Port News

သင်္ဘောသား အတက်အဆင်း လူလဲဖို့ ကမ်းလွန်လေယာဉ်ကွင်းကို သုံးမည်

ဂျပန်မှ သင်္ဘောပိုင်ရှင်တစ်စုသည် ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း သင်္ဘေသား အတက်အဆင်း လူလဲခြင်း ( sign-off sign-on ) များအတွက် ပင်လယ်ထဲရှိ ကမ်းလွန်လေဆိပ်တစ်ခုကို အသုံးပြုရန် အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။

အဆိုပါ အစီအစဉ်သည် သင်္ဘောသား အပြောင်းအလဲအတွက် စခန်းတစ်ခုအဖြစ် အသုံးပြုရန် အိုဆာကာပင်လယ်အော်ထဲရှိ လူဖန်တီးထားသော ကျွန်းပေါ်တွင် တည်ရှိသော Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရွေးချယ်ထားသည်။
သင်္ဘောပေါ်သို့ တက်ရောက်ပြီး တာဝန်လွှဲပြောင်းရ,ူမည့် သင်္ဘောသားများသည် ပြည်ပမှ ဤလေဆိပ်သို့ လာကြရမည်။ ထို့နောက် သူတို့ကို ကျန်းမာရေး စစ်ဆေးမည်။ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်မည်။ ပြီးလျှင် သူတို့ တက်ရောက်ရမည့် သသင်္ဘောဆီသို့ မော်တော်ဘုတ်ဖြင့် ပို့ပေးမည်။ သင်္ဘောများသည် ပင်လယ်ထဲ ကျောက်ချရပ်နားထားရင်း လူပြောင်းလူလဲ ကိစ္စကို ဆောင်ရွက်ရမည်။
သင်္ဘောမှ ဆင်းပြီး အိမ်ပြန်မည့်သင်္ဘောသားများသည်လည်း မော်တော်ဘုတ်ဖြင့် လေယာဉ်ကွင်းရှိရာ ကျွန်းအတုဆီသို့ ခေါ်ဆောင်မည်။ ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် မိခင်နိုင်ငံသို့ ပြန်ရမည်။
သင်္ဘောသားများ ဘေးကင်းစွာဖြင့် လူပြောင်းလူလဲ လုပ်နိုင်စေရန် International Maritime Organization (IMO) မှ အဆင့် ၁၂ ဆင့် ပါသည့် အစီအစဉ်ကို အဖွဲ့ဝင် ၁၇၄ နိုင်ငံသို့ ထုတ်ပြန် ထားသည်။ စာမျက်နှာ ၅၅ မျက်နှာပါသည့် လမ်းပြမြေပုံကိုလည်း ထုတ်ပြန်ပေးထားသည်။
ခန်ံ့မှန်းခြေအားဖြင့် သင်္ဘောသား ဦးရေ ၁၅၀ ၀၀၀ သည် သင်္ဘောပေါ်တွင် ကန်ထရိုက် စေ့နေပြီ ဖြစ်သော်လည်း ဆင်းခွင့်မရ ဖြစ်နေကြသည်။

zawgyi

သေဘၤာသား အတက္အဆင္း လူလဲဖို႔ ကမ္းလြန္ေလယာဥ္ကြင္းကို သုံးမည္

ဂ်ပန္မွ သေဘၤာပိုင္ရွင္တစ္စုသည္ ကိုဗစ္ကူးစက္ေရာဂါ ျဖစ္ပြားေနစဥ္ ကာလအတြင္း သေဘၤသား အတက္အဆင္း လူလဲျခင္းမ်ားအတြက္ ပင္လယ္ထဲရွိ ကမ္းလြန္ေလဆိပ္တစ္ခုကို အသုံးျပဳရန္ အစီအစဥ္ကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ႀကိဳးပမ္းအားထုတ္ေနသည္။
အဆိုပါ အစီအစဥ္သည္ သေဘၤာသား အေျပာင္းအလဲအတြက္ စခန္းတစ္ခုအျဖစ္ အသုံးျပဳရန္ အိုဆာကာပင္လယ္ေအာ္ထဲရွိ လူဖန္တီးထားေသာ ကြၽန္းေပၚတြင္ တည္ရွိေသာ Kansai အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေ႐ြးခ်ယ္ထားသည္။
သေဘၤာေပၚသို႔ တက္ေရာက္ၿပီး တာဝန္လႊဲေျပာင္းရ,ူမည့္ သေဘၤာသားမ်ားသည္ ျပည္ပမွ ဤေလဆိပ္သို႔ လာၾကရမည္။ ထို႔ေနာက္ သူတို႔ကို က်န္းမာေရး စစ္ေဆးမည္။ လူဝင္မႈ ႀကီးၾကပ္ေရးဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားကို ေဆာင္႐ြက္မည္။ ၿပီးလွ်င္ သူတို႔ တက္ေရာက္ရမည့္ သသေဘၤာဆီသို႔ ေမာ္ေတာ္ဘုတ္ျဖင့္ ပို႔ေပးမည္။ သေဘၤာမ်ားသည္ ပင္လယ္ထဲ ေက်ာက္ခ်ရပ္နားထားရင္း လူေျပာင္းလူလဲ ကိစၥကို ေဆာင္႐ြက္ရမည္။
သေဘၤာမွ ဆင္းၿပီး အိမ္ျပန္မည့္သေဘၤာသားမ်ားသည္လည္း ေမာ္ေတာ္ဘုတ္ျဖင့္ ေလယာဥ္ကြင္းရွိရာ ကြၽန္းအတုဆီသို႔ ေခၚေဆာင္မည္။ ထိုမွတစ္ဆင့္ ေလေၾကာင္းခရီးျဖင့္ မိခင္ႏိုင္ငံသို႔ ျပန္ရမည္။
သေဘၤာသားမ်ား ေဘးကင္းစြာျဖင့္ လူေျပာင္းလူလဲ လုပ္ႏိုင္ေစရန္ International Maritime Organization (IMO) မွ အဆင့္ ၁၂ ဆင့္ ပါသည့္ အစီအစဥ္ကို အဖြဲ႕ဝင္ ၁၇၄ ႏိုင္ငံသို႔ ထုတ္ျပန္ ထားသည္။ စာမ်က္ႏွာ ၅၅ မ်က္ႏွာပါသည့္ လမ္းျပေျမပုံကိုလည္း ထုတ္ျပန္ေပးထားသည္။
ခန္ံ့မွန္းေျခအားျဖင့္ သေဘၤာသား ဦးေရ ၁၅၀ ၀၀၀ သည္ သေဘၤာေပၚတြင္ ကန္ထ႐ိုက္ ေစ့ေနၿပီ ျဖစ္ေသာ္လည္း ဆင္းခြင့္မရ ျဖစ္ေနၾကသည္။

Read times
Rate this item
(0 votes)