Port News

အဓိကကျသော ပင်လယ်ရေကြောင်းကုန်သွယ်မှု

အဓိကကျသော ပင်လယ်ရေကြောင်းကုန်သွယ်မှု google

မြန်မာနိုင်ငံသည် သဘာဝအလျောက် ဖြစ်တည်လျက်ရှိသော သဘာဝသစ်တောများ၊ သဘာဝပင်လယ် ရေပိုင်နက်များကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သဘာဝရေပိုင်နက်များရှိသည့်အလျောက် ရေကြောင်းလုပ်ငန်းများသည် တစ်နေ့တခြား တိုးတက်များပြားလာခဲ့ပါတယ်။ မြန်မာနိုင်ငံ၌ အဓိကကျသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိပ်ကမ်း ကိုးခုရှိပါတယ်။

 

ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ အဓိကကျသော ပင်လယ်ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းဖြစ်ပြီး ရန်ကုန် ဆိပ်ကမ်းသို့ ကုန်စည်ဝင်ထွက်မှုသည် တစ်နေ့တခြား တိုးတက်များပြားလာခဲ့ပြီး သွင်းကုန်ပို့ကုန် လုပ်ငန်းများသည်လည်း တိုးတက်လာခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းတွင် သီလဝါ၊ ဆူးလေ၊ ဗိုလ်အောင်ကျော်၊ ထီးတန်း အစရှိသဖြင့် ကုန်သေတ္တာများ ကိုင်တွယ်ဆောင်ရွက်ပေးနေသည့် ဆိပ်ကမ်းနေရာ ခြောက်ခုရှိပြီး ယင်းဆိပ်ကမ်းနေရာအားလုံးကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

 

<<<<<<  ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html >>>>>>

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စီးပွားရေးကဏ္ဍကို တံခါးဖွင့်ပေးထားခဲ့ရာ ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံစီးပွားရေး တွင် အများဆုံးပါဝင်နေသည့်အတွက် ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည်မြင့်မားလာရန် အားပေးမြှင့်တင်ပေးလျက်ရှိပါတယ်။ ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာများ ကိုင်တွယ်ဆောင်ရွက်မှုကို ယခင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တစ်ခုတည်းကသာ ဆောင်ရွက်နေခြင်းဖြစ်ခဲ့ပြီး ယခုအခါပုဂ္ဂလိကကုမ္ပဏီများကပါ ကုန်သေတ္တာ ကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုထားပြီလဲ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်စည်ဝင်ထွက်မှုသည် တစ်နေ့တခြားများပြားလာသည့်အလျောက် ဆိပ်ကမ်းတိုးချဲ့ရေးလုပ်ငန်းများကို စီမံကိန်းဖြင့် စနစ်တကျ တိုးချဲ့ဆောင်ရွက်လျက်ရှိခဲ့ပါတတယ်။

 

ဆိပ်ကမ်းများ စွမ်းဆောင်ရည်အဆင့်မြှင့်တင်ရာတွင် ရေကြောင်းဝင်ထွက်မှု လွယ်ကူချောမွေ့ရေးနှင့် အန္တရာယ်ကင်းရေး၊ ဆိပ်ကမ်းဝန်ဆောင်မှုများ ကောင်းမွန်ရေးတို့ လိုအပ်ပါတယ်။ ဆိပ်ကမ်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာသည်နှင့်အမျှ ဝင်ထွက်သည့်ကုန်ပစ္စည်းများ မြန်ဆန်စွာ ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ ကုန်ပစ္စည်းသိုလှောင်မှု အဆင်ပြေရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဆိပ်ကမ်းများ ရေရှည်တည်တံ့မှု၊ သန့်ရှင်းသာယာမှုတို့ကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါတယ်။

 

ရန်ကုန်ဆိပ်ကမ်းသို့ ပင်လယ်ကူးသင်္ဘောကြီးများ အမြောက်အမြား ဝင်ထွက်နိုင်သည်နှင့်အမျှ ကုန်သွယ်မှုလုပ်ငန်းများသည် တိုးတက်များပြားလာမည် ဖြစ်ပြီး တန်ချိန်မြင့် သင်္ဘောကြီးများ ဝင်ထွက် ဆိုက်ကပ်နိုင်သည့် ရေစူးနက်သော ဆိပ်ကမ်းဖြစ်အောင် တိုးချဲ့ဆောင်ရွက်နိုင်သည်နှင့်အညီ ပင်လယ်ရေကြောင်း ကုန်စည်ကိုင်တွယ်မှု အခြေအနေသည် စွမ်းဆောင်ရည်တိုးမြင့်လာမည် ဖြစ်ပါတယ်။

 

ReadMore - ရေကြောင်းကဏ္ဍထောက်ပံ့ပို့ဆောင်ဖွဲ့စည်းမှု Maritime Logistics

 

Source : News and Periodical Enterprise

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)