Port News

ဆိပ်ခံတံတားနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့် သီလဝါရှိ Wilmar ဆိပ်ကမ်း စီမံကိန်းကြီး ၂၀၂၂ ခုနှစ် ပြီးစီးမည်

ဆိပ်ခံတံတားနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့် သီလဝါရှိ Wilmar ဆိပ်ကမ်း စီမံကိန်းကြီး ၂၀၂၂ ခုနှစ် ပြီးစီးမည် google

ခေတ်မီဘက်စုံသုံး နိုင်ငံတကာ ဆိပ်ခံတံတားနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့် သီလဝါရှိ Wilmar ဆိပ်ကမ်း စီမံကိန်းကြီး တခုလုံး ၂၀၂၂ ခုနှစ် ပြီးစီးမည်ဖြစ်ကြောင်း Wilmar Myanmar Port Terminals (Thilawa) Ltd မှ သိရပါတယ်။

 

“အခုကတော့ Jetty ကို ဖွင့်လှစ်နိုင်ပြီဖြစ်တဲ့အတွက် အထွေထွေ သင်္ဘောတွေပါ ဆိုက်ကပ်ပြီး ဆိပ်ကမ်းလုပ်ငန်းတွေ လက်ခံဆောင်ရွက်နေပါတယ်" ဟု Wilmar Myanmar Port Terminals (Thilawa) Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ မြန်မာဆိပ်ကမ်းအာဏာပိုင် နှင့် စင်ကာပူအခြေစိုက် Wilmar Myanmar Port Terminals (Thilawa) Ltd တို့အကြား B.O.T စနစ်ဖြင့် မြေငှားစာချုပ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုးပြီးခဲ့ပြီး MIC ခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

 

စီမံကိန်း ပထမအဆင့်ဖြစ်သည့် အလျား ၂၃၄ မီတာ၊ အကျယ် ၂၅ မီတာရှိ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာ ဆိပ်ခံတံတားသစ်ကြီးကို ၂၀၁၈ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့ကြောင်း သိခဲ့ရပါတယ်။ Wilmar ဆိပ်ကမ်း စီမံကိန်းသည် သီလဝါဆိပ်ကမ်း ဖွံ့ဖြိုးရေးဇုန်အကွက် အမှတ် (၂၀-၂၁) နှင့် (၂၁-၂၂) ကြားရှိ ဧက ၁၀၀ ဒသမ ၁၃၀၈ အကျယ်အဝန်းပေါ်တွင် တည်ရှိကြောင်း သိရပါတယ်။

 

ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၉ သန်း ခန့်ရှိပြီး Wilmar အထွေထွေကုန်စည်နှင့် ကုန်သေတ္တာဆိပ်ခံတံတားသစ်ကြီးနှင့် ဆက်စပ်၍ ဂျုံစက်ရုံ၊ စားသုံးဆီသိုလှောင်ကန်၊ သကြားစက်၊ ဓာတ်မြေသြဇာစက်ရုံ၊ ဆန်စက်များ၊ ဆီအုန်းထုတ်လုပ်သည့် စက်ရုံအစရှိသည့် စားသောက်ကုန်နှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် အခြားကုန်ပစ္စည်း သိုလှောင်ရုံများပါ တည်ဆောက်နေကြောင်း သိရှိခဲ့ရပါတယ်။

 

ဆန်နှင့် ဆက်စပ် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် တစ်နေ့လျှင် တန် ၁၂၀၀ ကျ ဆန်စက်လုပ်ငန်း လုပ်ကိုင်ခွင့်ကိုလည်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ အခြေခံဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ထို့ပြင် တစ်နေ့လျှင် တန် ၅၃၀ ကျ ဂျုံစက်ရုံလည်း ယခုလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

Read More - သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်

 

Source : ပြည်မြန်မာ

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)