Port News
ပြင်သစ်လေယာဉ်တင်သင်္ဘောတွင် အမှုထမ်းများကိုဗစ်ကူးစက်ခံနေရ
ပြင်သစ်လေယာဉ်တင်သင်္ဘောတွင် အမှုထမ်းများကိုဗစ်ကူးစက်ခံနေရ
ပြင်သစ်လေယာဉ်တင်သင်္ဘောဖြစ်သော Charles de Gaulle တွင်ရှိသော အမှုထမ်း ၅၀တို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ပြင်သစ်အာဏာပိုင်တို့က အတည်ပြုပြောကြားခဲ့သည်။ လက်ရှိတွင်အဆိုပါ သင်္ဘောကို lockdown ချထားပြီး
ကူးစက်ခံထားရသော သင်္ဘောသား ၃ ဦးကို လေယာဉ်ဖြင့် ဆေးရုံသို့ခေါ်ထုတ်သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါသင်္ဘောတွင် အမှုထမ်းစုစုပေါင်း ၁,၇၆၀ ဦးရှိနေပြီး ဆေးဝါးစောင့်ရှောက်မှု များပါဝင်သော သင်္ဘောအမျိုးအစားလည်းဖြစ်သည်။
သင်္ဘောမှာ နူကလီးယားစွမ်းအင်သုံး သင်္ဘောအမျိုးအစားဖြစ်ပြီး Baltic ပင်လယ်တွင် ပူးပေါင်းလေ့ကျင့်မှုပြုလုပ်ရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သို့သော် မိခင်ဆိပ်ကမ်းသို့ပြန်အလာတွင် သင်္ဘောကပ္ပတိန်ဖြစ်သူမှ ကိုရိုနာဗိုင်းရပ်စ် သင်္ဘောပေါ်တွင်
ဖြစ်ပွားနေသည်ဟု သံသယရှိသောကြောင့် ကြိုတင်အကြောင်းကြားကာ အစစ်ဆေးခံခဲ့ခြင်းဖြစ် သည်။
သင်္ဘေသားများအနေဖြင့် ပြင်ပနှင့်ဆက်ဆံမှုနည်းသော်လည်း ယခုလိုကူးစက်ခံရခြင်းအပေါ် အံ့အားသင့် နေကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။
89597769_1658912260917480_4377376590149976064_n_1.png
Zawgyi
Read times
Rate this item
(0 votes)