မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ (MITT) ၏ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအကြောင်း ရှင်းလင်းပွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလဝါ၏ Marketing Manager ဦးသန်းထွန်းက "စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်မှန်းထားတာရှိတော့ ကျွန်တော်တို့ဆိပ်ကမ်းချဲ့ထွင်ဖို့ Phase 2 အပိုင်းကို မကြာမီ ရင်းနှီးမြှုပ်နှံဖို့ရှိကြောင်း၊ သီလဝါမှ ရွာသာကြီး-မန္တလေးအထိ ရထားနဲ့ကုန်စည်ပို့ဆောင်ရေးကဏ္ဍကိုပါ သြဂုတ်တွင်စတင်နိုင်မည်ဖြစ်ကြောင်း” ၎င်းက ပြောခဲ့ပါတယ်။
မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလဝါ (MITT) ၏ Phase 2 အပိုင်းကို ဟောင်ကောင်အခြေစိုက် Hutchison Port Holding က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ၁၅၈ သန်းဖြင့် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမည်ဟုသိရသည်။ရင်းနှီးမြှုပ်နှံမှုအများဆုံးလည်းဖြစ်ကြောင်း သိရပါတယ်။
MITT ၏ ထုတ်ပြန်ထားချက်အရ အကျယ်အဝန်း ၁၈၅ ဧကရှိပြီး ဆိုက်ကပ်နိုင်မှုတံတားအရှည်မီတာ ၁,၀၀၀ရှိ ကြောင်း၊ Phase 1 ၏ ကုန်သေတ္တာထားသိုနိုင်သည့် တည်ဆောက်မှုအပိုင်းပြီးစီးပြီဖြစ်ကြောင်း၊ တစ်နှစ်လျှင်ကုန်သေတ္တာ လေးသိန်းခွဲ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်းလည်းသိရပါတယ်။
ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/ports.html
ရန်ကုန် ရှိ ဆိပ်ကမ်းများ၏ ကုန်သေတ္တာကိုင်တွယ်နိုင်မှုတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က သီလဝါဆိပ်ကမ်းသည် TEU ၁၅၇,၇၅၅ ကိုင်တွယ်ခဲ့ကြောင်းသိရပါတယ်။Hutchison Port Holding သည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှအပါအဝင် အမေရိကတိုက်တို့တွင် ဆိပ်ကမ်းများတည်ဆောက်ထားပြီး၊ နိုင်ငံ ၂၀ ကျော်တွင် ဆိပ်ကမ်း ၅၂ ခု ရင်းနှီးမြှုပ်နှံထားကြောင်းသိရပါတယ်။
ယခု မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ (MITT) အတွက် Hutchison Port Holding သည်ရင်းနှီးမြှုပ်နှံ မှုကို ၁၉၉၅က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။
ReadMore - အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင်တည်ဆောက်မည်
Credit: iMyanmarHouse