Port News

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၃၀) ဦး ပြန်လည်ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၃၀) ဦးအား

Air Asia Philippines အထူးလေယာဉ်၊ ခရီးစဉ်အမှတ် Z2 800 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း (Manila Bay) တွင် ကျောက်ချရပ်နားထားခဲ့သော Royal Caribbean Cruise.Ltd ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းမှ မြန်မာသင်္ဘောသား အမှုထမ်းစုစုပေါင်း (၃၀) ဦးသည် Royal Caribbean Cruise.Ltd နှင့် မြန်မာသံရုံး၊ မနီလာမြို့ ပူးပေါင်းစီစဉ်သည့် Relief Flight Air Asia Philippines အထူးလေယာဉ်၊ ခရီးစဉ်အမှတ် Z2 800 ဖြင့် ယနေ့ ( ဇွန်လ ၉ ရက် )ဒေသစံတော်ချိန် ၁၃:၃၅ အချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွါသွားခဲ့ရာ ညနေ ၁၅၃၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြကြောင်းသိရသည်။


အဆိုပါ ခရီးစဉ်တွင် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာသင်္ဘောသား စုစုပေါင်း (၄၀၀) ဦးခန့်အား ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဖိလစ္ပိုင္ႏိုင္ငံ၌ အခက္အခဲႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသား သေဘၤာသား (၃၀) ဦး ျပန္လည္ေရာက္ရွိ

ဖိလစ္ပိုင္ႏိုင္ငံ၌ အခက္အခဲႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသား သေဘၤာသား (၃၀) ဦးအား Air Asia Philippines အထူးေလယာဥ္၊ ခရီးစဥ္အမွတ္ Z2 800 ျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာသည္။
ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာဆိပ္ကမ္း (Manila Bay) တြင္ ေက်ာက္ခ်ရပ္နားထားခဲ့ေသာ Royal Caribbean Cruise.Ltd ကုမၸဏီပိုင္ အေပ်ာ္စီးသေဘၤာလိုင္းမွ ျမန္မာသေဘၤာသား အမႈထမ္းစုစုေပါင္း (၃၀) ဦးသည္ Royal Caribbean Cruise.Ltd ႏွင့္ ျမန္မာသံ႐ုံး၊ မနီလာၿမိဳ႕ ပူးေပါင္းစီစဥ္သည့္ Relief Flight Air Asia Philippines အထူးေလယာဥ္၊ ခရီးစဥ္အမွတ္ Z2 800 ျဖင့္ ယေန႔ ( ဇြန္လ ၉ ရက္ )ေဒသစံေတာ္ခ်ိန္ ၁၃:၃၅ အခ်ိန္တြင္ ျမန္မာႏိုင္ငံ၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ထြက္ခြါသြားခဲ့ရာ ညေန ၁၅၃၀ နာရီအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ အဆင္ေျပေခ်ာေမြ႕စြာ ျပန္လည္ေရာက္ရွိခဲ့ၾကေၾကာင္းသိရသည္။
အဆိုပါ ခရီးစဥ္တြင္ လိုက္ပါမည့္ ျမန္မာႏိုင္ငံသားမ်ား အဆင္ေျပေခ်ာေမြ႕စြာ ထြက္ခြာႏိုင္ေရးအတြက္ ျမန္မာသံ႐ုံး၊ မနီလာၿမိဳ႕ရွိ သံအမတ္ႀကီးႏွင့္ သံ႐ုံးဝန္ထမ္းမ်ားမွ လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသို႔ ကယ္ဆယ္ေရးေလယာဥ္မ်ား၊ အထူးေလယာဥ္မ်ားျဖင့္ ျပန္လည္ေခၚေဆာင္ေပးလ်က္ရွိရာ ယေန႔အထိ ျမန္မာသေဘၤာသား စုစုေပါင္း (၄၀၀) ဦးခန႔္အား ျပန္လည္ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း ႏိုင္ငံျခားေရဝန္ႀကီးဌာနမွ ထုတ္ျပန္သည္

Read times
Rate this item
(0 votes)