Port News

မြို့သာစက်မှု ဥယျာဉ်စီမံကိန်းမှ ဆီမီးခုံ နိုင်ငံတကာအဆင့်မီ သင်္ဘောဆိပ်ကမ်း တည်ဆောက်ပြီးစီး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာအနီးရှိ ဧရာဝတီမြစ်ဆိပ်ကမ်း၌ မြို့သာစက်မှု ဥယျာဉ် စီမံကိန်းနှင့်အတူ ယခုအခါ ယင်းစီမံကိန်း လုပ်ငန်းတစ်ခုဖြစ်သည့် ဆီမီးခုံ နိုင်ငံတကာအဆင့်မီ သင်္ဘောဆိပ်ကမ်း မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဆိပ်ကမ်းဒီဇိုင်းကို စင်ကာပူနိုင်ငံမှ ပညာရှင်များက ၂၀၁၂ ခုနှစ်အတွင်း ရေးဆွဲပြီးစီးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နယ်သာလန်နိုင်ငံမှ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုဆိပ်ခံတံတား၊ မြေထိန်းနံရံ၊ ဆီလှောင်ကန်နှင့် ကရိန်းပုံစံများ ရေး ဆွဲခြင်းကို ၂၀၁၃ ခုနှစ်အတွင်း ရေးဆွဲပြီးစီးခဲ့သည်။ ထို့နောက် တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဆိပ်ကမ်းမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

“ဒီဆီမီးခုံဆိပ်ကမ်းဆိုတာ ဆိပ်ကမ်းအနေနဲ့ တော်တော်လေးကို ကောင်းခဲ့ တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဆိပ်ကမ်းတစ်ခုအဖြစ် မရောက်ရှိ ခဲ့သေးပါဘူး။ MMID အဖွဲ့အနေနဲ့ ဒီဆိပ်ကမ်းကို လုပ်တဲ့အတွက်ကြောင့် ဒါကို Pontoon ဆိပ်ကမ်းကို အပေါ်မှာ တန် ၅၀ ကရိန်းတင်ထားပါတယ်။ ဒီတန် ၅၀ ကရိန်းက ပေ ၄၀ ကွန်တိန်နာမနိုင်တဲ့အထိ ဆောင်ရွက်ထား တာဖြစ်လို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပွန်တွန်းဆိပ်ကမ်းပဲ ဖြစ်ပါတယ်။ ဆိပ်ကမ်းဆောက်တာတော့ ပြီးသွားပါပြီ။ ပေ ၆၀ ၊ ၇၀ လောက် ကျယ်ပြီး တန် ၅၀ လောက် မနိုင်တဲ့ ကွန်တိန်နာ ၁၆၀၀ လောက်တင်နိုင်တဲ့ နေရာ တစ်ခုကိုလည်း ဆောင်ရွက်ထားပါတယ်။ အဲဒါတွေလည်း အားလုံးအော်ဒါမှာ ထားပြီးပါပြီ။ လာမယ့် ဇန်နဝါရီလလောက်ဆို အားလုံးပြီးသွားပါမယ်။ ခုဆို ဂျပန်က အဖွဲ့တွေလည်း လာပြီးကမ်းလှမ်းနေပါပြီ”ဟု ဦးအောင်ဝင်းခိုင် က ပြောသည်။

 

စီးပွားရေးလုပ်ငန်းများတွင် စက်ရုံအလုပ်ရုံများအပြင် ဆီမီးခုံဆိပ်ကမ်း၊ အဆင့်မီဂေါက်ကွင်း၊ အခြားသော စီးပွားရေးဆိုင်ရာ အဆောက်အအုံများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ စက်မှု ဇုန်တည်ရှိရာ နေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၏ အချက်အချာကျသော ပထဝီအနေအထားအရ စက်မှု လုပ်ငန်းနှင့် ပတ်သက် သော ထောက်ပံ့ပို့ဆောင်ရေးဒေသအဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ မြို့သာ စက်မှု ဥယျာဉ်နှင့် ဆီမီးခုံဆိပ်ကမ်း ဆက်သွယ်သည့် လမ်း ၁၁ မိုင်နှင့် စက်မှုဥယျာဉ်အတွင်း ပင်မလမ်းများ ဖောက်လုပ် ထားမှုကြောင့် ဒေသခံ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလျက်ရှိပြီး ခရီးသည်တင် ဘတ်စ်ကား လိုင်းခုနစ်လိုင်းခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ကုန်တင်ယာဉ် အများအပြားလည်း သွားလာမှု ပိုမို လွယ်ကူလာ၍ ကုန်စည်စီး ဆင်းမှုနှင့် အတူ စီးပွားရေးအခွင့်အလမ်းများ တိုးတက်လျက် ရှိကြောင်း သိရသည်။

 

လမ်းပန်းဆက်သွယ်ရေး ဆုံမှတ် အနီးတွင်တည်ရှိ၍ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းများအတွက် အထူး သင့်လျော်သော အနေအထားတွင် တည်ရှိကြောင်း သိရသည်။ စက်မှုဇုန်သည် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မိုင် ၂၀ သာ ကွာဝေးခြင်း၊ အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် တရုတ် နိုင်ငံအကြား တည်ရှိပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်းဒေသတို့မှ သီးနှံထွက်ရှိရာ အလယ်ဗဟိုတွင် တည်ရှိသော ဆိပ်ကမ်းနှင့် စက်မှု ဥယျာဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

>>> Ports ဆိပ္ကမ္း၀န္ေဆာင္မႈမ်ားကုိရွာေဖြရန္ႏိွပ္ပါ <<<

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

ၿမိဳ႕သာစက္မႈ ဥယ်ာဥ္စီမံကိန္းမွ ဆီမီးခုံ ႏိုင္ငံတကာအဆင့္မီ သေဘၤာဆိပ္ကမ္း တည္ေဆာက္ၿပီးစီး

 

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံခ႐ိုင္ ငါန္းဇြန္ၿမိဳ႕နယ္ ၿမိဳ႕သာအနီးရွိ ဧရာဝတီျမစ္ဆိပ္ကမ္း၌ ၿမိဳ႕သာစက္မႈ ဥယ်ာဥ္ စီမံကိန္းႏွင့္အတူ ယခုအခါ ယင္းစီမံကိန္း လုပ္ငန္းတစ္ခုျဖစ္သည့္ ဆီမီးခုံ ႏိုင္ငံတကာအဆင့္မီ သေဘၤာဆိပ္ကမ္း မွာ တည္ေဆာက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။

 

အဆိုပါ ဆိပ္ကမ္းတည္ေဆာက္ေရးအတြက္ ဆိပ္ကမ္းဒီဇိုင္းကို စင္ကာပူႏိုင္ငံမွ ပညာရွင္မ်ားက ၂၀၁၂ ခုႏွစ္အတြင္း ေရးဆြဲၿပီးစီးခဲ့ၿပီး တည္ေဆာက္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ နယ္သာလန္ႏိုင္ငံမွ ကုမၸဏီႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုဆိပ္ခံတံတား၊ ေျမထိန္းနံရံ၊ ဆီေလွာင္ကန္ႏွင့္ ကရိန္းပုံစံမ်ား ေရး ဆြဲျခင္းကို ၂၀၁၃ ခုႏွစ္အတြင္း ေရးဆြဲၿပီးစီးခဲ့သည္။ ထို႔ေနာက္ တည္ေဆာက္ေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ယခုအခါ ဆိပ္ကမ္းမွာ ရာႏႈန္းျပည့္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။

 

“ဒီဆီမီးခုံဆိပ္ကမ္းဆိုတာ ဆိပ္ကမ္းအေနနဲ႔ ေတာ္ေတာ္ေလးကို ေကာင္းခဲ့ တဲ့ေနရာတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ ဆိပ္ကမ္းတစ္ခုအျဖစ္ မေရာက္ရွိ ခဲ့ေသးပါဘူး။ MMID အဖြဲ႕အေနနဲ႔ ဒီဆိပ္ကမ္းကို လုပ္တဲ့အတြက္ေၾကာင့္ ဒါကို Pontoon ဆိပ္ကမ္းကို အေပၚမွာ တန္ ၅၀ ကရိန္းတင္ထားပါတယ္။ ဒီတန္ ၅၀ ကရိန္းက ေပ ၄၀ ကြန္တိန္နာမႏိုင္တဲ့အထိ ေဆာင္႐ြက္ထား တာျဖစ္လို႔ ျမန္မာႏိုင္ငံမွာ ပထမဦးဆုံး ပြန္တြန္းဆိပ္ကမ္းပဲ ျဖစ္ပါတယ္။ ဆိပ္ကမ္းေဆာက္တာေတာ့ ၿပီးသြားပါၿပီ။ ေပ ၆၀ ၊ ၇၀ ေလာက္ က်ယ္ၿပီး တန္ ၅၀ ေလာက္ မႏိုင္တဲ့ ကြန္တိန္နာ ၁၆၀၀ ေလာက္တင္ႏိုင္တဲ့ ေနရာ တစ္ခုကိုလည္း ေဆာင္႐ြက္ထားပါတယ္။ အဲဒါေတြလည္း အားလုံးေအာ္ဒါမွာ ထားၿပီးပါၿပီ။ လာမယ့္ ဇန္နဝါရီလေလာက္ဆို အားလုံးၿပီးသြားပါမယ္။ ခုဆို ဂ်ပန္က အဖြဲ႕ေတြလည္း လာၿပီးကမ္းလွမ္းေနပါၿပီ”ဟု ဦးေအာင္ဝင္းခိုင္ က ေျပာသည္။

 

စီးပြားေရးလုပ္ငန္းမ်ားတြင္ စက္႐ုံအလုပ္႐ုံမ်ားအျပင္ ဆီမီးခုံဆိပ္ကမ္း၊ အဆင့္မီေဂါက္ကြင္း၊ အျခားေသာ စီးပြားေရးဆိုင္ရာ အေဆာက္အအုံမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ စက္မႈ ဇုန္တည္ရွိရာ ေနရာသည္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသ၏ အခ်က္အခ်ာက်ေသာ ပထဝီအေနအထားအရ စက္မႈ လုပ္ငန္းႏွင့္ ပတ္သက္ ေသာ ေထာက္ပံ့ပို႔ေဆာင္ေရးေဒသအျဖစ္ ေရာက္ရွိလာမည္ျဖစ္သည္။ ၿမိဳ႕သာ စက္မႈ ဥယ်ာဥ္ႏွင့္ ဆီမီးခုံဆိပ္ကမ္း ဆက္သြယ္သည့္ လမ္း ၁၁ မိုင္ႏွင့္ စက္မႈဥယ်ာဥ္အတြင္း ပင္မလမ္းမ်ား ေဖာက္လုပ္ ထားမႈေၾကာင့္ ေဒသခံ ျပည္သူမ်ား လမ္းပန္းဆက္သြယ္ေရး အဆင္ေျပလ်က္ရွိၿပီး ခရီးသည္တင္ ဘတ္စ္ကား လိုင္းခုနစ္လိုင္းခန႔္ ေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။ ကုန္တင္ယာဥ္ အမ်ားအျပားလည္း သြားလာမႈ ပိုမို လြယ္ကူလာ၍ ကုန္စည္စီး ဆင္းမႈႏွင့္ အတူ စီးပြားေရးအခြင့္အလမ္းမ်ား တိုးတက္လ်က္ ရွိေၾကာင္း သိရသည္။

 

လမ္းပန္းဆက္သြယ္ေရး ဆုံမွတ္ အနီးတြင္တည္ရွိ၍ ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈလုပ္ငန္းမ်ားအတြက္ အထူး သင့္ေလ်ာ္ေသာ အေနအထားတြင္ တည္ရွိေၾကာင္း သိရသည္။ စက္မႈဇုန္သည္ မႏၲေလး အျပည္ျပည္ ဆိုင္ရာ ေလဆိပ္ႏွင့္ မိုင္ ၂၀ သာ ကြာေဝးျခင္း၊ အထူးသျဖင့္ အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ ႏိုင္ငံအၾကား တည္ရွိၿပီး မႏၲေလး၊ မေကြး၊ စစ္ကိုင္းေဒသတို႔မွ သီးႏွံထြက္ရွိရာ အလယ္ဗဟိုတြင္ တည္ရွိေသာ ဆိပ္ကမ္းႏွင့္ စက္မႈ ဥယ်ာဥ္အျဖစ္ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း သိရသည္။

 

  >>> Logistics Services ေထာက္ပံ့သယ္ယူပုိ႔ေဆာင္စီမံေရးလုပ္ငန္းေပါင္း ၅၀၅ခုကိုရွာရန္ႏိွပ္ပါ <<<

 

 Myanmar Logistics Guide

Read times
Rate this item
(0 votes)