Port News



မနေ့ညနေ (December 9) က ဘယ်လဂျီယမ်နိုင်ငံ Antwerp ဆိပ်ကမ်း၊ Scheldt မြစ် ဘယ်ဘက်ကမ်းရှိ DP World Antwerp Gatewayကုန်သေတ္တာ တံတားမှာ ဆိုက်ကပ်ထားတဲ့ APL Mexico City ကုန်သေတ္တာ သင်္ဘောဟာ လေပြင်းတိုက်လို့ ချီထားတဲ့ ဆိုင်းကြိုး ပြတ်ပြီး မျော်သွားစဉ် ဆိပ်ကမ်းဝန်ချီစက်လက်တန် (ship to shore crane) ကို တိုက်မိသွားပါတယ်။ ဝန်ချီစက်ကပြိုလဲသွားပြီ တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ သင်္ဘောဝန်ချီစက်ကို ပြုပြင်နေစဉ်ဖြစ်ပြီး ဝန်ချီစက်မောင်းသူ ကရိန်းပေါ်မှဆင်းပြီး ၅ မိနစ်ခန့် အကြာမှာ သင်္ဘောက တိုက်မိတာကြောင့် လူထိခိုက်မှု မရှိတာဖြစ်ပါတယ်လို့ အချို့သတင်းတွေ မှာ ဖော်ပြထားပါတယ်။

 

APL Mexico City ဟာ ကုန်သေတ္တာ ၉၂၀၀ တင်ဆောင်နိုင်သည့် သင်္ဘောဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံ Hamburg ဆိပ်ကမ်းက ထွက်ခွာလာတာဖြစ်ပြီး Antwerp ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာ မကြာသေးဘူးလို့ ဆိုပါတယ်။

 

---Zawgyi---

 

APL Mexico City ကုန်သေတ္တာ သင်္ဘောဟာ လေပြင်းတိုက်လို့ ချီထားတဲ့ ဆိုင်းကြိုး ပြတ်ပြီး ဆိပ်ကမ်းဝန်ချီစက်လက်တန်ဝင်တိုက်မိခဲ့

 


 


 

Source: gCaptain

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)