Port News

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ အသစ်တည်ဆောက်သည့် ဇက်ရေယာဉ်သုံးစီး စမ်းသပ်မောင်းနှင်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ အသစ်တည်ဆောက်သည့် ဇက်ရေယာဉ်သုံးစီး စမ်းသပ်မောင်းနှင် Transcom

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ အသစ်တည်ဆောက်ပြီးစီးသည့် ဌာနပိုင်ဇက်-၂၀၁၊ ၂၀၂၊ ၂၀၃ ရေယာဉ်သုံးစီးကို ဒီဇင်ဘာလ (၄) ရက် နံနက်ပိုင်းက စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါစမ်းသပ်မောင်းနှင်ခဲ့သည့် ဇက်ရေယာဉ်သုံးစီးမှာ အလျားပေ (၁၆၀)၊ ဗျက် (၃၄)ပေနှင့် ဇောက် အနက် (၇)ပေခွဲရှိပြီး ၎င်းဇက်ရေယာဉ်များတွင် တရုတ်နိုင်ငံထုတ် Weichai WD 615/ WD-10190 KW ရှိ သော စက်မကြီးနှစ်လုံးနှင့်တွဲဖက်၍ SJ MA TEK NAV 20A-FP-Rudder Propeller ရှော်တယ်ယူနစ် (ပဲ့ချိတ်ယူနစ်)နှစ်ခုတပ်ဆင်ထားကာ သင်္ဘောတစ်စီးအတွက် ကုန်ကျစရိတ် ကျပ်သိန်း (၆၀၀၀)ရှိ၍ စီမံကိန်းတံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ကုန်သေတ္တာတင်စီမံကိန်းများတွင် အသုံးပြုရန် တည်ဆောက်ခြင်းဖြစ်ပါတယ်။

 

"အရင်က ပြည်တွင်းရေကြောင်းဌာနပိုင်ရေယာဉ်တွေကိုပဲ လွန်းကျင်းတင်ပြင်ဆင်မွမ်းမံတာတွေပဲ လုပ်နိုင်ပါတယ်။ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်ဇက်ရေ ယာဉ်သုံးစီးတည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဒါကျွန်တော်တို့ သင်္ဘောကျင်းမှာ ဌာနပိုင်အနေနဲ့ ပထမဆုံး တည်ဆောက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ် " ဟု ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်စိုးက ပြောခဲ့ပါတယ်။

 

ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ သင်္ဘောသစ်များတည်ဆောက် ပေးနေသကဲ့သို့ သင်္ဘောဟောင်း (၈)စင်းကိုလည်း လွန်းကျင်းတင်ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးတွင် ရန်ကုန်မြို့၌ ဌာနပိုင် သင်္ဘောကျင်းအနေဖြင့် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း နှင့် ဒလသင်္ဘောကျင်းတို့ဖြစ်ကြောင်း ဒလသင်္ဘောကျင်းမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရှေးအကျဆုံးသင်္ဘောကျင်း တစ်ခုဖြစ်ကြောင်းနှင့် နယ်မြို့များတွင် မန္တလေးရတနာပုံသင်္ဘောကျင်း၊ မုံရွာ ချင်းတွင်းသင်္ဘောကျင်း၊ သံလွင်-မုတ္တမသင်္ဘောကျင်းနှင့် စစ်တွေသင်္ဘောကျင်းတို့ဖြစ်ကြောင်း သိရပါတယ်။

 

>>>Zawgyi<<<

 

ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး၊ ဒဂုံဆိပ္ကမ္းသေဘၤာက်င္းမွ အသစ္တည္ေဆာက္သည့္ ဇက္ေရယာဥ္သုံးစီး စမ္းသပ္ေမာင္းႏွင္

 

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး၊ ဒဂုံဆိပ္ကမ္း သေဘၤာက်င္းမွ အသစ္တည္ေဆာက္ၿပီးစီးသည့္ ဌာနပိုင္ဇက္-၂၀၁၊ ၂၀၂၊ ၂၀၃ ေရယာဥ္သုံးစီးကို ဒီဇင္ဘာလ (၄) ရက္ နံနက္ပိုင္းက စမ္းသပ္ေမာင္းႏွင္ခဲ့ေၾကာင္း သိရပါတယ္။

 

အဆိုပါစမ္းသပ္ေမာင္းႏွင္ခဲ့သည့္ ဇက္ေရယာဥ္သုံးစီးမွာ အလ်ားေပ (၁၆၀)၊ ဗ်က္ (၃၄)ေပႏွင့္ ေဇာက္ အနက္ (၇)ေပခြဲရွိၿပီး ၎ဇက္ေရယာဥ္မ်ားတြင္ တ႐ုတ္ႏိုင္ငံထုတ္ Weichai WD 615/ WD-10190 KW ရွိ ေသာ စက္မႀကီးႏွစ္လုံးႏွင့္တြဲဖက္၍ SJ MA TEK NAV 20A-FP-Rudder Propeller ေရွာ္တယ္ယူနစ္ (ပဲ့ခ်ိတ္ယူနစ္)ႏွစ္ခုတပ္ဆင္ထားကာ သေဘၤာတစ္စီးအတြက္ ကုန္က်စရိတ္ က်ပ္သိန္း (၆၀၀၀)ရွိ၍ စီမံကိန္းတံတား တည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ ကုန္ေသတၱာတင္စီမံကိန္းမ်ားတြင္ အသုံးျပဳရန္ တည္ေဆာက္ျခင္းျဖစ္ပါတယ္။

 

Image may contain: sky, boat, outdoor and water

 

"အရင္က ျပည္တြင္းေရေၾကာင္းဌာနပိုင္ေရယာဥ္ေတြကိုပဲ လြန္းက်င္းတင္ျပင္ဆင္မြမ္းမံတာေတြပဲ လုပ္ႏိုင္ပါတယ္။ ယခု ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာေတာ့ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးဌာနပိုင္ဇက္ေရ ယာဥ္သုံးစီးတည္ေဆာက္ၿပီးစီးခဲ့ပါတယ္။ ဒါကြၽန္ေတာ္တို႔ သေဘၤာက်င္းမွာ ဌာနပိုင္အေနနဲ႔ ပထမဆုံး တည္ေဆာက္ေပးႏိုင္ခဲ့ျခင္းျဖစ္ပါတယ္ " ဟု ဒဂုံဆိပ္ကမ္း သေဘၤာက်င္းမွ ဒုတိယအင္ဂ်င္နီယာမႉးႀကီး ဦးတင္စိုးက ေျပာခဲ့ပါတယ္။

 

Image may contain: sky, outdoor and water

 

ယခုႏွစ္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ဒဂုံဆိပ္ကမ္းသေဘၤာက်င္းမွ သေဘၤာသစ္မ်ားတည္ေဆာက္ ေပးေနသကဲ့သို႔ သေဘၤာေဟာင္း (၈)စင္းကိုလည္း လြန္းက်င္းတင္ျပင္ဆင္ေပးႏိုင္ခဲ့ေၾကာင္း၊ ျပည္တြင္း ေရေၾကာင္းပို႔ေဆာင္ေရးတြင္ ရန္ကုန္ၿမိဳ႕၌ ဌာနပိုင္ သေဘၤာက်င္းအေနျဖင့္ ဒဂုံဆိပ္ကမ္းသေဘၤာက်င္း ႏွင့္ ဒလသေဘၤာက်င္းတို႔ျဖစ္ေၾကာင္း ဒလသေဘၤာက်င္းမွာ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး၏ ေရွးအက်ဆုံးသေဘၤာက်င္း တစ္ခုျဖစ္ေၾကာင္းႏွင့္ နယ္ၿမိဳ႕မ်ားတြင္ မႏၲေလးရတနာပုံသေဘၤာက်င္း၊ မုံ႐ြာ ခ်င္းတြင္းသေဘၤာက်င္း၊ သံလြင္-မုတၱမသေဘၤာက်င္းႏွင့္ စစ္ေတြသေဘၤာက်င္းတို႔ျဖစ္ေၾကာင္း သိရပါတယ္။

 

Image may contain: sky, boat, ocean, outdoor and water

 

Image may contain: table and indoor

 

 

Image may contain: indoor

 

 

Image may contain: 1 person, indoor

 

Source : Transcom

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)