Port News

သြစတေးလျမှနောက်နှစ်အထိ လေယာဉ်အသွားအလာလမ်းကြောင်း ပိတ်မည်

သြစတေးလျရဲ့ လွတ်တော်အမတ် ဖြစ်သူ ဆိုင်မွန် ဘားမင်းဟမ်ပြောကြားချက်အရ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ခရီးသွားလာရေးလမ်းကြောင်းတွေကို သြစတေးလျမှ ပိတ်ပင်ထားအုံးမှာပါ ဘာလို့ဆို သူတို့အနေနဲ့ ပြန်လည်ထူထောင်ဖို့အားယူရအုံးမှာမို့ဆိုကာပြောကြားခဲ့ပါတယ်။

သူတို့အနေနဲ့ ကိုရိုနာကိစ္စ ရပ်တွေက နလန်ထူဖို့ခက်ခဲနေသလို ကမ္ဘာ့နေရပ်အသီးသီးက လာမယ့် လေယာဉ်လမ်းကြောင်းတွေကို အဓိကထားပိတ်မယ်သိရပါတယ်။စီးပွားရေးပိတ်စို့တာ က မှန်ပါတယ်သို့ပေမယ့် တိုင်းပြည် စီးပွားရေးထက် ကျန်းမာရေး ကိစ္စ ရပ်တွေက အရေးကြီးတာမို့ပါတဲ့။

 

သြစတေးလျ ကုန်သွယ်ရေး ဝန်ကြီးချုပ်ဖြစ်သူ ဆိုင်မွန် ဘားမင်းဟမ် က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပြီး နယ်စပ်ဒေသတွေကိုလည်း ပိတ်ထားမှာဖြစ်လို့ ကုန်သွယ်ရေး ကိစ္စတွေလဲတစ်ကြော ရပ်နားထားဖို့ဆုံးဖြတ်ချက်ချထားတယ်သိရပါတယ်။

 

အခုချိန်မှာ သြစတေးလျ နိုင်ငံသားတွေလဲ နိုင်ငံ အပြင်ကို ထွက်ခွင့်မရှိပါဘူး အစိုးရက တားမြစ်ထားပါတယ်။သို့ပေမယ့် ရနိုင်တာ တစ်ခုကတော့ အရေးကြီးတဲ့ ပြင်ပနိုင်ငံ နှင့် ဖက်ဆက် လုပ်ကိုင်တဲ့ စီးပွားရေး သမား တွေဆိုရင်တော့ အထောက်အထားခိုင်လုံစွာပြနိုင်ရင် ပြင်ပ ခရီးပေးသွားပါတယ်သိရပါတယ်။

 

ထို့အပြင် ကိုဗစ်ကာလအတွင်း ပြည်ပမှလာနေတဲ့ နိုင်ငံခြားသားတွေကိုလည်း သြစတေးလျမှာနေထိုင်ဖို့ ဗီဇာတွေကို တိုးမြှင့်ပေးထားတယ်သိရပါတယ်။သြစတေးလျမှာ မတ်လ အလယ်လောက်ထဲက လေယာဉ်လမ်းကြောင်းတွေ ပိတ်ခဲ့တာဖြစ်ပြီး အခုချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသလို နောက်နှစ်ကူးမှသာ ပြန်လည် ဖွင့်လှစ်မယ်သိပါတယ်။

 

<<< Zawgyi >>>

 


--------------------------------------------------------------------------------------

 


 


 


 


 


Ref : DailyMail 

 

Read times
Rate this item
(0 votes)