Port News

ဝူဟံဗိုင်းရပ်စ် ကျီးလန့်စာစား ဖြစ်ကုန်သည့် ကုန်သင်္ဘော MAGNATE

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ ချင်နိုင်း(ယခင် မဒရပ်)မြို့ ဆိပ်ကမ်းသို့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဆိပ်ကမ်းမှ စတီးကုန်စည်များ ဝမ်းပုံကုန်ခန်းများမှာ ထည့်သို တင်ဆောင်လာတဲ့ ကုန်သင်္ဘော MAGNATE ကမ်းကပ်ခဲ့ပါတယ်။ MAGNATE ေ့ပါ်မှာ တရုတ်နိုင်ငံသား သင်္ဘောဝန်ထမ်း ၁၉ ဦး ပါတယ်။

သင်္ဘောဆိုက်ကပ်ပြီးချိန်မှာ ထုံးတမ်းစဉ်လာအရ အကောက်ခွန်ဌာနမှ တာဝန်ရှိသူများနဲ့ ဆေးဘက်ဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ပြီး စာရွက်စာတမ်းကိစ္စရပ်များ ဆောင်ရွက်ပါတယ်။ သင်္ဘောပေါ်မှာ တုပ်ကွေးဖျားနာ နေသူ နှစ်ဦး ရှိကြောင်း ကြိုတင်အသိပေးပါတယ်။ အဆိုပါ သင်္ဘောဝန်ထမ်းနှစ်ဦးကို သီးခြား ထားရှိပြီး စစ်ဆေးတဲ့အခါ နှစ်ဦးစလုံးမှာ ဝူဟံ ကိုရိုနာဗိုင်းရပ် ရှိတယ်လို့ သံသယရှိတယ်။ အဲဒါကြောင့် သူတို့ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်တယ်။ ကျန်တဲ့ သင်္ဘောဝန်ထမ်းတွေ အားလုံးကို သင်္ဘောပေါ်မှာပဲ နေစေပါတယ်။ သင်္ဘောနားကို မည်သူမှ မသွားဖို့လည်း ကြိုးတားပြီး တားမြစ်ထားလိုက်ပါတယ်။ ဆိပ်ကမ်းမှ အလုပ်သမားများ၊ တာဝန်ရှိသူများကလည်း ရောဂါကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် ကုန်သင်္ဘော MAGNATE ရဲ့ အနီးအနားကို မသွားကြဘူး။ သင်္ဘောပေါ်မှ ကုန်စည်များကို ဘယ်လို ချမလဲဆိုတာ မေးခွန်း ဖြစ်လာတဲ့အတွက် သင်္ဘောကို တရုတ်ပြည် ပြန်လွှတ်ရန် သင့်မသင့် ချိန်ဆနေကြပါတယ်။ ကုန်သင်္ဘော MAGNATE ရဲ့ ရှေ့နောက်ကပ်လျက် ကမ်းကပ်ထားတဲ့ ကားတင်သင်္ဘော GLOVIS SKY မှာ အလုပ်လုပ်ကိုင်ပေးဖို့ကိုလည်း ဆိပ်ကမ်းလုပ်သားများက ငြင်းဆန်ထားတာမို့ GLOVIS SKY လည်း စက်ကွင်းမလွတ် ကြမ္မာငင်နေခဲ့တယ်။

MAGNATE ရဲ့ အချက်အလက်များ
AIS Name MAGNATE
Flag Panama
IMO 9320269
MMSI 357055000
Callsign H9ZN
Year Built 2004
Length 140 m
Width 25 m
Draught Avg 6.7 m
Speed Avg/Max 10.3 kn / 16.4 kn
manager WISDOM MARINE LINES SA, Taiwan

သင်္ဘောဝန်ထမ်း အသီးသီးထံမှ သွေးနမူနာ ရယူခဲ့ပြီး Kings Institute of Preventive Medicine သို့ ပေးပို့ကာ စစ်ဆေးစေခဲ့ပါတာယ်။ ဖျားနာသူ နှစ်ဦးအပါအဝင် သင်္ဘောဝန်ထမ်းအားလုံးမှာ ဝူဟံဗိုင်းရပ် မရှိ(negative) လို့ အဖြေရခဲ့ပါတယ်။

အဲဒါကြောင့် ဖေဖော်ဝါရီလ ၂၀ ရက် ကြာသပတေးနေ့မှာ ဆိပ်ကမ်းအာဏာပိုင်တို့က သင်္ဘောဝန်ထမ်း တွေကိုတော့ ကမ်းဆင်းခွင့် ပိတ်ပင်ထားလိုက်ပြီး သင်္ဘောကို ကုန်ချဖို့ ခွင့်ပြုလိုက်ပါတယ်။

 

zawgyi

ဝူဟံဗိုင္းရပ္စ္ က်ီးလန္႔စာစား ျဖစ္ကုန္သည့္ ကုန္သေဘၤာ MAGNATE

၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ ၁၈ ရက္မွာ အိႏိၵယႏိုင္ငံ အေရွ႕ဘက္ကမ္းေျခရွိ ခ်င္ႏိုင္း(ယခင္ မဒရပ္)ၿမိဳ႕ ဆိပ္ကမ္းသို႔ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕ ဆိပ္ကမ္းမွ စတီးကုန္စည္မ်ား ၀မ္းပုံကုန္ခန္းမ်ားမွာ ထည့္သို တင္ေဆာင္လာတဲ့ ကုန္သေဘၤာ MAGNATE ကမ္းကပ္ခဲ့ပါတယ္။ MAGNATE ေ႔ပၚမွာ တ႐ုတ္ႏိုင္ငံသား သေဘၤာ၀န္ထမ္း ၁၉ ဦး ပါတယ္။

သေဘၤာဆိုက္ကပ္ၿပီးခ်ိန္မွာ ထုံးတမ္းစဥ္လာအရ အေကာက္ခြန္ဌာနမွ တာ၀န္ရွိသူမ်ားနဲ႔ ေဆးဘက္ဆိုင္ရာ တာ၀န္ ရွိသူမ်ား တက္ေရာက္ၿပီး စာရြက္စာတမ္းကိစၥရပ္မ်ား ေဆာင္ရြက္ပါတယ္။ သေဘၤာေပၚမွာ တုပ္ေကြးဖ်ားနာ ေနသူ ႏွစ္ဦး ရွိေၾကာင္း ႀကိဳတင္အသိေပးပါတယ္။ အဆိုပါ သေဘၤာ၀န္ထမ္းႏွစ္ဦးကို သီးျခား ထားရွိၿပီး စစ္ေဆးတဲ့အခါ ႏွစ္ဦးစလုံးမွာ ဝူဟံ ကို႐ိုနာဗိုင္းရပ္ ရွိတယ္လို႔ သံသယရွိတယ္။ အဲဒါေၾကာင့္ သူတို႔ ႏွစ္ဦးကို ေဆး႐ုံသို႔ ပို႔ေဆာင္လိုက္တယ္။ က်န္တဲ့ သေဘၤာ၀န္ထမ္းေတြ အားလုံးကို သေဘၤာေပၚမွာပဲ ေနေစပါတယ္။ သေဘၤာနားကို မည္သူမွ မသြားဖို႔လည္း ႀကိဳးတားၿပီး တားျမစ္ထားလိုက္ပါတယ္။ ဆိပ္ကမ္းမွ အလုပ္သမားမ်ား၊ တာ၀န္ရွိသူမ်ားကလည္း ေရာဂါကူးစက္ခံရမွာ စိုးရိမ္တဲ့အတြက္ ကုန္သေဘၤာ MAGNATE ရဲ႕ အနီးအနားကို မသြားၾကဘူး။ သေဘၤာေပၚမွ ကုန္စည္မ်ားကို ဘယ္လို ခ်မလဲဆိုတာ ေမးခြန္း ျဖစ္လာတဲ့အတြက္ သေဘၤာကို တ႐ုတ္ျပည္ ျပန္လႊတ္ရန္ သင့္မသင့္ ခ်ိန္ဆေနၾကပါတယ္။ ကုန္သေဘၤာ MAGNATE ရဲ႕ ေရွ႕ေနာက္ကပ္လ်က္ ကမ္းကပ္ထားတဲ့ ကားတင္သေဘၤာ GLOVIS SKY မွာ အလုပ္လုပ္ကိုင္ေပးဖို႔ကိုလည္း ဆိပ္ကမ္းလုပ္သားမ်ားက ျငင္းဆန္ထားတာမို႔ GLOVIS SKY လည္း စက္ကြင္းမလြတ္ ၾကမၼာငင္ေနခဲ့တယ္။

MAGNATE ရဲ႕ အခ်က္အလက္မ်ား
AIS Name MAGNATE
Flag Panama
IMO 9320269
MMSI 357055000
Callsign H9ZN
Year Built 2004
Length 140 m
Width 25 m
Draught Avg 6.7 m
Speed Avg/Max 10.3 kn / 16.4 kn
manager WISDOM MARINE LINES SA, Taiwan

သေဘၤာ၀န္ထမ္း အသီးသီးထံမွ ေသြးနမူနာ ရယူခဲ့ၿပီး Kings Institute of Preventive Medicine သို႔ ေပးပို႔ကာ စစ္ေဆးေစခဲ့ပါတာယ္။ ဖ်ားနာသူ ႏွစ္ဦးအပါအ၀င္ သေဘၤာ၀န္ထမ္းအားလုံးမွာ ဝူဟံဗိုင္းရပ္ မရွိ(negative) လို႔ အေျဖရခဲ့ပါတယ္။

အဲဒါေၾကာင့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ ၾကာသပေတးေန႔မွာ ဆိပ္ကမ္းအာဏာပိုင္တို႔က သေဘၤာ၀န္ထမ္း ေတြကိုေတာ့ ကမ္းဆင္းခြင့္ ပိတ္ပင္ထားလိုက္ၿပီး သေဘၤာကို ကုန္ခ်ဖို႔ ခြင့္ျပဳလိုက္ပါတယ္။

Read times
Rate this item
(0 votes)