ကုန်တန်ချိန်များစွာ တင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်အတွင်း အသစ်ထပ်မံတည်ဆောက်ရန် နယ်သာလန်နိုင်ငံမှ ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် လေ့လာဆန်းစစ်နေကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။
ရေစူးနက်သည့် သင်္ဘော ကြီးများဆိုက်ကပ်နိုင်ရေး ရန်ကုန် ပင်လယ်ဝတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုနှင့် ကုန်ကျစ ရိတ်များမည့်အခြေအနေကြောင့် ရန်ကုန်မြစ်အတွင်း ပြောင်းလဲအကောင်အထည်ဖော်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။
အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင်တည်ဆောက်မည်
‘‘ပင်လယ်ဘက်မှာ ဆောက်မယ်ဆိုရင် အကာဘာမှရှိဘူး။ ကျွန်းတွေလည်းမရှိဘူး။ မုန်တိုင်း တွေဘာတွေတိုက်လာရင် ထိခိုက်နိုင်ခြေများတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။
နုန်းပို့ချမှုများသောရန်ကုန် မြစ်သည် ကုန်တန်ချိန်နှစ်သောင်းမှ သုံးသောင်းအကြား တင်ဆောင်နိုင်သော ရေစူးတိမ်သည့်သင်္ဘောများ ၀င်ထွက်နိုင်ပြီး ကုန်ပစ္စည်းတန်ချိန်သိန်းချီ တင်နိုင်သော သင်္ဘောများဝင်ထွက်နိုင်ရေး ရန်ကုန်မြစ်ဝပင်လယ်တွင် သင်္ဘောဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ၀န်ကြီးချုပ်က ပြီးခဲ့သည့် ၂ နှစ်ကျော်အတွင်း အများပြည်သူသို့ စတင်အသိပေးခဲ့ပါတယ်။
စက်သုံးဆီ သိုလှောင်ကန်များအပါအ၀င် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကြီးတစ်ခု အကောင်အထည်ဖော်မည်ဟု ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအချို့တွင် ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အာရှ၏ စီးပွားရေးအင်အား ကြီးနိုင်ငံအချို့ဖြစ်သော တရုတ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့က မြန် မာနိုင်ငံတွင် ဆိပ်ကမ်းစီမံကိန်း တစ်ခုအကောင်အထည်ဖော်ရန် ကြိုးစားနေသည်ဟု ဂျပန်နိုင်ငံ ထုတ် Nikkei Asian သတင်းဌာနကလည်း ဇူလိုင်လဆန်းက သတင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ရန်ကုန်ဆိပ်ကမ်းကို ရေယာဉ်အလျား ၁၆၇ မီတာ ၊ ရေစူး ၉ မီတာ နှင့် ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်နိုင်သည့်သင်္ဘောများ သာဝင်ထွက်နိုင် ပြီး သီလဝါဆိပ်ကမ်းတွင် ရေယာဉ်အလျား မီတာ ၂၀၀ ၊ ရေစူး ၉ မီတာ နှင့် ကုန်တန်ချိန် ၂၀၀၀၀ တို့သာ ဝင်ထွက်နိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။
သုံးနှစ်အတွင်း ဆိပ်ခံတံတားရှစ်စင်းအထိ တိုးချဲ့တည်ဆောက်ခဲ့သည့် သီလဝါဆိပ်ကမ်းဒေသတွင် ဆိပ်ခံတံတားကို တိုးချဲ့တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေ
Source : 7 Day daily