Port News
သဘောကောင်းလွန်းတဲ့ Qatar လေကြောင်းလိုင်း
ဒီတစ်ခါမှာတော့ အရှေ့အလယ်ပိုင်းအခြေစိုက် Qatar လေကြောင်းလိုင်း ဟာ ယခု ကိုဗစ်ဖြစ်စဉ် ကာလ အတွင်း ၎င်းတို့ ဆီမှ လက်မှတ်ဝယ်ယူထားတဲ့ ခရီးသွားများ ကို ခရီးသည်စိတ်ကြိုက်နှင့် အဆင်ပြေမည့်ရက် ကိုသာ ခရီးစဉ်လိုက်ပါနိုင်ရန် စီစဉ် ပေးမယ်လို့ပြောကြားခဲ့ပါတယ် ထို့အပြင် လက်မှတ်ကို အကြွေးဖြင့်လည်း ရောင်းပေးအုံးမှာပါ။သင်တို့အနေနဲ့ လက်မှတ်ဝယ်ထားပြီး ကိုဗစ် အခြေအနေတွေ ပြောင်းလဲလို့ ခရီးစဉ်မသွားနိုင်ပဲ လေယာဉ်လက်မှတ်ဖိုး ဆုံးရှုံးရမှာ စိတ်ပူနေစရာမလိုတော့ပါဘူး။
ယခုလို ကိုဗစ်ဖြစ်ပွားတဲ့ ကာလ မှာ အတော်ဆိုးတာက ခရီးကို စီးနင်းလိုက်ပါမည့် လူတွေက အကယ်၍ လေယာဉ် လက်မှတ်ဝယ်ထားမိပါက အနေအထားတွေ အပြောင်းအလဲတွေ ရှိနေပေမယ့် ထိုရက်ကို တိကျစွာ လေဆိပ်မဆင်းနိုင်ကျပါဘူး Qatar လေကြောင်းလိုင်းဟာ အခုလိုဖြစ်နေတဲ့ အနေ အထား မှာ လူတွေကို အတော်လေး သက်ညှာ ပြီး သူ့လေကြောင်း လိုင်းရဲ့ လက်မှတ် အရောင်းဆိုင်ရာ မှုဝါဒတွေကို ပြောင်းလဲ ပေး ခဲ့ပါတယ်။
ထိုမူဝါဒကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပြောင်းလဲပေးခဲ့တာဖြစ်ပြီး '' ယုံကြည်မှု့ ရှိရှိဖြင့် ခရီးသွားလိုက်ပါ ( Travel with Confidence ) '' ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခရီးသွားတွေကို ဝန်ဆောင်မှု့ ပေးတာပါ ယခု ဒီဇင်ဘာမှ စတင်ပြီး လက်မှတ်ဝယ်ထားသူတွေကို ဝင်ဆောင်မှု့ ပေးနေတာလို့သိရပါတယ်။ထိုဝန်ဆောင်မှု့ မှာရက်တွင်သာ မက နေရာတွေပါ ပြန်လည် Booking လုပ်လို့ ရနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။
လေကြောင်းလိုင်းအနေနဲ့ တကယ့်ကို ခရီးသည်တွေနဲ့ လိုက်ရောညီထွေမှု့ ရှိအောင်စွမ်းဆောင်ပေးထားတာပါ။ထို့အပြင် ငွေကြေး အခက်ရှိသူတွေဖို့ လက်မှတ်များကို အကြွေးနှင့်ဝယ်ယူနိုင်ရန် Qmiles နဲ့ ချိတ်ဆက်ပြီး ရောင်းချ ပေးပါတယ်တဲ့။လက်ရှိပြောင်းလဲလိုက်တဲ့ မှုဝါဒ ကတော့ လုံးဝ အကြိမ်ရေ အကန့်အသတ်မရှိ ခရီးသွား ရက်နှင့် နေရာကို ပြောင်းလဲနိုင်ပါတယ် ( နေရာပြောင်းလဲနိုင်တယ်ဆိုတာက မိမိ သွားမယ်ဆိုပြီးသတ်မှတ်ထားတဲ့ ပထမ နေရာရဲ့ မိုင် ၅၀၀၀ အကွာအဝေးအတွင်းကိုပြောင်းလဲနိုင်ပါတယ် )
ကာတာဟာ ယခု မေလ နှင့် ဇွန်လ ကြားတွင် ကမ္ဘာ့ နိုင်ငံ အသီးသီးရှိ နေရာ ၅၂ နေရာကိုပြေးဆွဲတော့ မှာပါ ထို့အပြင် ဇွန်လ အကုန်မှာ နေရာ ၈၀ လောက်နီးနီး ပြေးဆွဲနိုင်ဖို့ Flight Plan ရေးဆွဲထားတယ်လို့သိရပါတယ်။ထို့အပြင် သင့်အနေနဲ့ သူတို့ ဆီမှာ လက်မှတ်ဝယ်ယူထားပါက ၂ နှစ်အတွင်း အသုံးပြု ဖို့ အချိန်ပေးထားမယ်သိရပါတယ်။အကယ်၍ သူတို့ဘက်မှ လေယာဉ်လမ်းကြောင်း ကို မပြေးဆွဲခဲ့သော် သင့် လက်မှတ် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်လည်ပေးဆောင်မယ်သိရပါတယ်။ထို့အပြင် လေယာဉ်ရဲ့ သာမန် ထိုင်ခုံတန်းကနေ အထူးတန်း အထိ တိုးမြှင့် နိုင်တယ်သိရပါတယ်။
လေယာဉ်ဝန်ထမ်းတွေ အနေနဲ့ လည်း PPE ဝတ်စုံအပြည့်ဖြင့် လိုက်ပါမယ်သိရပြီး အစားအသောက်လည်း ကျွေးမွေးမယ် သိရပါတယ်။သို့ပေမယ့် လေယာဉ်ပေါ်မှာ မဂ္ဂဇင်းတွေ တော့ အရင်လို မထားရှိပေးတော့ ပါဘူးလေယာဉ်ထိုင်ခုံတွေကို ၆ ပေ အကွာ ကနေ ထိုင်ရပါမယ် လို့လည်းသိရပါတယ်။ထို့အပြင်လေစိတ်ရဲ့ Boarding ဂိတ် မဖြတ် ခင်ကတည်းက ကျန်းမာရေး စစ်ရမည်ဖြစ်ပြီး သက်တောင့်သက်သာ ရှိစေရန် စစ်ပေးမှာပါလို့လည်းပြောပါတယ်။
ယခု အချိန်မှာ Travel Sector ကြီး တစ်ခုလုံးက အကျ နှုန်းကိုရောက်ခဲ့တာဖြစ်ပြီး အတော့်ကို ဦးမော့ ဖို့ ပြန်လည်ကြိုးစားရအုံးမှာပါ အရှေ့ အလယ်တိုင်းမှာ ဆိုလဲ Etihad က မေလ ၁ ရက်နေ့ ထဲကနေ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး Emirates ကတော့ မေလ ၁၄ ရက်နေ့က စတင်ကာ လေယာဉ်ခရီးစဉ် စတင်ပြေးဆွဲခဲ့ပါပြီ။နဂိုပုံမှန်အနေအထားကို ရောက်ဖို့ တဖြည်းဖြည်းခြင်း လုပ်ဆောင်ရတော့မှာပါပဲ။
<<< Zawgyi >>>
----------------------------------------------------------
Ref : The Point Guy 
Read times
Rate this item
(0 votes)