Port News

အီတလီနိုင်ငံတွင် အခက်အခဲ ဖြစ်ပေါ်နေသော မြန်မာသင်္ဘောသားများကို ပြန်လည်ပို့ဆောင်ခဲ့ခြင်း

ကမ္ဘာတစ်ဝန်း၌ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့်

နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားစဥ် အီတလီနိုင်ငံ၊ Civitavecchia နှင့် Genoa ဆိပ်ကမ်းရှိ MSC Grandiosa နှင့် MSC Splendida ကမ္ဘာလှည့်သင်္ဘောများပေါ်တွင် အခက်အခဲဖြစ်နေသော မြန်မာသင်္ဘောသား (၂၅) ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာနိုင်ရန် ရောမမြို့ ၊ မြန်မာသံရုံးက အကူအညီပေးခဲ့ပါသည်။

 

ယင်းမြန်မာနိုင်ငံသားများသည် ၂၁-၅-၂၀၂၀ ရက် ဒေသစံတော်ချိန် ၀၉၅၀ နာရီတွင် Alitalia လေကြောင်းအမှတ် AZ 318ဖြင့် Fiumicino အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာတွင် လေဆိပ်၌ အဆင်ပြေချောမွေ့စေရန် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ပါသည်။

 

မြန်မာသင်္ဘောသား (၂၅)ဦးသည် ပါရီမြို့ Charles de Gaulle အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Heli Union Company မှ စီစဥ်သော အထူးလေယာဥ်ဖြင့် ၂၁-၅-၂၀၂၀ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။

 

အလားတူ အီတလီနိုင်ငံတွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

မြန်မာသံရုံး၊ ရောမမြို့။

>> Ref Link << 

Read times
Rate this item
(0 votes)