Port News

Carnival Cruise Line ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားအမှုထမ်း (၁၂၉) ဦ: မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား များနှင့်

မြန်မာနိုင်ငံသား၁၅၀ဦးအား Air Asia Philippines ကယ်ဆယ်ရေး လေယာဉ်ဖြင့်မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်အော်တွင် ကျောက်ချရပ်နား ထားသည့် Carnival Cruise Line ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားအမှုထမ်း (၁၂၉) ဦးနှင့် ဖိလစ်ပိုင် နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၂၁) ဦး စုစုပေါင်း (၁၅၀) ဦးအား သင်္ဘောကုမ္ပဏီ၏စီစဉ်ပေးမှု၊ မြန်မာသံရုံး၊ မနီလာမြို့၏ ညှိနှိုင်း ဆောင်ရွက်ပေးမှုတို့ဖြင့် Air Asia Philippines ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ(၁၈:၂၅)နာရီအချိန်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြကြောင်းသိရသည်။

 

နိုင်ငံတကာကုန်သွယ်သင်္ဘောများ၊ အပျော်စီးသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည့် မြန်မာသင်္ဘောသားများသည် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးအစီအမံများ ကြောင့်တာဝန်မှရပ်စဲခံရခြင်း၊ ဆိပ်ကမ်းကပ်ရာနိုင်ငံများ၌ Lock Down နှင့်ကြုံ တွေ့ရခြင်း၊ ပြည်ဝင်ခွင့်မရခြင်း၊ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲမှုယာယီ ရပ်ဆိုင်းခြင်းနှင့်အတူ ရောက်ရှိရာနေရာဒေသများတွင်အခက်အခဲကြုံတွေ့နေရခြင်း၊ လူစားလဲလှယ် (Crew change) ပြုလုပ်ရန် အခက်အခဲများရှိခြင်း တို့ကြောင့် သက်ဆိုင်ရာသင်္ဘောကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ မြန်မာသံရုံးများ၏ အစီအစဉ်ဖြင့်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ တင်ပြလျက်မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက် ရှိရာ ယနေ့အထိ မြန်မာသင်္ဘောသား စုစုပေါင်း(၅၅၀)ဦးခန့်အား ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
ထို့ပြင်ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းများ တွင် ပိတ်မိနေသည့် မြန်မာ သင်္ဘောသားဉီးရေ(၄၀၀)ကျော်အားလည်း ဇွန်လတတိယပတ်အတွင်း မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

Carnival Cruise Line ကုမၸဏီပိုင္ သေဘၤာေပၚမွ ျမန္မာသေဘၤာသားအမႈထမ္း (၁၂၉) ဦ: ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ခဲ့

ဖိလစ္ပိုင္ႏိုင္ငံ၌ အခက္အခဲႀကဳံေတြ႕ေနရသည့္ ျမန္မာသေဘၤာသား မ်ားႏွင့္ ျမန္မာႏိုင္ငံသား၁၅၀ဦးအား Air Asia Philippines ကယ္ဆယ္ေရး ေလယာဥ္ျဖင့္ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ခဲ့ပါသည္။
ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာပင္လယ္ေအာ္တြင္ ေက်ာက္ခ်ရပ္နား ထားသည့္ Carnival Cruise Line ကုမၸဏီပိုင္ သေဘၤာေပၚမွ ျမန္မာသေဘၤာသားအမႈထမ္း (၁၂၉) ဦးႏွင့္ ဖိလစ္ပိုင္ ႏိုင္ငံတြင္ ေရာက္ရွိေနၿပီး ျမန္မာႏိုင္ငံသို႔ျပန္ရန္ အခက္အခဲႀကဳံေတြ႕ ေနရသည့္ ျမန္မာႏိုင္ငံသား (၂၁) ဦး စုစုေပါင္း (၁၅၀) ဦးအား သေဘၤာကုမၸဏီ၏စီစဥ္ေပးမႈ၊ ျမန္မာသံ႐ုံး၊ မနီလာၿမိဳ႕၏ ညႇိႏႈိင္း ေဆာင္႐ြက္ေပးမႈတို႔ျဖင့္ Air Asia Philippines ကယ္ဆယ္ေရး ေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ရာ ယေန႔ညေန(၁၈:၂၅)နာရီအခ်ိန္တြင္ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ အဆင္ေျပေခ်ာေမြ႕စြာျပန္လည္ေရာက္ရွိခဲ့ၾကေၾကာင္းသိရသည္။
ႏိုင္ငံတကာကုန္သြယ္သေဘၤာမ်ား၊ အေပ်ာ္စီးသေဘၤာမ်ားေပၚတြင္ တာဝန္ထမ္းေဆာင္လ်က္ ရွိၾကသည့္ ျမန္မာသေဘၤာသားမ်ားသည္ COVID-19 ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ေရးအစီအမံမ်ား ေၾကာင့္တာဝန္မွရပ္စဲခံရျခင္း၊ ဆိပ္ကမ္းကပ္ရာႏိုင္ငံမ်ား၌ Lock Down ႏွင့္ႀကဳံ ေတြ႕ရျခင္း၊ ျပည္ဝင္ခြင့္မရျခင္း၊ ႏိုင္ငံတကာခရီးသည္တင္ ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲမႈယာယီ ရပ္ဆိုင္းျခင္းႏွင့္အတူ ေရာက္ရွိရာေနရာေဒသမ်ားတြင္အခက္အခဲႀကဳံေတြ႕ေနရျခင္း၊ လူစားလဲလွယ္ (Crew change) ျပဳလုပ္ရန္ အခက္အခဲမ်ားရွိျခင္း တို႔ေၾကာင့္ သက္ဆိုင္ရာသေဘၤာကုမၸဏီမ်ား၏ အစီအစဥ္ျဖင့္ လည္းေကာင္း၊ ျမန္မာသံ႐ုံးမ်ား၏ အစီအစဥ္ျဖင့္လည္းေကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ဌာနသို႔ တင္ျပလ်က္ျမန္မာႏိုင္ငံသို႔ ကယ္ဆယ္ေရး ေလယာဥ္မ်ား၊ အထူးေလယာဥ္မ်ားျဖင့္ ျပန္လည္ေခၚေဆာင္ေပးလ်က္ ရွိရာ ယေန႔အထိ ျမန္မာသေဘၤာသား စုစုေပါင္း(၅၅၀)ဦးခန႔္အား ျပန္လည္ေရာက္ရွိခဲ့ၿပီးျဖစ္ပါသည္။
ထို႔ျပင္ၿဗိတိန္ႏိုင္ငံရွိ ဆိပ္ကမ္းမ်ား တြင္ ပိတ္မိေနသည့္ ျမန္မာ သေဘၤာသားဉီးေရ(၄၀၀)ေက်ာ္အားလည္း ဇြန္လတတိယပတ္အတြင္း ျမန္မာႏိုင္ငံသို႔ျပန္လည္ ေခၚေဆာင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရပါသည္။

Read times
Rate this item
(0 votes)