ယခုနှစ် ဆန်းပိုင်း၊ဇန်နဝါရီလ တစ်ရက်နေ့ကပင် ဆာလဖါဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့လျော့ချရေးအတွက် ၊Global Sulphur Cap စတင်အသက်ဝင်ခဲ့ပါတယ်။ECA ဧရိယာများမှအပ၊သင်္ဘောများတွင်၊ဆာလဖါ 0.5% (m/m ) အောက်ပါဝင်သောလောင်စာဆီကို
ပြောင်းလွဲသုံးစွဲကြရမယ်ကို အများအသိပင်ဖြစ်ပါတယ်။
အာရှတိုက်မှနိုင်ငံတခုဖြစ်တဲ့၊ တောင်ကိုးရီးယားဟာဆိုရင်ဒီနှစ်ဆန်းစ မှာဘဲ ဥပဒေတခုကို အတည်ပြုခဲ့ပါတယ်။ ကိုးရီးယားနိုင်ငံအနေဖြင့်၊ အိုင်အမ်အိုမှ ပြဌာန်းသည့်ဥပဒေများကို လိုက်နာရသည့်နည်းတူ၊ယင်းနိုင်ငံရဲ့ အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့၊MOF ( the ministry of Maritime
Affairs and Fisheries) မှ " the Special Act on improvement of Airetc.ကိုဇန်နဝါရီလ တစ်ရက်2020 ကအတည်ပြုပြဌာန်းလိုက်ပါပြီ။
ထိုဥပဒေအရကိုးရီးယားအစိုးရအနေဖြင့်၊အောက်ပါအဓိကဆိပ်ကမ်းငါးခုကို Emission Control Areas အဖြစ်တရားဝင် သတ်မှတ်လိုက်ပါပြီ။
ယင်းတို့ ...
(1) Incheon Area
(2) Pyeongtaek & Dangjin Area
(3) Yeosang & Gwangyang Area
(4) Busan Area
(5) Ulsan Area
( အသေးစိတ်သိလိုသူများအတွက်မြေပုံနှင့် location ကိုပုံများတွင်ဖေါ်ပြပေးထားပါသည်။)
ထိုဧရိယာအတွင်း၊ကူးသန်းသွားလာမည့် သင်္ဘောများတွင်၊အသုံးပြုမည့်လောင်စာဆီတွင် ပါဝင်မည့်ဆာလဖါပမာဏသည် 0.1%m/m (mass by mass) ထက်မကျော်ရပါ။ ထိုဥပဒေသည် ECA ဧရိယာများတွင်( 2020 September 01) မှစတင်အကျုံးဝင်ပါပြီ။
ဥပဒေကို ပထမအဆင့်၊ဒုတိယအဆင့်ဆိုပြီး နှစ်ဆင့်ခွဲခြားတင်းကြပ်ထားပါတယ်..။
ပထမအဆင့်အနေဖြင့် 2020 Sep 01 နေ့မှစတင်ပြီး၊ Berthing or Anchoring အချိန်တွင်၊ 0.1% ဆာလဖါဆီကိုပြောင်းလဲအသုံးပြုရပါမယ်။အချိန်ကာလမှာ၊ berthing or anchoring ပြုလုပ်ပြီး တနာရီနောက်ပိုင်းနှင့်ပြန်လည်မထွက်ခွာခင် တစ်နာရီကာလအတွင်း 0.1% m/m ဆာလဖါလောင်စာဆီကို တောက်လျောက်သုံးစွဲရပါ့မယ်။ ပင်မအင်ဂျင်ကြီးအပါအဝင် Gen engines:Aux Boiler များပါဝင်ပါတယ်။
ဒုတိယအဆင့်အနေဖြင့်၊ 01 Jan 2022 မှစတင်ပြီး၊ကိုးရီးယား ECA ဧရိယာကို စတင်ဝင်ရောက်သည့်နှင့်တပြိုင်နက် sulphur content 0.1% လောင်စာဆီကို ပြောင်းလဲသုံးစွဲရတော့မှာပါ။ ထို့အပြင် ဥပဒေနဲ့ညီသောအခြားနည်းလမ်းများကိုလည်း လက်ခံသွားမှာပါ။ ဥပမာ 0.1% sulphur ပြောင်းလဲခြင်းနဲ့တူသော Scrubber တပ်ဆင်ခြင်းမျိုး..မည်သို့ပင်ဖြစ်စေ Eastern Shipping Co.Ltd မှဝေမျှသော စာစောင်လေး ကိုကိုးကားရင်း၊ ကိုးရီးယားဧရိယာအတွင်း တာဝန်ထမ်းဆောင်ကြမည့် ညီနောင်များအတွက်၊ နှစ်ဦးသတင်းလေးထပ်ဆင့်မျှဝေလိုက်ပါရစေ။
Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>
အာရွတြင္၊ECA ဧရိယာ တခုထပ္တိုးေတာ့မည့္၊ေတာင္ကိုးရီးယားႏိုင္ငံ
ယခုႏွစ္ ဆန္းပိုင္း၊ဇန္နဝါရီလ တစ္ရက္ေန႔ကပင္ ဆာလဖါဒိုင္ ေအာက္ဆိုဒ္ဓာတ္ေငြ႕ေလ်ာ့ခ်ေရးအတြက္ ၊Global Sulphur Cap စတင္အသက္ဝင္ခဲ့ပါတယ္။ECA ဧရိယာမ်ားမွအပ၊သေဘၤာမ်ားတြင္၊ဆာလဖါ 0.5% (m/m ) ေအာက္ပါဝင္ေသာေလာင္စာဆီကို ေျပာင္းလြဲသုံးစြဲၾကရမယ္ကို အမ်ားအသိပင္ျဖစ္ပါတယ္။
အာရွတိုက္မွႏိုင္ငံတခုျဖစ္တဲ့၊ ေတာင္ကိုးရီးယားဟာဆိုရင္ဒီႏွစ္ဆန္းစ မွာဘဲ ဥပေဒတခုကို အတည္ျပဳခဲ့ပါတယ္။ ကိုးရီးယားႏိုင္ငံအေနျဖင့္၊ အိုင္အမ္အိုမွ ျပဌာန္းသည့္ဥပေဒမ်ားကို လိုက္နာရသည့္နည္းတူ၊ယင္းႏိုင္ငံရဲ႕ အာဏာပိုင္အဖြဲ႕အစည္းျဖစ္တဲ့၊MOF ( the ministry of Maritime Affairs and Fisheries) မွ " the Special Act on improvement of Airetc.ကိုဇန္နဝါရီလ တစ္ရက္2020 ကအတည္ျပဳျပဌာန္းလိုက္ပါၿပီ။
ထိုဥပေဒအရကိုးရီးယားအစိုးရအေနျဖင့္၊ေအာက္ပါအဓိကဆိပ္ကမ္းငါးခုကို Emission Control Areas အျဖစ္တရားဝင္ သတ္မွတ္လိုက္ပါၿပီ။
ယင္းတို႔မွာ...
(1) Incheon Area
(2) Pyeongtaek & Dangjin Area
(3) Yeosang & Gwangyang Area
(4) Busan Area
(5) Ulsan Area
( အေသးစိတ္သိလိုသူမ်ားအတြက္ေျမပုံႏွင့္ location ကိုပုံမ်ားတြင္ေဖၚျပေပးထားပါသည္။)
ထိုဧရိယာအတြင္း၊ကူးသန္းသြားလာမည့္ သေဘၤာမ်ားတြင္၊အသုံးျပဳမည့္ေလာင္စာဆီတြင္ ပါဝင္မည့္ဆာလဖါပမာဏသည္ 0.1%m/m (mass by mass) ထက္မေက်ာ္ရပါ။ ထိုဥပေဒသည္ ECA ဧရိယာမ်ားတြင္( 2020 September 01) မွစတင္အက်ဳံးဝင္ပါၿပီ။
ဥပေဒကို ပထမအဆင့္၊ဒုတိယအဆင့္ဆိုၿပီး ႏွစ္ဆင့္ခြဲျခားတင္းၾကပ္ထားပါတယ္..။
ပထမအဆင့္အေနျဖင့္ 2020 Sep 01 ေန႔မွစတင္ၿပီး၊ Berthing or Anchoring အခ်ိန္တြင္၊ 0.1% ဆာလဖါဆီကိုေျပာင္းလဲအသုံးျပဳရပါမယ္။အခ်ိန္ကာလမွာ၊ berthing or anchoring ျပဳလုပ္ၿပီး တနာရီေနာက္ပိုင္းႏွင့္ျပန္လည္မထြက္ခြာခင္ တစ္နာရီကာလအတြင္း 0.1% m/m ဆာလဖါေလာင္စာဆီကို ေတာက္ေလ်ာက္သုံးစြဲရပါ့မယ္။ ပင္မအင္ဂ်င္ႀကီးအပါအဝင္ Gen engines:Aux Boiler မ်ားပါဝင္ပါတယ္။
ဒုတိယအဆင့္အေနျဖင့္၊ 01 Jan 2022 မွစတင္ၿပီး၊ကိုးရီးယား ECA ဧရိယာကို စတင္ဝင္ေရာက္သည့္ႏွင့္တၿပိဳင္နက္ sulphur content 0.1% ေလာင္စာဆီကို ေျပာင္းလဲသုံးစြဲရေတာ့မွာပါ။ ထို႔အျပင္ ဥပေဒနဲ႔ညီေသာအျခားနည္းလမ္းမ်ားကိုလည္း လက္ခံသြားမွာပါ။ ဥပမာ 0.1% sulphur ေျပာင္းလဲျခင္းနဲ႔တူေသာ Scrubber တပ္ဆင္ျခင္းမ်ိဳး..မည္သို႔ပင္ျဖစ္ေစ Eastern Shipping Co.Ltd မွေဝမွ်ေသာ စာေစာင္ေလး ကိုကိုးကားရင္း၊ ကိုးရီးယားဧရိယာအတြင္း တာဝန္ထမ္းေဆာင္ၾကမည့္ ညီေနာင္မ်ားအတြက္၊ ႏွစ္ဦးသတင္းေလးထပ္ဆင့္မွ်ေဝလိုက္ပါရေစ။
credit : Original Writer
Myanmar Logistics Guide