Port News

Emirates အနေနဲ့ ယခုလ ၂၁ ရက်နေ့တွင် လေယာဉ်လမ်းကြောင်းများ ပြန်လည်ပြေးဆွဲမည်

ကမ္ဘာ့ ခရီးသွားလုပ်ငန်းရေးရာ နယ်ပယ်က ကိုဗစ် စဖြစ်ကတည်းက ချောက်ကပ်ကပ်ဖြစ်နေခဲ့တာကြာပါပြီ။လေကြောင်းလိုင်းတွေ ပြေးဆွဲခြင်းကို ရပ်တန့်ထားတာဖြစ်ပြီး အခုဆိုရင်တော့ လေကြောင်းလိုင်းတွေက ခရီးစဉ် တွေပြန်လည် ပြေး ဆွဲဖို့ Flight Plan တွေစတင်ဆွဲနေပြီဆိုတာ သိရပါတယ်။

 

ဒီတစ်ခါမှာ Emirates လေကြောင်းလိုင်းများ မှ ပြန်လည် ပြေးဆွဲမည့် အရေးတွင် ကျန်းမာရေးကောင်းသော ခရီးသည် များကို သာ ဆေးစစ်ချက် အထောက်အထား ခိုင်လုံစွာနဲ့ လက်ခံ မှာပါ။ဒါ့ထက် ၎င်းတို့ရဲ့ သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဌာန အသီးသီးမှ ကျန်းမာရေး ထောက်ခံချက်ကို လက်ခံရရှိမှာသာ လျှင် လေယာဉ်ကွင်းထဲသို့ ဝင်ခွင့်ပြုမှာပါ။

 

Boarding ဖြတ်ချိတ်တွင် ခရီးသည် ရဲ့ အပူချိန်ကို တိုင်းပါမယ် ၊ ပိုးသတ်ဆေးဖြန်းပါမယ် ပြီးမှ ပေးဝင်မှာပါ။Check-in ကောင်တာမှာကတည်းက သင့်ကို အကာအကွယ် တွေ လေယာဉ်ကွင်းဝန်ထမ်းများမှ ပံ့ပိုးပေးပါလိမ့်မယ် ပြီးနောက် ခရီးစဉ်တစ်လျှောက်လုံး မျက်နှာ အကာအကွယ်နဲ့ လက်အိတ်တွေကို ဝတ်ဆင်ထားဖို့လိုပါလိမ့်မယ်။

 

Emirates က ဒူဘိုင်း မှ လေကြောင်းလိုင်းဖြစ်ပြီး ယခု မေလ ၂၁ မှာ စတင်ပြေးဆွဲမည့်နေရာတွေက လန်ဒန်မြို့ရှိ ဟိသရူးလေဆိပ် ၊ ဖရန့်ဖော့ ၊ ပါရီ ၊ မီလန် ၊ မက်သရစ် ၊ ချီကာဂို ၊ တိုရန်တို ၊ ဆစ်ဒ်နီ ၊ မဲလ်ဘုန်းမြို့ တို့ကို စတင်ပြေးဆွဲတော့မယ်သိရပါတယ်။ရှေ့အပတ်ကနေစပြီး ကမ္ဘာ့ နေရာ ၉ ခု ကိုပြေးဆွဲ တော့မယ် သိရပါတယ်။

 

လက်ရှိမှာတော့ ဒူဘိုင်း ကနေ အင်္ဂလန် နဲ့ သြစတေးလျ သို့ ခရီးသွားမည့် သူတွေအတွက် လည်း အဆင်ပြေ နိုင်အောင်ပြေးဆွဲပေးဖို့ အစီအစဉ်ရှိတယ် သိရပါတယ်။Emirates အနေနဲ့ လူအနည်းငယ်ဖြင့်သာ စစချင်းပြေးဆွဲပေးမယ်သိရပြီး ခရီးသည်များကို သူတို့ လိုချင်တဲ့ ကျန်းမာရေး အနေအထား ရှိမှ သာလျှင် လေယာဉ်ပေါ်တင်ဆောင်မယ်သိရပါတယ်။

 

ထိုနိုင်ငံများမှ ဒူဘိုင်းနိုင်ငံ သားများကိုလည်း အမိ နိုင်ငံသို့ ပြန်လာနိုင်ရန် လေကြောင်းလိုင်းအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်သိရပါတယ်။လေကြောင်းလိုင်းဝန်ထမ်းများ အနေဖြင့် PPE ဝတ်စုံများ ဝတ်ဆင်ကာ တာဝန်ထမ်းဆောင်ရမယ်လို့ သိရှိရပါတယ်။

 

ထို့အပြင် လေဆိပ်ထဲစဝင်ကတည်းက နှင့် ခရီးစဉ်တစ်လျောက်လုံး လူတစ်ဦးနှင့်တစ်ဦး ထိုက်သင့် လျောက်ပတ်စွာနေရမည့် အကွာအဝေးတစ်ခု အတွင်း Process တစ်ခုလုံးကို လုပ်ကိုင်ရပါလိမ့်မယ်။ဒါကလည်း ခရီးသည်များ လုံခြုံဖို့အတွက်ပါ။

 

ထို့အပြင် လေယာဉ်ပေါ်မှာ အရင်ကလိုဖတ်ဖို့ သတင်းစာ တွေ ၊ မဂ္ဂဇင်းတွေ ထားသွားတော့ မှာ မဟုတ်ပါဘူး ခရီးသည်တွေ အနေနဲ့ ခရီးသည်တွေအနေနဲ့ အရေး ကြီးပစ္စည်းသယ်လာမယ်ဆိုပါက နဂိုထဲက စာရင်းပေး ပိုးသန့်ရပါလိမ့်မယ်။

Emirates က လေယာဉ်အတွင်းခန်း သန့်ရှင်းဘေးကင်းလုံခြုံဖို့ သူတို့အစွမ်းကုန် ကြိုးစားနေပါတယ်လို့သိပါရပါတယ်။


ယခု အပတ်ထဲတွင် လေယာဉ်ပြေးဆွဲ ခရီးစဉ် ဒူဘိုင်းမှ Tokyo မေ ၁၅ ရက်တွင်ပြေးဆွဲမှာဖြစ်ပြီး မေ ၁၆ က စ ဒါကာ သို့ ပြေးဆွဲပါမယ် ၂၁ ရက်နေ့ကစ ပြန် run မယ်သိရပါတယ်။

 

<<< Zawgyi >>>

 


---------------------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 


 


 Ref ; Daily Mail

Read times
Rate this item
(0 votes)