Port News

ဗြိတိန်နိုင်ငံ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၅၀၀ ခန့်မှ ထက်ဝက်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ဗြိတိန်နိုင်ငံ၌အခက်အခဲကြုံတွေ့နေရသည့်မြန်မာသင်္ဘောသားများနှင့်

မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်းသတင်းရရှိသည်။

 နိုင်ငံတကာကုန်သွယ်သင်္ဘောများ၊ အပျော်စီးသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် မြန်မာသင်္ဘောသားများသည် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးအစီအမံများကြောင့် တာဝန်မှရပ်စဲခံရခြင်း၊ ဆိပ်ကမ်းကပ်ရာနိုင်ငံများ၌ Lock Down နှင့်ကြုံ တွေ့ရခြင်း၊ ပြည်ဝင်ခွင့်မရခြင်း၊ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲမှုယာယီ ရပ်ဆိုင်းခြင်းနှင့်အတူ ရောက်ရှိရာနေရာဒေသ များတွင် အခက်အခဲကြုံတွေ့နေရခြင်း၊ လူစား လဲလှယ်(Crew change) ပြုလုပ်ရန် အခက်အခဲများရှိခြင်းတို့ကြောင့် သက်ဆိုင်ရာသင်္ဘော ကုမ္ပဏီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မြန်မာသံရုံးများ၏ အစီအစဉ်ဖြင့်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြလျက် ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပါသည်။ 

ဗြိတန်နိုင်ငံရှိ ဆိပ်ကမ်းများနှင့် ပနားမားတွင် ကျောက်ချရပ်နားထားသည့် Global Cruise Line၊  Royal Caribbean Cruise Line၊ Carnival cruise Line စသည့်ကုမ္ပဏီများပိုင် အပျော်စီးသင်္ဘောများ ပေါ်မှ မြန်မာသင်္ဘောအမှုထမ်း (၂၄၉) ဦးနှင့် ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသည့် သံဃာတော်(၁)ပါး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၂၅၀) ဦးတို့အား သက်ဆိုင်ရာသင်္ဘောကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ကာတာလေကြောင်းလိုင်း (Qatar Airways) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ရေးအတွက် မြန်မာသံရုံး၊ လန်ဒန်မြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ  ၎င်းတို့ သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်၍လန်ဒန်မြို့၌ အခက်အခဲကြုံတွေ့ နေကြသည့် မြန်မာ သင်္ဘောသားများနှင့် မြန်မာနိုင်ငံသားစုစုပေါင်း (၂၅၀) ဦးခန့်အားလည်း သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများနှင့် မြန်မာ သံရုံး၊ လန်ဒန်မြို့တို့ ပူးပေါင်းစီစဉ်လျက် Qatar Airways ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထပ်မံ ပို့ဆောင်သွားမည်ဖြစ်ရာ ၂၂-၆-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

 

Read times
Rate this item
(0 votes)