Port News

သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းဝန်ဆောင်မှု ရယူရန် အခြေခံလိုအပ်ချက်များ

သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းဝန်ဆောင်မှု ရယူရန် အခြေခံလိုအပ်ချက်များ google

၁။ ဤ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသည့် ကုမ္ပဏီ/ အဖွဲ့အစည်း/ လုပ်ငန်းရှင်များသည် ယင်း လိုင်စင်အား အခြားတစ်ဦးဦးသို့ ထပ်ဆင့် လွှဲပြောင်း လုပ်ကိုင်စေခြင်း မပြုရ။

 

၂။ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသူသည် နိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ ပြဋ္ဌာန်း ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်။

 

၃။ သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက် ထားသည့်အခါတွင်ဖြစ်စေ၊ လိုင်စင် သက်တမ်း တိုးမြှင့်သည့် အခါတွင်ဖြစ်စေ၊ တစ်နှစ်လျင် သတ်မှတ် လိုင်စင်ကြေးအဖြစ် တပြိုင်တည်း လွန်းတင်နိုင်သည့် ရေယာဉ်စုစုပေါင်း တန်ချိန် ၅၀မှ ၂၀၀၀ အထိ ကျပ် တစ်ဆယ့်ငါးသိန်း၊ တန်ချိန် ၂၀၀၁ မှ ၁၀၀၀၀ အထိ ကျပ် သုံးဆယ်သိန်းနှင့် တန်ချိန် ၁၀၀၀၀ အထက် ကျပ် လေးဆယ့်ငါးသိန်းကို ပေးသွင်းရမည်။

 

၄။ သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် သက်တမ်းမှာ (၁)နှစ်ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ (၃၀) ရက်အတွင်း သက်တမ်းတိုးမြှင့် ဆောင်ရွက်ရမည်။

 

၅။ သင်္ဘောကျင်းလုပ်ငန်း လိုင်စင်သက်တမ်းတိုး လျှောက်ထားသည့်အခါ၊ မူလ ထုတ်ပေးထားသည့် လိုင် စင်ကို တင်ပြရမည်ဖြစ်သည်။ လိုင်စင် သက်တမ်းတိုး ခြင်းအား အချိန်မီ ဆောင်ရွက်ခြင်းမပြုဘဲ သတ်မှတ် ရက်ထက် ၁လ (ရက်ပေါင်း ၃၀)အတွင်း ကျော်လွန်ပက ဒဏ်ကြေးအဖြစ် ကျပ် တစ်သိန်း၊ ၁လ(ရက် ပေါင်း ၃၀)ထက် ကျော်လွန်ပါက ကျပ် နှစ်သိန်း၊ ၂လ (ရက် ပေါင်း ၆၀)ထက် ကျော်လွန်ပါ က ကျပ် သုံးသိန်း၊ ၃လ (ရက်ပေါင်း ၉၀)ထက် ကျော်လွန်ပါက ကျပ် တစ် ဆယ်သိန်းနှင့် ၄ လ (ရက်ပေါင်း ၁၂၀) ထက် ကျော် လွန်ပါကလိုင်စင်အပြီး ပိတ်သိမ်းခြင်း ခံရမည်။ သက် တမ်း မကုန်ဆုံးမီ ထုတ် ပေးထားသည့် လိုင်စင်ပျက်စီး ပျောက်ဆုံးသဖြင့် အသစ် လျှောက်ထားခြင်း အတွက် ဒဏ်ကြေးအဖြစ် ကျပ် တစ်သိန်းပေးဆောင်ရမည်။

 

၆။ သင်္ဘောကျင်းလုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တည်ဆဲဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်။

 

၇။ ဤလုပ်ငန်းလိုင်စင်အရ ခွင့်ပြုထားသော လုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိ။

 

၈။ လုပ်ငန်းလိုင်စင်တွင် ခွင့်ပြုထားသည့် ရေယာဉ် အရွယ် အစား၊ တန်ချိန်နှင့် လုပ်ငန်းပမာဏအပေါ် မူတည် ၍ ကိုက်ညီ သည့် အဆောက်အအုံများ၊ စက်ပစ္စည်း စက်ယန္တရားများ ပြည့်စုံ လုံလောက်စွာ ထားရှိရမည်။

 

၉။ သင်္ဘောကျင်းလုပ်ငန်း ဆောင်ရွက်ကြသည့် အင် ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများသည် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ လုပ်ငန်း ကျွမ်းကျင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်သည်။

 

၁၀။ လွန်းကျင်းကြံ့ခိုင်ရေး၊ လွန်းတင် လွန်းချသည့် ရေယာဉ်များ ထိခိုက်မှု အန္တရာယ်မရှိစေရေးအတွက် လုပ်ငန်း လိုင်စင်ရယူသူမှ တာဝန်ယူရမည်။

 

၁၁။ လွန်းကျင်းမျက်နှာစာရှေ့ ရေပြင်၌ သတ်မှတ် ရေ အနက်ရရှိရေးနှင့် သင်္ဘောကျင်း ဧရိယာရှိ ကမ်းပါးနယ် အတွက် လုပ်ငန်းလိုင်စင်ရယူသူမှ အမြဲစစ်ဆေး ထိန်းသိမ်း ရမည်။

 

၁၂။ လွန်းတင် လွန်းချသည့် ရေယာဉ်များကြောင့် မြစ် အတွင်း ရပ်နား ခုတ်မောင်း သွားလာနေသည့် ရေ ယာဉ်များ၊ မြစ်ကူးတံတား၊ ဆိပ်ခံတံတား၊ ဗော်ယာများ ထိခိုက်မှု မရှိစေရေး၊ ရေလမ်းကြောင်း ပိတ်ဆို့မှု မရှိစေရေးကို လုပ်ငန်းလိုင်စင်ရယူသူမှ ကြိုတင်စီစဉ် ဆောင်ရွက်ရမည်။ လွန်းတင် လွန်းချသည့် အချိန်တိုင်း အရေးပေါ် လိုအပ်က အသုံး ပြုနိုင်ရန် တွဲ/ဆွဲရေယာဉ် စီစဉ်ထားရှိရမည်။

 

၁၃။ လွန်းတင် လွန်းချသည့် ရေယာဉ်များမှ ရေဆိုး၊ ဆီဆိုး ဆီဟောင်းများ၊ အမှိုက်များ၊ အညစ် အကြေး များကို မြစ်ချောင်းအတွင်း လုံးဝ(လုံးဝ) စွန့်ပစ်ခြင်း မပြုရ။ စွန့်ပစ်ခြင်းကို စစ်ဆေးတွေ့ရှိပါက မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဥပဒေအရသတ်မှတ်ထားသည့် ဒဏ်ကြေး ပေးဆောင်ရမည့်အပြင် စွန့်ပစ်ပစ္စည်းများ ကို စနစ်တကျ ရှင်းလင်း ဆောင်ရွက် ပေးရမည်။ ထို့အပြင် ရေဆိုး၊ ဆီဆိုး ဆီဟောင်းများ၊ အမှိုက်များ၊ အညစ် အကြေးများကို စွန့်ပစ် ရာတွင် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှု မရှိစေရေးအတွက် လုပ်ငန်းလိုင်စင် ရယူသူမှ တာဝန်ယူ စီမံဆောင်ရွက်ရမည်။

 

၁၄။ လွန်းကျင်း လုံခြုံရေးနှင့် မီးဘေးကြိုတင် ကာ ကွယ်ရေးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်း များ၊ အစီအမံများ ဆောင်ရွက်ထားရှိရမည်။

 

၁၅။ သင်္ဘောကျင်း ပတ်ဝန်းကျင်ရှိ အများပြည်သူ အား ထိခိုက်နစ်နာစေမည့် လုပ်ငန်း ဆောင်ရွက်မှုမျိုး မရှိစေရန် အထူးဂရုပြုရမည်။ ထို့အပြင် လေထု၊ ရေထု နှင့် မြေထု ညစ်ညမ်းမှုမရှိစေရေးအတွက် လုပ်ငန်း လိုင် စင်ရယူသူမှ တာဝန်ယူ စီမံ ဆောင်ရွက်ရမည်။

 

၁၆။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရေယာဉ် တည်ဆောက် ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ယင်းဦးစီးဌာန၏ သတ်မှတ် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး International Classification Societies အဖွဲ့အစည်း များ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် ရေယာဉ်တည် ဆောက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို အဆိုပါ အဖွဲ့ အစည်းများ၏ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရမည် ဖြစ်သည်။

 

၁၇။ လုပ်ငန်းခွင် အလင်းရောင် လုံလောက်စွာရရှိ ရေး၊ လုပ်ငန်းခွင် လေဝင် လေထွက် ကောင်းမွန်ရေး၊ လုပ်ငန်းခွင် သန့်ရှင်းသာယာရေးနှင့် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်း ပစ္စည်းကိရိယာများ စနစ်တကျ အသုံးပြုရေးကို လုပ်ငန်း လိုင်စင်ရယူသူမှ စီမံဆောင် ရွက်ရ မည်။

 

၁၈။ လုပ်ငန်း ဆောင်ရွက်သည့် လုပ်သားများသည် လုပ်ငန်း အမျိုးအစားအလိုက်ဝတ်ဆင်ရမည့်ဘေးအန္တရာယ် ကင်းဝတ်စုံ၊ အသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်ရ မည်။

 

၁၉။ လုပ်ငန်းခွင်ရှိ အဆောက်အအုံများ၊ စက်ပစ္စည်း စက်ယန္တရားများနှင့် လျှပ်စစ်ပစ္စည်းများကို ပုံမှန် စစ် ဆေးပြီး ကြံ့ခိုင်မှုရှိရန်စဉ်ဆက်မပြတ်ထိန်းသိမ်း ဆောင် ရွက်ရမည်။

 

၂၀။ ကာလအပိုင်းအခြားဖြင့် သတ်မှတ် ထုတ်ပေးထား သည့် လုပ်ငန်းလိုင်စင်၊ ထောက်ခံချက်များကို သက်တမ်း ကျော်လွန်ခြင်း မရှိစေရေးအတွက်ပုံမှန် သက်တမ်းတိုး ဆောင်ရွက်ရမည်။

 

၂၁။ အထက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များ သည် အခြေခံသတ်မှတ်ချက်များသာ ဖြစ်ပြီး၊ ကာလ/ ဒေသ အလိုက်ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ သင်္ဘော ကျင်းလုပ်ငန်းနှင့် ဆက်နွယ်သည့် အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ သတ်မှတ် ချက်များကို လိုက်နာ ဆောင်ရွက်ရန် တာဝန် ရှိသည်။

 

၂၂။ အထက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊သို့မဟုတ် သင်္ဘောကျင်း လုပ်ငန်း ဆောင်ရွက်နိုင်သည့် အခြေအနေနှင့်ကိုက်ညီမှု မရှိခြင်းကို တွေ့ရှိပါက သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းခြင်းခံရမည် ဖြစ်သည်။

 

" ဝန်ဆောင်ခ " 

 

တန်ချိန် ၅၀ မှ ၂၀၀၀ အထိ ကျပ် တစ်ဆယ့်ငါးသိန်း၊

တန်ချိန် ၂၀၀၁ မှ ၁၀၀၀၀ အထိ ကျပ် သုံးဆယ်သိန်းနှင့်

တန်ချိန် ၁၀၀၀၀ အထက် ကျပ် လေးဆယ့်ငါးသိန်း

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္

>>>>>>>>>>

 

သေဘၤာက်င္းလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္ ထုတ္ေပးျခင္းဝန္ေဆာင္မႈ ရယူရန္ အေျခခံလိုအပ္ခ်က္မ်ား

 

၁။ ဤ လုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္ ရရွိသည့္ ကုမၸဏီ/ အဖြဲ႕အစည္း/ လုပ္ငန္းရွင္မ်ားသည္ ယင္း လိုင္စင္အား အျခားတစ္ဦးဦးသို႔ ထပ္ဆင့္ လႊဲေျပာင္း လုပ္ကိုင္ေစျခင္း မျပဳရ။

 

၂။ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ရရွိထားသူသည္ ႏိုင္ငံေတာ္၊ ျပည္ေထာင္စုဝန္ႀကီးဌာန၊ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရႏွင့္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္တို႔မွ ျပ႒ာန္း ထုတ္ျပန္ထားသည့္ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ား၊ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္မ်ားကို တိက်စြာ လိုက္နာရမည္။

 

၃။ သေဘၤာက်င္းလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္ ေလွ်ာက္ ထားသည့္အခါတြင္ျဖစ္ေစ၊ လိုင္စင္ သက္တမ္း တိုးျမႇင့္သည့္ အခါတြင္ျဖစ္ေစ၊ တစ္ႏွစ္လ်င္ သတ္မွတ္ လိုင္စင္ေၾကးအျဖစ္ တၿပိဳင္တည္း လြန္းတင္ႏိုင္သည့္ ေရယာဥ္စုစုေပါင္း တန္ခ်ိန္ ၅၀မွ ၂၀၀၀ အထိ က်ပ္ တစ္ဆယ့္ငါးသိန္း၊ တန္ခ်ိန္ ၂၀၀၁ မွ ၁၀၀၀၀ အထိ က်ပ္ သုံးဆယ္သိန္းႏွင့္ တန္ခ်ိန္ ၁၀၀၀၀ အထက္ က်ပ္ ေလးဆယ့္ငါးသိန္းကို ေပးသြင္းရမည္။

 

၄။ သေဘၤာက်င္းလုပ္ငန္း လုပ္ကိုင္ခြင့္ လိုင္စင္ သက္တမ္းမွာ (၁)ႏွစ္ျဖစ္ၿပီး သက္တမ္း မကုန္ဆုံးမီ (၃၀) ရက္အတြင္း သက္တမ္းတိုးျမႇင့္ ေဆာင္႐ြက္ရမည္။

 

၅။ သေဘၤာက်င္းလုပ္ငန္း လိုင္စင္သက္တမ္းတိုး ေလွ်ာက္ထားသည့္အခါ၊ မူလ ထုတ္ေပးထားသည့္ လိုင္ စင္ကို တင္ျပရမည္ျဖစ္သည္။ လိုင္စင္ သက္တမ္းတိုး ျခင္းအား အခ်ိန္မီ ေဆာင္႐ြက္ျခင္းမျပဳဘဲ သတ္မွတ္ ရက္ထက္ ၁လ (ရက္ေပါင္း ၃၀)အတြင္း ေက်ာ္လြန္ပက ဒဏ္ေၾကးအျဖစ္ က်ပ္ တစ္သိန္း၊ ၁လ(ရက္ ေပါင္း ၃၀)ထက္ ေက်ာ္လြန္ပါက က်ပ္ ႏွစ္သိန္း၊ ၂လ (ရက္ ေပါင္း ၆၀)ထက္ ေက်ာ္လြန္ပါ က က်ပ္ သုံးသိန္း၊ ၃လ (ရက္ေပါင္း ၉၀)ထက္ ေက်ာ္လြန္ပါက က်ပ္ တစ္ ဆယ္သိန္းႏွင့္ ၄ လ (ရက္ေပါင္း ၁၂၀) ထက္ ေက်ာ္ လြန္ပါကလိုင္စင္အၿပီး ပိတ္သိမ္းျခင္း ခံရမည္။ သက္ တမ္း မကုန္ဆုံးမီ ထုတ္ ေပးထားသည့္ လိုင္စင္ပ်က္စီး ေပ်ာက္ဆုံးသျဖင့္ အသစ္ ေလွ်ာက္ထားျခင္း အတြက္ ဒဏ္ေၾကးအျဖစ္ က်ပ္ တစ္သိန္းေပးေဆာင္ရမည္။

 

၆။ သေဘၤာက်င္းလုပ္ငန္းလိုင္စင္မရွိဘဲ လုပ္ငန္းေဆာင္႐ြက္ပါက ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၏ တည္ဆဲဥပေဒႏွင့္ အညီ ထိေရာက္စြာ အေရးယူျခင္းခံရမည္။

 

၇။ ဤလုပ္ငန္းလိုင္စင္အရ ခြင့္ျပဳထားေသာ လုပ္ငန္းမွအပ အျခားလုပ္ငန္းမ်ား လုပ္ကိုင္ ေဆာင္႐ြက္ခြင့္မရွိ။

 

၈။ လုပ္ငန္းလိုင္စင္တြင္ ခြင့္ျပဳထားသည့္ ေရယာဥ္ အ႐ြယ္ အစား၊ တန္ခ်ိန္ႏွင့္ လုပ္ငန္းပမာဏအေပၚ မူတည္ ၍ ကိုက္ညီ သည့္ အေဆာက္အအုံမ်ား၊ စက္ပစၥည္း စက္ယႏၲရားမ်ား ျပည့္စုံ လုံေလာက္စြာ ထားရွိရမည္။

 

၉။ သေဘၤာက်င္းလုပ္ငန္း ေဆာင္႐ြက္ၾကသည့္ အင္ ဂ်င္နီယာမ်ား၊ ကြၽမ္းက်င္လုပ္သားမ်ားသည္ အလုပ္ သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ ႀကီးဌာန၊ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ၊ လုပ္ငန္း ကြၽမ္းက်င္မႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႕အစည္းမ်ားမွ ျပ႒ာန္းထားသည့္ ဥပေဒ၊ နည္း ဥပေဒမ်ားႏွင့္အညီ လိုက္နာ ေဆာင္႐ြက္ရမည္ ျဖစ္သည္။

 

၁၀။ လြန္းက်င္းႀကံ့ခိုင္ေရး၊ လြန္းတင္ လြန္းခ်သည့္ ေရယာဥ္မ်ား ထိခိုက္မႈ အႏၲရာယ္မရွိေစေရးအတြက္ လုပ္ငန္း လိုင္စင္ရယူသူမွ တာဝန္ယူရမည္။

 

၁၁။ လြန္းက်င္းမ်က္ႏွာစာေရွ႕ ေရျပင္၌ သတ္မွတ္ ေရ အနက္ရရွိေရးႏွင့္ သေဘၤာက်င္း ဧရိယာရွိ ကမ္းပါးနယ္ အတြက္ လုပ္ငန္းလိုင္စင္ရယူသူမွ အၿမဲစစ္ေဆး ထိန္းသိမ္း ရမည္။

 

၁၂။ လြန္းတင္ လြန္းခ်သည့္ ေရယာဥ္မ်ားေၾကာင့္ ျမစ္ အတြင္း ရပ္နား ခုတ္ေမာင္း သြားလာေနသည့္ ေရ ယာဥ္မ်ား၊ ျမစ္ကူးတံတား၊ ဆိပ္ခံတံတား၊ ေဗာ္ယာမ်ား ထိခိုက္မႈ မရွိေစေရး၊ ေရလမ္းေၾကာင္း ပိတ္ဆို႔မႈ မရွိေစေရးကို လုပ္ငန္းလိုင္စင္ရယူသူမွ ႀကိဳတင္စီစဥ္ ေဆာင္႐ြက္ရမည္။ လြန္းတင္ လြန္းခ်သည့္ အခ်ိန္တိုင္း အေရးေပၚ လိုအပ္က အသုံး ျပဳႏိုင္ရန္ တြဲ/ဆြဲေရယာဥ္ စီစဥ္ထားရွိရမည္။

 

၁၃။ လြန္းတင္ လြန္းခ်သည့္ ေရယာဥ္မ်ားမွ ေရဆိုး၊ ဆီဆိုး ဆီေဟာင္းမ်ား၊ အမႈိက္မ်ား၊ အညစ္ အေၾကး မ်ားကို ျမစ္ေခ်ာင္းအတြင္း လုံးဝ(လုံးဝ) စြန႔္ပစ္ျခင္း မျပဳရ။ စြန႔္ပစ္ျခင္းကို စစ္ေဆးေတြ႕ရွိပါက ျမန္မာ့ ဆိပ္ကမ္း အာဏာပိုင္ ဥပေဒအရသတ္မွတ္ထားသည့္ ဒဏ္ေၾကး ေပးေဆာင္ရမည့္အျပင္ စြန႔္ပစ္ပစၥည္းမ်ား ကို စနစ္တက် ရွင္းလင္း ေဆာင္႐ြက္ ေပးရမည္။ ထို႔အျပင္ ေရဆိုး၊ ဆီဆိုး ဆီေဟာင္းမ်ား၊ အမႈိက္မ်ား၊ အညစ္ အေၾကးမ်ားကို စြန႔္ပစ္ ရာတြင္ သဘာဝပတ္ဝန္း က်င္ ထိခိုက္မႈ မရွိေစေရးအတြက္ လုပ္ငန္းလိုင္စင္ ရယူသူမွ တာဝန္ယူ စီမံေဆာင္႐ြက္ရမည္။

 

၁၄။ လြန္းက်င္း လုံၿခဳံေရးႏွင့္ မီးေဘးႀကိဳတင္ ကာ ကြယ္ေရးအတြက္ လိုအပ္ေသာ အေထာက္အကူျပဳ ပစၥည္း မ်ား၊ အစီအမံမ်ား ေဆာင္႐ြက္ထားရွိရမည္။

 

၁၅။ သေဘၤာက်င္း ပတ္ဝန္းက်င္ရွိ အမ်ားျပည္သူ အား ထိခိုက္နစ္နာေစမည့္ လုပ္ငန္း ေဆာင္႐ြက္မႈမ်ိဳး မရွိေစရန္ အထူးဂ႐ုျပဳရမည္။ ထို႔အျပင္ ေလထု၊ ေရထု ႏွင့္ ေျမထု ညစ္ညမ္းမႈမရွိေစေရးအတြက္ လုပ္ငန္း လိုင္ စင္ရယူသူမွ တာဝန္ယူ စီမံ ေဆာင္႐ြက္ရမည္။

 

၁၆။ ေရေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ေဆာင္႐ြက္သည့္ ေရယာဥ္ တည္ေဆာက္ ျခင္း၊ ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို ယင္းဦးစီးဌာန၏ သတ္မွတ္ ခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရမည္ ျဖစ္ၿပီး International Classification Societies အဖြဲ႕အစည္း မ်ား၏ႀကီးၾကပ္မႈျဖင့္ ေဆာင္႐ြက္မည့္ ေရယာဥ္တည္ ေဆာက္ျခင္း၊ ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို အဆိုပါ အဖြဲ႕ အစည္းမ်ား၏ သတ္မွတ္ခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္ ႐ြက္ရမည္ ျဖစ္သည္။

 

၁၇။ လုပ္ငန္းခြင္ အလင္းေရာင္ လုံေလာက္စြာရရွိ ေရး၊ လုပ္ငန္းခြင္ ​ေလဝင္ ေလထြက္ ေကာင္းမြန္ေရး၊ လုပ္ငန္းခြင္ သန႔္ရွင္းသာယာေရးႏွင့္ လုပ္ငန္းခြင္ ေဘး အႏၲရာယ္ကင္း ပစၥည္းကိရိယာမ်ား စနစ္တက် အသုံးျပဳေရးကို လုပ္ငန္း လိုင္စင္ရယူသူမွ စီမံေဆာင္ ႐ြက္ရ မည္။

 

၁၈။ လုပ္ငန္း ေဆာင္႐ြက္သည့္ လုပ္သားမ်ားသည္ လုပ္ငန္း အမ်ိဳးအစားအလိုက္ဝတ္ဆင္ရမည့္ေဘးအႏၲရာယ္ ကင္းဝတ္စုံ၊ အသုံးအေဆာင္မ်ား ဝတ္ဆင္ေဆာင္႐ြက္ရ မည္။

 

၁၉။ လုပ္ငန္းခြင္ရွိ အေဆာက္အအုံမ်ား၊ စက္ပစၥည္း စက္ယႏၲရားမ်ားႏွင့္ လွ်ပ္စစ္ပစၥည္းမ်ားကို ပုံမွန္ စစ္ ေဆးၿပီး ႀကံ့ခိုင္မႈရွိရန္စဥ္ဆက္မျပတ္ထိန္းသိမ္း ေဆာင္ ႐ြက္ရမည္။

 

၂၀။ ကာလအပိုင္းအျခားျဖင့္ သတ္မွတ္ ထုတ္ေပးထား သည့္ လုပ္ငန္းလိုင္စင္၊ ေထာက္ခံခ်က္မ်ားကို သက္တမ္း ေက်ာ္လြန္ျခင္း မရွိေစေရးအတြက္ပုံမွန္ သက္တမ္းတိုး ေဆာင္႐ြက္ရမည္။

 

၂၁။ အထက္ေဖာ္ျပပါ စည္းကမ္းသတ္မွတ္ခ်က္မ်ား သည္ အေျခခံသတ္မွတ္ခ်က္မ်ားသာ ျဖစ္ၿပီး၊ ကာလ/ ေဒသ အလိုက္ထုတ္ျပန္သည့္ ၫႊန္ၾကားခ်က္မ်ား၊ သေဘၤာ က်င္းလုပ္ငန္းႏွင့္ ဆက္ႏြယ္သည့္ အာဏာပိုင္ အဖြဲ႕အစည္း တစ္ခုခုမွ ထုတ္ျပန္သည့္ ၫႊန္ၾကားခ်က္မ်ား၊ သတ္မွတ္ ခ်က္မ်ားကို လိုက္နာ ေဆာင္႐ြက္ရန္ တာဝန္ ရွိသည္။

 

၂၂။ အထက္ေဖာ္ျပပါ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ျခင္း၊သို႔မဟုတ္ သေဘၤာက်င္း လုပ္ငန္း ေဆာင္႐ြက္ႏိုင္သည့္ အေျခအေနႏွင့္ကိုက္ညီမႈ မရွိျခင္းကို ေတြ႕ရွိပါက သေဘၤာက်င္းလုပ္ငန္း လုပ္ကိုင္ခြင့္ လိုင္စင္ ပိတ္သိမ္းျခင္းခံရမည္ ျဖစ္သည္။

 

" ဝန္ေဆာင္ခ "

 

တန္ခ်ိန္ ၅၀ မွ ၂၀၀၀ အထိ က်ပ္ တစ္ဆယ့္ငါးသိန္း၊

တန္ခ်ိန္ ၂၀၀၁ မွ ၁၀၀၀၀ အထိ က်ပ္ သုံးဆယ္သိန္းႏွင့္

တန္ခ်ိန္ ၁၀၀၀၀ အထက္ က်ပ္ ေလးဆယ့္ငါးသိန္း

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)