၂၀၁၅ ခုနှစ်မေလ ၁၅ရက်က ဂရိနိုင်ငံ Atlas Maritime ကပိုင်တဲ့ Aframax အရွယ်အစားLady M (DWT 115,400) ရေနံတင်သင်္ဘောဟာ gasoline ၉၀၀၀၀ တန် တင်ဆောင်ပြီး ရုရှားက အမေရိကန်နိုင်ငံ Houston အသွားလမ်းခရီး မြောက်အတ္တလန်တစ် သမုဒ္ဒရာထဲမှာ အင်ဂျင်ခန်းမှာ မီးလောင်လို့ ဆက်မသွားနိုင်တော့ပါဘူး။ သင်္ဘောပိုင်ရှင်က သင်္ဘောဆယ်တဲ့အဖွဲ့ကို ငှားရမ်းပြီး ဆွဲသင်္ဘော tug Hellas နဲ့ ရေမိုင် ၂၀၀ အကွာမှာရှိတဲ့ ကနေရီကျွန်း Las Palmas ဆိပ်ကမ်းကိုဆွဲယူ သွားပါတယ်။ သင်္ဘောပိုင်ရှင်က သင်္ဘောဆွဲခ အတွက် General Average ကြေညာလိုက်ပါတယ်။
သင်္ဘောရဲ့ကိုယ်ထည်ကတော့ ပျက်စီးခြင်းမရှိပါဘူး။
ကုန်ပစ္စည်း ပိုင်ရှင်တွေက သင်္ဘောဆယ်တဲ့ Salvors ကို ပေးဖို့ General Average fund ထဲ သူတို့ ထည့်ဝင်ပေးရတဲ့ contribution ကို ပြန်တောင်းဖို့ High Court တရားရုံးမှာ သင်္ဘောပိုင်ရှင်ကို တရားစွဲကြပါတယ်။
သင်္ဘောပိုင်ရှင်က တရားရုံးမှာ လျောက်လဲတာက သင်္ဘောအင်ဂျင်ခန်းမီးလောင်မှုဟာ အင်ဂျင်နီယာချုပ် ကတမင်သက်သက်မီးရှို့ခဲ့တာဖြစ်ပြီး အဲ့ဒီ အင်ဂျင်နီယာချုပ်ဟာ အလွန်အမင်း စိတ်ဖိစီးမှု (သို့) ရောဂါအမျိုးအမည် မဖေါ်ထုတ်နိုင်တဲ့ စိတ်မကျန်းမာမှု ခံစားနေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သင်္ဘောပိုင်ရှင်အနေနဲ့ Hague Visby Rules, Article IV, Rule 2 (b) အရ လျော်ကြေးပေးခြင်းမှ ကင်းလွတ်ခွင့်ရှိတယ်လို့ လျောက်လဲပါတယ်။
2. Neither the carrier nor the ship shall be responsible for loss or damage arising or resulting from -
(b) fire, unless caused by the actual fault or privity of the carrier ;
အဆိုပါ Rule 2(b) မှာ- မီးလောင်မှုဟာ သယ်ဆောင်သူ carrier ရဲ့ ကိုယ်တိုင်အမှားကြောင့် (သို့) ပါဝင်ဆက်စပ်ပတ်သက်မှုကြောင့် မဟုတ်ပါက မီးလောင်မှုကြောင့် ပျက်စီးဆုံးရုံးမှုအတွက် တာဝန်မရှိလို့ ဖေါ်ပြထားပါတယ်။
High Court က ဆုံးဖြတ်ပေးတာက မီးလောင်မှုဟာ တမင်သက်သက်ဖြစ်စေI သင်္ဘောရေယဉ်မှုး (သို့) သင်္ဘောသားများက သင်္ဘောပိုင်ရှင်ကို ထိခိုက်နစ်နာစေဖို့ မမှန်မကန် ကလိမ်ကကျစ်လုပ် ( barratry) ၍ဖြစ်စေ လောင်ခဲ့ လျင်တောင်မှ သင်္ဘောပိုင်ရှင် အနေဖြင့် HVR Article IV, Rule 2 (b) အရ မီးလောင်မှုကြောင့် ပျက်စီးဆုံးရုံးမှု အတွက်တာဝန်မရှိပါ။ သို့မဟုတ်ပါက သင်္ဘောပိုင်ရှင်အနေဖြင့် သူ၏ ဝန်းထမ်း/ အေးဂျင့် ကြောင့်ပျက်စီး ဆုံးရုံးမှုအတွက် တစ်ဆင့်ခံလျော် ကြေးပေးရန် တာဝန် (vicarious liability) ရှိပါတယ်။
အင်ဂျင်နီယာချုပ်က သင်္ဘောကိုမီးရှို့တာဟာ barratry ဖြစ်သလား/ မဖြစ်ဘူးလားဆိုတာနဲ့ ပတ်သက်၍ တရားသူကြီး Popplewell က ဆုံဖြတ်ပေးရာမှာ အင်ဂျင်နီယာချုပ်အနေဖြင့် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပါက barratry မမြောက်ဘူးလို့ ဆုံးဖြတ်ပါတယ်။
ကုန်ပစ္စည်းပိုင်ရှင်က အယူခံဆက်တက်ရာတွင် အယူခံတရားရုံးက HVR, Article IV, Rule 2(b) တွင် မီးလောင်မှုဟုဆိုရာ၌ မတော်တစ်စဖြစ်မှု (သို့) တမင်သက်သက်ရှို့မှု (သို့) ပေါ့ဆမှု (သို့) အခြားအကြောင်းတစ်ခုခုကြောင့်မီးလောင်မှုဟူ၍ သွယ်ဝိုက်ပြီး အထူးပြုဖေါ်ပြချက် (implicit qualification)မပါရှိသလို မီးလောင်မှု အတွက် မည်သူတွင်တာဝန်ရှိသည်လို့လည်း ဖေါ်ပြမထားဘဲ carrier ၏ ကိုယ်တိုင်အမှန်တစ်ကယ် မှားယွင်းမှု ကြောင့် (သို့) ဆက်စပ်ပါဝင်မှုကြောင့် မဟုတ်ပါက (unless caused by actual fault or privity of the Carrier) လို့ တိကျပြတ်သားတဲ့ အထူးပြု ဖေါ်ပြချက် (express qualification) သာ ပါရှိသည့်အတွက် မီးလောင်မှုဟာ မည်ကဲ့သို့ စတင်လောင်ကျွမ်းသည်ဖြစ်စေ carrier အနေဖြင့် သူကိုယ်တိုင် မှားယွင်းမှု (personal fault) ကြောင့်မဟုတ်ပါက ကုန်ပစ္စည်းပိုင်ရှင်၏ လျော်ကြေးတောင်းခံမှုအပေါ် Article IV, rule 2(b) အရ ကာကွယ်နိုင်ပါတယ်လို့ ဆုံးဖြတ်ပေးပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာက သင်္ဘောပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့သင်္ဘောရေယာဉ်မှုးတွေ လုပ်ငန်း ဆောင်ရွက်ရာမှာ ကောင်းမွန်စွာ မှန်မှန်ကန်ကန် ဆောင်ရွက်နေခြင်းရှိ/ မရှိကို ကြီးကြပ်ဖို့လိုပါတယ်။ အကယ်၍ လုံလောက်သော်ကြီးကြပ်မှုမရှိခဲ့ပါက သင်္ဘောပိုငိရှင်အနေနဲ့ ကိုယ်တိုင် အမှန်တစ်ကယ် မှားယွင်းမှု (သို့) ဆက်စပ်ပါဝင်တဲ့သဘော သက်ရောက်လို့ မီးလောင်မှုအတွက် လျော်ကြေးပေး ဆောင်ရခြင်းမှ ကင်းလွတ်ခွင့် အကာအကွယ်ကို မရနိုင်ဘူးလို့ "The Marion (1984) အမှုမှာ ဆုံးဖြတ်ထားတဲ့ စီရင်ထုံးရှိပါတယ်။
ကုန်စည်ပျက်စီးမှု/ ပျောက်ဆုံးမှုအတွက် သင်္ဘော ပိုင်ရှင်တွေရဲ့ လျော်ကြေးပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ရရှိမှုနဲ့ စပ်လျဉ်းပြီး သင်္ဘောဌားစာချုပ် (Charter party) တွေ နဲ့ သင်္ဘောကုန်တင်တန်ဆာ တွေမှာ ထည့်သွင်းဖေါ်ပြလေ့ရှိတဲ့ " New Jason Clause" အကြောင်းပြောပြချင်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၁၈၉၃ Harter Act sec. 3 အရ သင်္ဘောပိုင်ရှင်ဟာသူ့ရဲ့သင်္ဘောကို ပင်လယ်ပြင်သို့ စေလွတ်ရန် သင့်တော်အောင် (seaworthy) ဖြစ်အောင် ထိုက်သင့်သည့် ဂရုဓမ စိုက်ထုတ်ထားပါက သင်္ဘောမောင်းနှင်ရာတွင် မှားယွင်းမှု (error of navigation) ကြောင့် accident (သို့) danger တစ်ခုခုဖြစ်ပြီးကုန်စည် ပျက်စီးဆုံးရုံးမှု အတွက် လျော်ပေးရန်တာဝန်မရှိလို့ ပြဌာန်းထားပါတယ်။
ဤအက်ဥပဒေပြဌာန်းပြီး ကတည်းက သင်္ဘောပိုင်ရှင်များအနေဖြင့် ပေါ့ဆစွာ သင်္ဘောမောင်းနှင်မှု (negligent navigation) ကြောင့် ဥပမာ- သင်္ဘောချင်းတိုက်မိမှု/ သောင်တင်မှု ဖြစ်ပြီး ကုန်စည် ဆုံးရုံးပျက်စီးမှု ဖြစ်ခဲ့ပါက လျော်ပေး ရန်မလိုသော်ကြောင့် ကုန်ပစ္စည်းပိုင်ရှင်ထံမှ General Average fund အတွက် (ဥပမာ အထက်ပါ သင်္ဘောအင်ဂျင်ခန်းမီးလောင်လို့ သင်္ဘောကို သင်္ဘောဆယ်တဲ့အဖွဲ့က tug နဲ့ဆွဲခ အတွက်) ထည့်ဝင်ငွေ(contribution) တောင်းခံနိုင်တယ်လို့ မှတ်ယူကျပါတယ်။
အမေရိကန်နိုင်ငံမှာလည်း Hague rules ကို Carriage of Goods bySea Act (1936) ဆိုပြီး ပြဌာန်းထားပါတယ်။
အမေရိကန်နိုင်ငံ Supreme Court က ၁၈၉၈ခုနှစ်တွင် The Irrawaddy သင်္ဘောအမှုမှာ ဆုံးဖြတ်လိုက်တာက " Harter Act ရဲ့ error of navigation အရ သင်္ဘောပိုင်ရှင်အနေဖြင့် မိမိ ဝန်ထမ်း၏ ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရုံးမှု အတွက်တာဝန်မရှိဘဲ ကင်းလွတ်ခွင့် ရသော်လည်း အဲဒီပေါ့ဆမှုကြောင့် general average act ဆောင်ရွက်ရပါက (general average နဲ့ပါတ်သက် ပြီးဆောင်းပါးရေးထားပြီးလို့ထပ်မံမဖေါ်ပြတော့ပါဘူး) general average fund အတွက် ကုန်ပစ္စည်း ပိုင်ရှင်ထံမှ ထည့်ဝင်ငွေ (contribution) တောင်းပိုင်ခွင့် မရှိလို့ ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် သင်္ဘောပိုင်ရှင်တွေက အမေရိကန်ဆိပ် ကမ်းများသို့ သွားမည့် (သို့) မှ ထွက်ခွာမည့် သင်္ဘော များအတွက် ကုန်တင်တန်စာတွင် သင်္ဘောမှောင်းနှင် ရာတွင်ပေါ့ဆမှု (negligent navigation) ကြောင့် General Average sacrifice ရှိခဲ့ပါက သင်္ဘောပိုင်ရှင်အနေဖြင့် general average fund အတွက် contribution တောင်းခံခွင့်ရှိသည် ဆိုတဲ့ စကားရပ်ကို ထည့်သွင်းထားလေ့ရှိပါတယ်။
ကုန်တင်တန်စာမှာ ဒီလိုစကားရပ်ထည့်သွင်းတာ နဲ့ပါတ်သက်ပြီး တရားဝင်မှုရှိ/ မရှိကို ဆုံးဖြတ်ဖို့ ကုန်ပစ္စည်းပိုင်ရှင်တွေက ၁၉၁၂ ခုနှစ်က The Jason သင်္ဘောအမှုမှာ အထက်ပါ Lady M ရေနံတင်သင်္ဘောအမှုမှာလိုဘဲ တရားစွဲကြပါတယ်။ တရားရုံးက သင်္ဘောပိုင်ရှင်အနေ ဖြင့် သင်္ဘောကို seaworthy ဖြစ်အောင် ထိုက်သင့်သည့် လုံလ စိုက်ထုတ်မှု (due diligence) ရှိခဲ့ပါက သင်္ဘောပိုင်ရှင်ဘက်က ပေါ့ဆမှုရှိခဲ့သည်ဖြစ်စေအုံး တော့ ကုန်ပစ္စည်းပိုင်ရှင်, ကုန်တင်ပို့သူ, ကုန်လက်ခံ မည့်သူထံမှ general average contribution တောင်းခံခွင့်ရှိသည်လို့ဆုံးဖြတ် ပေးပါတယ်။ ဒါကြောင့် ဒီစကားရပ်ကို New Jadon Clause လိုခေါ်ကြပါတယ်။
The New Jason clause states that
“In the event of accident, danger, damage or disaster before or after the commencement of the voyage resulting from any cause whatsoever, whether due to negligence or not, for which, or for the consequence of which, the carrier is not responsible by statute, contract or otherwise, the goods, shippers, consignees or owners of the goods shall contribute with the carrier in general average to the payment of any sacrifices, losses or expenses of a general average nature that may be made or incurred and shall pay salvage and special charges incurred in respect of the goods."
မီးလောင်လွယ်သောကုန်စည်, ပေါက်ကွဲနိုင်သော် ကုန်စည်, ဘေးအန္တရာယ်ရှိသော်ကုန်စည်များကို ကုန်တင်ပို့သူက ဘေးအန္တရာယ်ရှိသော် ကုန်စည်ဖြစ်ကြောင်းကို သင်္ဘောမတင်မီ သင်္ဘောပိုင်ရှင်အား ကြေညာခြင်းမရှိပါက ပျက်စီး ဆုံးရှုံးမှုအတွက် ကုန်တင်ပို့သူတွင်တာဝန်ရှိကြောင်း HVR Article IV Rule 6 မှာပြဌာန်းထားပါတယ်။
6. Goods of an inflammable, explosive or dangerous nature to the shipment whereof the carrier, master or agent of the carrier, has not consented with knowledge of their nature and character, may at any time before discharge be landed at any place or destroyed or rendered innocuous by the carrier without compensation, and the shipper of such goods shall be liable for all damages and expenses directly or indirectly arising out of or resulting from such shipment.
Source : Thant Zin