Port News

၂၉.၁.၂၀၂၀ ရက်နေ့၊ (၁၃ း၀၈)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ MEC ဆိပ်ကမ်းဝင်းအတွင်းရှိ သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့

၂၉.၁.၂၀၂၀ ရက်နေ့၊ (၁၃ း၀၈)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ MEC ဆိပ်ကမ်းဝင်းအတွင်းရှိ သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ သင်္ဘောသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဉီးမျိုးဝင်း ဦးဆောင်သော level1 ယာဉ်အုပ်စုများ ရောက်ရှိနေပြီး သင်္ဘောဝမ်းဗိုက်အတွင်းခန်းရှိ မီးခိုးထွက်ရာနေရာများ၊ Cabin ခန်းများအား Gas Suppression System တွင်ပါရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များဖြင့် ဖုံးအုပ်လွှတ်ထားပြီး မီးလောင်မှုအခြေအနေအား စောင့်ကြည့်လျက်ရှိပါသည်။ မီးခိုးထွက်ရှိမှုအခြေအနေနှင့် သင်္ဘောနံရံများ အပူချိန်မြင့်တက်လာမှုမရှိသဖြင့် စိတ်ချရသည့်အခြေအနေဖြစ်ပြီး မီးခိုး၊ မီးတောက်လုံးဝမရှိသည့် အခြေအနေဖြစ်ပါက သင်္ဘောဝမ်းဗိုက်အတွင်းပိုင်းအခန်းများသို့ အပြီးသတ်ဝင်ရောက်ရှင်းလင်းငြှိမ်းသတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

>>>Zawgyi<<<

 

၂၉.၁.၂၀၂၀ ရက္ေန႔၊ (၁၃ း၀၈)အခ်ိန္ခန႔္၊ ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္၊ MEC ဆိပ္ကမ္းဝင္းအတြင္းရွိ သေဘၤာတစ္စီးမီးေလာင္မႈျဖစ္ပြားခဲ့

 

၂၉.၁.၂၀၂၀ ရက္ေန႔၊ (၁၃ း၀၈)အခ်ိန္ခန႔္၊ ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္၊ MEC ဆိပ္ကမ္းဝင္းအတြင္းရွိ သေဘၤာတစ္စီးမီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

 

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာ သေဘၤာသို႔ ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး ၫႊန္ၾကားေရးမႉး ဉီးမ်ိဳးဝင္း ဦးေဆာင္ေသာ level1 ယာဥ္အုပ္စုမ်ား ေရာက္ရွိေနၿပီး သေဘၤာဝမ္းဗိုက္အတြင္းခန္းရွိ မီးခိုးထြက္ရာေနရာမ်ား၊ Cabin ခန္းမ်ားအား Gas Suppression System တြင္ပါရွိသည့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓါတ္ေငြ႕မ်ားျဖင့္ ဖုံးအုပ္လႊတ္ထားၿပီး မီးေလာင္မႈအေျခအေနအား ေစာင့္ၾကည့္လ်က္ရွိပါသည္။ မီးခိုးထြက္ရွိမႈအေျခအေနႏွင့္ သေဘၤာနံရံမ်ား အပူခ်ိန္ျမင့္တက္လာမႈမရွိသျဖင့္ စိတ္ခ်ရသည့္အေျခအေနျဖစ္ၿပီး မီးခိုး၊ မီးေတာက္လုံးဝမရွိသည့္ အေျခအေနျဖစ္ပါက သေဘၤာဝမ္းဗိုက္အတြင္းပိုင္းအခန္းမ်ားသို႔ အၿပီးသတ္ဝင္ေရာက္ရွင္းလင္းျငႇိမ္းသတ္သြားမည္ျဖစ္ေၾကာင္း သိရွိရပါသည္။

 

Myanmar Logistics Guide

 

Read times
Rate this item
(2 votes)