မြန်မာနိုင်ငံ တောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပထမဦးစားပေး စီမံကိန်းသုံးခုအနက် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို လမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းဟူ၍ အပိုင်းသုံးပိုင်းခွဲခြားထားရာ လမ်းကို ထိုင်းနိုင်ငံချေးငွေ ဖြင့်လည်းကောင်း၊ လျှပ်စစ်မီးကို ကိုယ်ပိုင်အစီအစဉ်ဖြင့်လည်းကောင်း လုပ်ဆောင်ထားခြင်းကြောင့် ဆိပ်ကမ်းတည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေသည်ဟု အဆိုပါကော်မတီတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/ports.html
‘‘ဆိပ်ကမ်းက ကျွန်တော်တို့ဘက် ဦးစားပေးထားတဲ့ထဲက တစ်ခုပဲ။ ဒါပဲကျန်တော့တာ။ ဆိပ်ကမ်းက ပမာဏများတယ်။ ရေနက်ဆိပ် ကမ်းဆိုတော့။ သေချာပေါက် ထိုင်းက မဆောက်နိုင်တော့ဘူး။ ငွေမရှိတော့လို့။ ဂျပန်ဘက်ကို တင်ပြတယ်’’ဟု ၎င်းက ဆို၏ခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို လက်ရှိအစိုးရသက်တမ်းအတွင်း သိသာမြင်သာသည့် ရလဒ်ကောင်းများရရှိရန် ဂျပန်နိုင်ငံကို တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။အထူးစီးပွားရေးဇုန်အတွက်လိုအပ်သည့် နှစ်လမ်းသွားလမ်းကို ထိုင်းနိုင်ငံချေးငွေ ဒေါ်လာသန်း၁၃၀ ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၃၀ မတိုင်မီ သင်္ဘောဆိပ်ကမ်းနှင့် အသေးစား စက်မှုလုပ်ငန်းများ အခြေစိုက်စခန်းတစ်ခု ဖြစ်လာရန် ဂျပန်နိုင်ငံက စီစဉ်ခြင်းဖြစ်ခဲ့ပြီး အိန္ဒိယကဲ့သို့သော ဈေးကွက်များအတွက် ရည်ရွယ်၍ ပို့ကုန်အခြေစိုက်စခန်းတစ်ခုဖြစ်လာရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။
Read More - သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်
ဂျပန်၊ ထိုင်းနှင့် မြန်မာသည် ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခုကို ၂၀၁၅ က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်အရ ဂျပန်အစိုးရသည် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဂျပန်ဘဏ်မှတစ်ဆင့် အဆိုပါ စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါတယ်။
အဆိုပါစီမံကိန်းကို မူလက အကြီးစားစက်မှုလုပ်ငန်းနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး အာရုံစိုက်ခဲ့ရာ သို့သော် စီမံကိန်းဧရိယာအတွင်း မြေအမြောက်အများ လစ်လပ်နေဆဲဖြစ်ပြီး အစီအစဉ်ဆွဲခဲ့သည့် ဆိပ်ကမ်းကို လက်ရှိအချိန်ထိ မတည်ဆောက်ရသေးခဲ့ပါ။
ReadMore - မြန်မာ့ကမ်းရိုးတန်းတွင် အာရှနိုင်ငံကြီး သုံးနိုင်ငံက ဆိပ်ကမ်းသစ်ဖွင့်လှစ်ရန် စီစဉ်နေ
Source : 7 Day Daily