ကျွန်တော်ဟိုနေ့က NES - National Export Strategy ရဲ့ Logisticts ဆိုင်ရာ အခန်းကဏ္ဍ နဲ့ပတ်သက်ပြီး နိင်ငံတော်ကို အကြံပြုမှုပိုင်းဆိုင်ရာမှာ ကိစ္စတခုကို သေချာသိခဲ့တယ် တကယ်ဆွေးနွေးကြတဲ့ အချိန် ညနေပိုင်းမှာ အကောက်ခွန်ဝန်ဆောင်မှုအသင်းလဲ မရှိတော့ဘူး ဒီတော့ ဒီကဏ္ဍကို သေချာမဆွေးနွေးနိင်ခဲ့ဘူး ဖြစ်ခဲ့ပါတယ်။
ပြသနာက ဘာလဲဆိုရင် အကောက်ခွန်ရှင်းလင်းရေးစနစ်မှာ အဓိက ဖြစ်စေမှု ကုန်စည်စီးဆင်မှုမြန်ဆန်စေရေးအတွက် Online စနစ်ကိုအခြေခံပြီးလုပ်ဆောင်တာဖြစ်ပါတယ် MACCS ပေါ်လာတုန်းက အကျပ်အတည်းအခက်အခဲမှာ သဘောတူညီမှု မကြိုက်တာတွေရှိခဲ့ပေမယ့် လက်ခုပ်တီးပြီး အားပေးတဲ့ အထဲမှာကျနော် တက်ကြွစွာပါဝင်ခဲ့သူပါ။
အခုကိစ္စကတော့ ကုန်စည်တွေရဲ့ အကောက်ခွန်ရှင်းလင်းမှုမှာ Red တွေပဲကျနေတဲ့ ကိစ္စ 100% မှာ Green တွေဟာ 10% Yellow တွေဟာ 20% ပဲရပါတယ် ကျန်နေတဲ့ 70% နူန်းဟာ Red ပါ အားလုံးဖွင့်ဖောက်စစ်ဆေးတွေဖြစ်နေပါတယ် ဘာလို့ Red Channel တွေကများလာလဲဆိုရင် -
ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html
FDA နဲ့ပတ်သက်တဲ့ တင်သွင်းတင်ပို့မှုတွေ
ငါးလုပ်ငန်း EXPORT တွေ
အထူးကုန်စည်တွေ
DEV ခေါ်တဲ့ LCL Cargo တွေ
MIC နဲ့ချိတ်ဆက်ထားတဲ့ လိုင်စင်တွေ
CMP ကုန်စည်တွေအပြင်
Machinery တွေ Red
အများဆုံးဖြစ်တဲ့ CEPT ခံစားမှုကြောင့်
ကုန်စည်တွေဟာ ဖွင့်ဖောက်စစ်ဆေးမှုတွေ များနေပါတယ် CEPT လူတိုင်းရလာတဲ့ အမျှ အကောက်ခွန် Custom Duty များရာထားချက်များမြ့ပည့်မှီသလို ဖွင့်ဖောက်စစ်ဆေးရတာတွေလဲ အရမ်းများလာတယ် မနက်ထဲက စောစောဝင်ထားတဲ့ ကားတွေဟာ နေ့လည် ၄ နာရီအထိ အလုံးမတင်ရသေးတာဘောင်မရသေးတာများအပြင် နောက်ရက်ကူးတာတွေများလာတယ် ပိတ်ရက် အခံတွေ နဲ့ သောကြာလိုနေ့မျိုးတွေမှာပိုဆိုးလာတယ် ဒီတော့ ကုန်စည်စီးဆင်မှုဟာ အရင်ကတောင် နေ့ချင်းပြီး ကွန်တင်နာထွက်ပေမယ့် အခုဆို ရင် ပိုလို့တောင်ဆိုးလာပါတယ် ညနေ ၄ နာရီဆိုရင် ကာစတန်ရုံးငွေခန်းက ပိတ်တယ် စနေ တနင်္ဂနွေမှာ ငွေသွင်းလို့မရဘူး ညနေ ၆ နာရီထိစစ်ပေးသော်လည်း ငွေသွင်းမမှီပါ ဒီလိုအခြေနေတွေရှိလာတယ်။
ဒါတွေဟာ ကျနော်တို့ အကျပ်အတည်းတွေဖြစ်တယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး တင်ပြတာလဲ သိပ်မရှိကြလို့ ကျနော် ဒီကနေ တင်ပြတာဖြစ်ပါတယ် အကောက်ခွန် ဌာနအနေနဲ့ စီမံခန့်ခွဲမှု ပုံစံ ရေတို ကို ဥိးတည်သင့်ပါတယ် CEPT Online စနစ်တို နောက် တနေရာထဲမှာစစ်ဆေးမှု စနစ်တို့ဟာ လိုပါသေးတယ် ဒီတော့ လက်ရှိမှာ ကုန်စည်စီးဆင်းမှု နှောင့်နေးမှုတွေကို ရေတိုဖြေရှင်းနည်းရှိရင် ကောင်းမယ် ဆိုပြီး အကြံပြုပါတယ်။
အကောက်ခွန်မှာလဲ PCA တို့ နောက်ကြောင်းပြန်အခွန်ကောက်ခံမှုတွေလဲရှိပါတယ် အေးဂျင့်တွေလဲ အာမခံကြေးပေးထားတယ် မှန်မှန် ကန်ကန် တင်သွင်းမှုတွေလဲ များလာတယ် ဒါမို့ Red တွေ နဲ့ ဖွင့်ဖောက်စစ်ဆေးမှုများရတာဟာ Risk Managment သဘောတရားကို ပျက်ရည်ပြုသလိုဖြစ်နေပါတယ်။
ဒီပို့စ့်ရဲ့ ကောမန့်အောက်မှာ အပြစ်တင်တာမျိုးမဟုတ်ပဲ ဒီပြသနာကို ဖြေရှင်းနိင်မယ့် နည်းလမ်းရှိရင် အကြံပြုပေးဖို့ မေတ္တာရပ်ခံပါတယ် ဒီကနေတဆင့် သက်ဆိုင်ရာ ညွန်မှုးများ ကိုလဲတင်ပြပေးချင်ပါတယ် ခင်ဗျာ ပေါင်းပူးဆောင်ရွက်တင်ပြခြင်းဖြင့်သာ ပြသနာကိုပြေလည်နိင်ပါတယ်။
လှေငယ်များ ထုတ်လုပ်၍ ပြည်ပတင်ပို့မည်
credit :ကိုနေစေး
Myanmar Logistics Guide