အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံ သုံးစီမံကိန်း၏ ပလက်ဝနှင့် စစ်တွေဆိပ်ကမ်းများ လုပ်ဆောင်ခွင့်ရကုမ္ပဏီများကို လာမည့် ဒီဇင်ဘာတွင် ထုတ်ပြန်ကြေညာမည်ဟု အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် ရခိုင်ပြည်နယ်ရှိ စစ်တွေ ကုန်းတွင်းဆိပ်ကမ်းနှင့် ချင်းပြည်နယ်ရှိ ပလက်ဝဆိပ်ကမ်းတို့ ကို စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း တို့ဆောင်ရွက်ရမည်ဖြစ်ပါတယ်။အဆိုပါ လုပ်ငန်းအတွက် A2Z Group Construction En-gineering ကုမ္ပဏီက ဈေးအနည်းဆုံး တင်ဒါတင်သွင်းခဲ့သည်ဟု အိန္ဒိယသတင်းစာများတွင် ဖော်ပြထားခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီသည် မြန်မာကုမ္ပဏီနှင့် ပူးတွဲ၍ တင်ဒါတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟုဆိုပါတယ်။
ထိုစီမံကိန်းများ ဆောင်ရွက်လိုသည့် ကုမ္ပဏီများကို အိန္ဒိယအစိုးရက မေလ ၁၆ ရက်တွင် စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ကုမ္ပဏီများသည် ဂုဏ်သတင်းကျော်ကြားသော အိန္ဒိယကုမ္ပဏီ (သို့မဟုတ်)အိန္ဒိယကုမ္ပဏီက ဦးဆောင်သည့် မြန်မာ-အိန္ဒိယ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီဖြစ်ရန် လိုအပ်ကြောင်း အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ဆိုထားခဲ့ပါတယ်။
ကန်ဒေါ်လာ သန်း ၅၀၀ တန် ကုလားတန်ဘက်စုံသုံး စီမံကိန်း သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကို ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက် သွယ်ရန်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၀ တွင် အပြီးသတ်ရန် စီစဉ်ထားခဲ့ပါတယ်။အဆိုပါစီမံကိန်းသည် ရခိုင်ပြည်နယ် စစ်တွေမှ ကုလားတန် မြစ်ကို ရေကြောင်းဖြင့် ဖြတ်သန်း ပြီး ချင်းပြည်နယ် ပလက်ဝမြို့မှ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ် မြို့သို့ ဆက်သွယ်ရန်ဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၄ တွင် စတင်ပြီး အိန္ဒိယက အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်စည်ပင်သာ ယာရေးဝန်ကြီး ဦးဝင်းမြင့်က ‘‘တခြားမြို့နယ်တွေမှာ ဖြစ်ပေ မယ့် စစ်တွေဆိပ်ကမ်းကတော့ စစ်တွေမြို့နားမှာ ဆောင်ရွက်နေတာမို့ အခုချိန်ထိတော့ တိုက်ပွဲ ကြားမှာ မပါဘူး။ အန္တရာယ်မရှိ ပါဘူး’’ဟု ဆိုပါတယ်။
Source : 7daydaily