်​အပ်​လစာ​ပေးပါတယ်​။ သ​င်္ဘော ကိုယ်​ထယ်​အာမခံ (hull insurance) ကိုပါ သ​င်္ဘောပိုင်​ရှင်​ကသာ​ပေးပါတယ်​။ အကယ်​၍ သ​င်္ဘောဌား သူက သ​င်္ဘော ဌားခ​ပေးရန်​ပျက်​ကွက်​ပါက သ​င်္ဘော​ပေါ်ရှိကုန်​ပစ္စည်း (သို့) သ​င်္ဘောဌားသူ ရရန်ရှိသည့်​ သ​င်္ဘောခ တို့ကို သ​င်္ဘောပိုင်​ရှင်​က အာမခံအဖြစ်​ ထိန်း ထား (Lien) နိုင်​မည်​ဖြစ်​ပါသည်​။ အဲဒီလို Crew ထည့်​​ပေးလိုက်​ရင်​ Demise charter လို့​ခေါ်ပါတယ်​။

 

Bareboat charter သည်​ သ​င်္ဘောကို သ​င်္ဘောဌားရမ်းသူအား လိုသလို အသုံးပြုနိုင်​​စေရန်​ အဌားချထားခြင်း (lease) သာဖြစ်​ပါတယ်​။ သ​င်္ဘော ဌားသူဟာ သ​င်္ဘောကိုလက်​​ရောက်​ရယူပြီး မိမိ စိတ်​ကြိုက်​ စီမံခန့်​ခွဲထိမ်းချုပ်​နိုင်​ပါသည်​။ မာလိန်​မှူး နှင့်​ သ​င်္ဘောသား များကို လည်း သ​င်္ဘောဌား သူကသာ ခန့်​အပ်​လစာ​ပေးပါတယ်​။ သ​င်္ဘော သားများ သည်​ သ​င်္ဘောဌားသူ၏ဝန်​ထမ်းများ (servant of bareboat charterer) ဖြစ်​​ကြောင်းကို BARECON 2001, clause 10(b) Operation of the Vessel တွင်​ ​အောက်​ပါအတိုင်း​ဖော်​ပြထားပါတယ်​။

 

ဒါ​ကြောင်​မာ့လိန်​မှူးက ကုန်​တင်​တန်​ဆာတွင်​လက်​မှတ်​​ရေးထိုးပါက၊ မာလိန်​မှုးသည်​ သ​င်္ဘောဌားသူ၏ ကိုယ်​စားလှယ်​ လည်ုးဖြစ်​ပါတယ်​။ ကုန်​တင်​တန်​ဆာနှင့်ပတ်​သက်​၍ တာဝန်​ရှိသူမှာ သ​င်္ဘောဌားသူသာဖြစ်​ပြီး သ​င်္ဘောပိုင်​ရှင်​မဟုတ်​​ကြောင်း Baumwoll v. Furness (1893) မှာဆုံးဖြတ်​ထားပါတယ်​။ (ကျ​နော်​၏ "ပင်​လယ်​​ရေ​ကြောင်းကုန်​သွယ်​မှူဆိုင်​ရာသိ​ကောင်းစရာများစာအုပ်​" shipowners`B/L နှင့်​ charteters ´ B/L တွင်​ ရှင်းပြထားပါတယ်​။)

 

အကယ်​၍ သ​င်္ဘောချင်းတိုက်​မိလို့ ​ပေး​လျော်​ရန်​တာဝန်​ရှိလာပါက၊ Demise charterer ၏တာဝန်​သာဖြစ်​ပြီး သ​င်္ဘောပိုင်​ရှင်​မှာတာဝန်​မရှိပါဘူး။ Bareboat charter ဖြင့်​ ဌားရမ်း ထားစဉ်​ကာလတစ်​​လျောက်​လုံး သ​င်္ဘောဌားသူသည်​ သ​င်္ဘော ပိုင်​၇ှင်​တစ်​ဦးကဲ့သို့ စီမံခန့်ခွဲ လုပ်​ငန်းလုပ်​ကိုင်​နိုင်​ပါသည်​။ ဒါ့​ကြောင့်​ သ​င်္ဘော ဌားသူကို disponent owner ဟု​ခေါ်ပါသည်​။ ယာယီ သ​င်္ဘောပိုင်​ရှင်​လို့လဲ ​ခေါ်​ဝေါ် သုံးနူန်းကြပါတယ်​။

 

Liner operator ၏ မိခင်​နိုင်​ငံတွင်​ ​ကောက်​ခံသည့်​ ပိုင်​ဆိုင်​မှူ အခွန်​ (property tax) များပါက သ​င်္ဘောကို အပိုင်​မဝယ်​​တော့ဘဲ Bareboat charter ဖြင့်​ ကာလရှည်​ဌားရမ်း ကြပါသည်​။ အချို့နိုင်​ငံ​​များကြ​တော့ သ​င်္ဘောလုပ်​​ငန်းဖွံ့ဖြိုးး​စေရန်​ အခွန်​​လျော့​ပေးကြပါတယ်​။ ဥပမာ- ဂျာမဏီနိုင်​ငံသည်​ ဂျာမန်​နိုင်​ငံသားများနှင့်​ ဂျာမန်​ကုမ္ပဏီများ သ​င်္ဘောဝယ်​ယူပါက German KG scheme အစီအစဉ်​ အရ အခွန်​သက်​သာခွင့်​များ ရရှိသဖြင့်​ သ​င်္ဘော ဝယ်​ယူပြီး ပြန်​ဌားစာရာတွင်​ ​ဈေးနူန်း​လျော့​ပေးနိုင်​၍ သူများထက်​တစ်​ပန်းသာပါတယ်​။

 

ဒါ​ကြောင့်​ liner သ​င်္ဘော​တွေကို အဓိက ပိုင်​ကြတာက German သ​င်္ဘောပိုင်​ရှင်​​တွေဖြစ်​ကြပါတယ်​။ ကုန်​​သေတ္တာ သ​င်္ဘော အဌား​ဈေးကွက်​ရဲ့ ၃ပုံ၂ပုံကို ဂျာမန်​ သ​င်္ဘောပိုင်​ရှင်​​တွေကထိန်းချုပ်​ထားကြပါတယ်​။ သ​င်္ဘောဌားစားတဲ့ အကြီးဆုံး ဂျာမန်​ သ​င်္ဘောပိုင်​ရှင်​ကြီးများထဲက အချို့ကို ​ဖော်​ပြရလျင်​ C-P Offen, Peter Dohle, NSB N´ Elbe, Norddeutsche, Richmers, E.R. Schiff တို့​ဖြစ်​ပါတယ်​ (Clarkson´s container intelligence monthly, May 2011)။ မနှစ်​က ​ဒေဝါလီခံသွား တဲ့ Richmer ပိုင်​ Old Panamax အရွယ်​ ကုန်​​သေတ္တာ သ​င်္ဘော (TEU 3000 မှ 5000) ၆စီးကို ဂျပန်​ သ​င်္ဘော လိုင်း MOL ကို အဌား ချထားတာပါ။

 

တစ်​ချို့ သ​င်္ဘောကုမ္ပဏီ​တွေက​တော့ ​ငွေလို လို့​ငွေ​ဖော်​ချင်​တယ်​၊ ကိုယ့်​ သ​င်္ဘော ကိုလည်း ဆက်​ပြီးသုံးချင်​​တော့ သ​င်္ဘောကို​​တော့​ရောင်းလိုက်​တယ်​၊ ပြီး​တော့ ဝယ်​သွားတဲ့သူဆီက ကိုယ့်​ သ​င်္ဘောကို Bareboat charter နဲ့ပြန်​ဌားယူလိုက်​တယ်​။ ဝယ်​တဲ့သူကလည်း သ​င်္ဘောဝယ်​ပြီးတာနဲ့ ချက်​ချင်းပြန်​ဌားလိုက်​ရ​ပြီး ​ငွေချက်​ချင်း ပြန်​ဝင်​လာ​မှာဆို​တော့ ဝယ်​ဘို့ စိတ်​ဝင်​စားတယ်​။ ဒီလို Bareboat charter မှာ ထူးခြားချက်​တစ်​ခုက သ​င်္ဘောဌားသူ က သက်​တမ်း ​စေ့တဲ့အခါ သ​င်္ဘောကို ကြိုတင်​သ​ဘော တူထားတဲ့ ​ဈေးနူန်း တစ်​ခုနဲ့ပြန်​ဝယ်​ချင်​ရင်​ဝယ်​နိုင်​တဲ့ သ​ဘောတူညီချက်​ပါ စာချုပ်​ထဲမှာထည့်​ချုပ်​ ထား​လေ့ရှိပါ တယ်​။

 

နမူနာအ​နေဖြင့်​ ယခု​မေလအတွင်း မှာဘဲ ဂရိ သ​င်္ဘောကုမ္ပဏီတစ်​ခုဖြစ်​တဲ့ DryShips သူ့ရဲ့ ဝမ်းပုံ​လောင်း သ​င်္ဘော (bulk carriers) ၅ စီးကို တရုတ်​​ငွေ​ချေးဌားတဲ့ကုမ္ပဏီသို့ sale and bareboat agreement နဲ့ ​ရောင်း ချလိုက်​ပါတယ်​။ သ​ဘောတူညီချက်​အရ သ​င်္ဘော ၅စီးကို US$ ၁၆၄သန်းနဲ့​ရောင်းချတာဖြစ်​ပြီး ​ရောင်းဖိုး​ငွေရဲ့ တစ်​ဝက်​ကို လက်​ငင်း​ပေးချေရမှာဖြစ်​ပါ တယ်​။ သ​င်္ဘော​တွေကို​တော့ DryShips ကုမ္ပဏီရဲ့ လက်​​အောက်​ခံကုမ္ပဏီခွဲ​တွေက Bareboat charter နဲ့ ၈ နှစ်​ပြန်​ဌား​​ပေးရမှာဖြစ်​ပါတယ်​။ ၈နှစ်​ပြည်​တဲ့ ၂၀၂၆ ​မေလ ​ရောက်​ရင်​ အဲဒီ သ​င်္ဘော ၅စီးကို ဝယ်​​ဈေးရဲ့ ၄၆.၆၇% နူန်း (US$ ၇၆.၅သန်း) နဲ့ပြန်​ဝယ်​​ပေးရမှာဖြစ်​ပါတယ်​။ 

 

၁၉၇၀ခုနှစ်​ဝန်းကျင်​ကာလ က Bareboat ဖြင့်​ သ​င်္ဘောဌားရမ်းခြင်း များ ​ရေပန်း မစား​ သော​ကြောင့်​ Bareboat charter အတွက်​ သီးခြား စံသတ်​မှတ်​ထားသည့်​ စာချုပ်​ ပုံစံမရှိဘဲ Time charter ကိုသာ လိုသလို ပြုပြင်​၍အသုံးပြုခဲ့ ကြ ရာမှ ၁၉၇၄ တွင်​ BIMCO က Bareboat charter ၂မျိုးကို ကိုပြုစုထုတ်​​ဝေ ခဲ့ပါတယ်​။ တစ်​ပါတ်​ရစ်​ သ​င်္ဘောကို Bareboat charter အဖြစ်​ဌားလိုပါက Barecon A ၊ အသစ်​တည်​​ဆောက်​မယ့်​ သ​င်္ဘောကို ဌားလို ပါက Barecon B တို့ကိုအသုံးပြု ပါတယ်​။ ၁၉၈၉ မှာ​တော့ Barecon A နှင့်​ B form နှစ်​ခုကို တစ်​ခုတည်း အဖြစ်​​ပေါင်းပြီး Barecon 89 အဖြစ်​ ပြုစုထားပါသည်​။ အ​မေရိကန်​နိုင်​ငံက​တော့ ကိုယ်​ပိုင်​ Form 149 ကိုအသုံး ပြုပါတယ်​။

 

လက်​ရှိ​ပြေးဆွဲ​နေ​သော တစ်​ပါတ်​ရစ်​ သ​င်္ဘောကိုBareboat charter ဖြင့်​ ဌားရမ်းလိုပါက Time charter ဖြင့်​ဌားရမ်းသကဲ့သို့ပင်​ သ​င်္ဘော ဌားသူ က သူ၏ သ​င်္ဘောလိုင်း အ​ရောင်​​သို့​ပြောင်းသုတ်​နိုင်​ပါသည်​။ ထူးခြားချက်​မှာ Bareboat charter ဖြင့်​ ဌားရမ်းသည့်​ ကာလအတွင်း သ​င်္ဘောပိုင်​ရှင်​၏သ​ဘောတူညီမှူဖြင့်​ သ​င်္ဘောအမည်​ကို ​ပြောင်းနိုင်​ပါသည်​။

 

အကယ်​၍ သ​င်္ဘောအသစ်​ကို Bareboat charter ဖြင့်​ဌားလိုပါက ဌားရမ်းသူ လိုချင်​သည့်​ပုံစံ (Specifications)အတိုင်း ​ငွေစိုက်​ထုတ်​မည့်​ သ​င်္ဘောပိုင်​ရှင်​က သ​င်္ဘောကျင်းတွင်​အပ်​နှံ​ပေးပါသည်​။ သာဓကအ​နေဖြင့်​ သ​င်္ဘောဌားရမ်းမည့်​ ပြင်​သစ်​​င်္ဘောလိုင်း CMA CGM နှင့်​ညှိနိုင်းပြီး သ​င်္ဘောပိုင်​ရှင်​ ဂျာမန်​ Richmer ကုမ္ပဏီသည်​ ကိုရီးယား သ​င်္ဘောကျင်းတွင်​အပ်​နှံထားသည့်​ ကုန်​​သေတ္တာ သ​င်္ဘော ၅စီးကို မူလအပ်​နှံစဉ်​က TEU 12800 အရွယ်​မှ CMA CGM လိုချင်​သည့်​အရွယ်​ TEU 16000 အရွယ်​သို့ ပြင်​ဆင်​ အပ်​နှံခဲ့ ပါသည်​။

 

Bareboat charter ဖြင့်​ဌားမည့်​ သ​င်္ဘောအသစ် ရဲ့အမည်​ကိုလည်း သ​င်္ဘောပိုင်​ရှင်​နဲ့ သ​င်္ဘောဌားရမ်းသူတို့ညှိနိုင်းသ​ဘောတူပြီး ကြို​က်​တဲ့အမည်​​ပေးလို့ရတယ်​လို့ BARECON 2001 Part III clause 4 မှာ​ ​ဖော်​ပြထားပါ တယ်​။ကို အမည်​​ပေးလိုပါက Barecon 2001, Part III, clause 4.

 

Name of VesseI တွင်​​ဖော်​ပြထားသည်​မှာ -

 


"The name of the Vessel shall be mutually agreed between the Owners and the Charterers and the Vessel shall be painted in the colors, display the funnel insignia and fly the house flag as required by the Charterers"

 

ဒါ​ပေမဲ့ အမည်​မ​ပေးရ​သေးတဲ့ သ​င်္ဘော အသစ်​ကို Time charter နဲ့ဌား ရာတွင်​ သ​င်္ဘောကျင်းက ​ပေးထားတဲ့ သ​င်္ဘောမှတ်​ပုံတင်​အမှတ်​ကိုဘဲ Name of Vessel ​နေရာတွင်​ ​ဖော်​ပြ၍ ဌားကြပါတယ်​။

 

့ liner operators ​တွေဟာ သူတို့လိုင်းမှာ ​ပြေးဆွဲတဲ့ သ​င်္ဘော​တွေရဲ့တစ်​ဝက်​​လောက်​ကိုဘဲပိုင်​ကြတာဖြစ်​ပြီး ကျန်​တစ်​ဝက်​ ဟာ ဌားထားတာဖြစ်​ကြပါတယ်​။ Clarksons Research ရဲ့ ၂၀၁၇ အချက်​အလက်​​တွေအရ ကုန်​​သေတ္တာ သ​င်္ဘောအများဆုံးပိုင်​သည့်​နိုင်​ငံမှာ ဂျာမဏီနိုင်​ငံဖြစ်​ပြီး အစီး​ရေ ၂၁၀၆ စီးပိုင်​ဆိုင်​ပါတယ်​။ Maersk လိုင်းအ​ခြေစိုက်​သည့်​ ဒိန်းမတ်​ နိုင်​ငံက​တော့ အစီး ၃၀၀ ဘဲပိုင်​ပါတယ်​ (ပုံ ၁)။ ဒါ​ကြောင့်​ ကမ္ဘာ့ထိပ်​တန်းကုန်သေတ္တာ သ​င်္ဘောပိုင်​တဲ့နိုင်​ငံ​တွေနဲ့ထိပ်​တန်း ကုန်​​သေတ္တာ သ​င်္ဘော လိုင်း​တွေအ​ခြေစိုက်​တဲ့နိုင်​ငံ​တွေဟာ မတူညီ ကြတာဖြစ်​ပါတယ်​။ ဂျာမန်​ နဲ့ ဂရိ​ ​တွေဟာ ကမ္ဘာမှာသ​င်္ဘော အများဆုံး ပိုင်​ဆိုင်​သူ​တွေဖြစ်​ကြ​ပေမဲ့ ထိပ်​တန်း ကုန်​​သေတ္တာ သ​င်္ဘောလိုင်းပိုင်​ရှင်​​တွေ မဟုတ်​ကြပါဘူး။ သ​ဘော က​တော့ သူတို့ပိုင်​တဲ့ သ​င်္ဘော​တွေကို သ​င်္ဘောလိုင်း​တွေကို ဌားစားတဲ့သူ​တွေ (charter-owner) ဖြစ်​ကြပါသည်​။

 

၂၀၁၇အတွင်း ကမ္ဘာ့ အကြီးဆုံး ကုန်​​သေတ္တာ လိုင်း မှာ ဒိန်းမတ်​ အ​ခြေစိုက်​ Maersk လိုင်း​ဖြစ်​ပြီး သ​င်္ဘောအစီး​ရေ ၆၂၁စီး ဖြင့်​ လိုင်း ​ပြေးဆွဲ​နေခြင်းဖြစ်​ပါတယ်​ ။ ဒါ​ကြောင့်​ Maersk လိုင်းက သ​င်္ဘော ၃၂၁ စီးကို သ​င်္ဘောဌားစားတဲ့ သ​င်္ဘောပိုင်​ရှင်​ (Charter-owners) ​တွေထံက နှစ်​ရှည်​အဌားစာချုပ်​နဲ့ ဌား​ထားတာလို့အကြမ်းဖျင်းတွက်​ဆလို့ ရပါတယ်​။

 

Bareboat charter ရဲ့ Time charter မဲ့မတူတဲ့ ထူးခြားချက်​က သ​င်္ဘောဌားသူက သူ ဌားထားတဲ့ သ​င်္ဘောကို Bareboat Charter Registry ဆိုပြီး ​နောက်​ထပ်​အပြိုင်​မှတ်​ပုံတင်​ (Parallel Registry) ထပ်​တင်​နိုင်​ပါတယ်​။ သ​င်္ဘောပိုင်​ရှင်​(သို့) ဝယ်​မယ့်​ သ​င်္ဘောကိုအ​ပေါင်​ခံပြီး ​ငွေထုတ်​​ချေးထားတဲ့ ဘဏ်​က သူတို့အမည်​နဲ့မှတ်​ပုံတင်​ထားတဲ့ မူလမှတ်​ပုံတင်​ကို​တော့ Underlying Registry လို့​ခေါ်ပါတယ်​။

 

မြန်​မာနိုင်​ငံတွင်​ စင်းလုံးဌားရမ်းခြင်း စာချုပ်​အရဖြစ်​​စေ၊ လူမပါစင်းလုံးဌားရမ်းခြင်းစာချုပ်​ အရဖြစ်​​စေ၊ မှတ်​ပုံတင်​ရန်​အတွက်​ တင်​ပြရ မည့်​စာရွက်​စာတမ်းများကို "မြန်​မာ သ​င်္ဘောများ မှတ်​ပုံတင်​ဥပ​ဒေ" ပုဒ်​မ ၁၉ တွင်​​ဖော်​ပြထားပါသည်​။

 

နိဂုံးချုပ်​အ​နေဖြင့်​ Maersk Shanghai သ​င်္ဘောအ​ကြောင်းကိုပြန်​​ကောက်​ရပါက သ​င်္ဘောကလည်း Maersk လိုင်း၏ သ​င်္ဘောစာရင်းတွင်​လည်းမပါ၊ သ​င်္ဘောသားစာရင်းကလည်း Maersk လိုင်း၏ crew list တွင်​မပါသဖြင့်​ Time charter ဖြင့်​ဌားသည်​ဟုထင်​စရာရှိ​သော်​လည်း၊ သ​င်္ဘောအမည်​ကို Maersk Shanghai ဟုမည့်​​ခေါ်ထား သဖြင့်​ crewပါ စင်းလုံးဌား(Demise charter) ဖြစ်​ပါသည်​။ Maersk Shanghai အပါအဝင်​ Maersk လိုင်း ၏ ကုန်​​သေတ္တာ သ​င်္ဘော ၅စီး အား လန်​ဒန်​ အ​ခြေစိုက်​ Zodiac Maritime ship management ကုမ္ပဏီမှတစ်​ဆင့်​ ဌားယူ (charter in) ထားခြင်းဖြစ်​ပါ သည်​။ အဆိုပါ ကုန်​​သေတ္တာ သ​င်္ဘော ၅ စီးမှာ-

 

MAERSK SHANGHAI (2016), 124092(DWT),10081(TEU)


MAERSK SHENZHEN (2016), 124092(DWT), 10081(TEU)


MAERSK SUZHOU (2016), 124092(DWT), 10081(TEU)


MAERSK SURABAYA (2006) 108349(DWT), 8845(TEU)


MAERSK SEMARANG (2007) 114653(DWT), 8845(TEU)

 

ReadMore - Liner operator များက သ​င်္ဘောကို အချိန်​ဖြင့်​ဌားရမ်းခြင်း နှင့်​ လူမပါ စင်းလုံးဌားခြင်း အ​ကြောင်းသိ​ကောင်း စရာများ။ (ပထမပိုင်း)

 

Source : Thant Zin

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)