Port News

အရွယ်အစား မှားယွင်းကြေညာချက်ကြေး အမေရိကန်ဒေါ်လာ ၅၀၀ ဟု Maersk Line သတ်မှတ်

မှားယွင်းကြေညာ ကုန်စည်များ လျော့နည်းစေရန် ကြိုးပမ်းခြင်းအဖြစ် Maersk Line က

အထူးနှင့် စံအတိုင်းအတာ မရရှိသော out-of-gauge ကုန်စည်များ၏ အမှန်တကယ် အရွယ်အစားသည် booking တင်သည့် အရွယ်အစားအသေးစိတ်နှင့် ကွဲလွဲမှု ရှိပါက မှားယွင်းကြေညာချက်ကြေး အမေရိကန်ဒေါ်လာ ၅၀၀ ကောက်ခံခြင်းကို စတင်ကျင့်သုံးသည်။

လာမည့် ဇူလိုင်လ ၁ ရက်မှ စ၍ အမှန်တကယ်အရွယ်အစားများသည် book လုပ်သည့် အတိုင်းအတားများနှင့် စင်တီမီတာ အနည်းငယ်မျှသာ ကွဲလွဲနေသည်ဆိုလျှင်လည်း အဆိုပါ မှားယွင်းကြေညာချက်ကြေးကို ကောက်ခံမည် ဖြစ်သည်ဟု shippers များကို သတိပေးထားသည်။
ကမ္ဘာတစ်လွှား တင်ပို့သော ကုန်စည်များ အားလုံးတွင် ၂၀% သည် booking နှင့် loading အတိုင်းအတာ ကွဲလွဲနေသည်။ ၆% သည် ကုန်စည်ကို ကိုင်တွယ်ရတွင် လုပ်ကိုင်ပေးဖို့ မဖြစ်နိုင်ခြင်း သို့မဟုတ် ဘေးမကင်းခြင်း ဖြစ်နေစေသည်ဟု ဆိုသည်။

 zawgyi

အ႐ြယ္အစား မွားယြင္းေၾကညာခ်က္ေၾကး အေမရိကန္ေဒၚလာ ၅၀၀ ဟု Maersk Line သတ္မွတ္

မွားယြင္းေၾကညာ ကုန္စည္မ်ား ေလ်ာ့နည္းေစရန္ ႀကိဳးပမ္းျခင္းအျဖစ္ Maersk Line က အထူးႏွင့္ စံအတိုင္းအတာ မရရွိေသာ out-of-gauge ကုန္စည္မ်ား၏ အမွန္တကယ္ အ႐ြယ္အစားသည္ booking တင္သည့္ အ႐ြယ္အစားအေသးစိတ္ႏွင့္ ကြဲလြဲမႈ ရွိပါက မွားယြင္းေၾကညာခ်က္ေၾကး အေမရိကန္ေဒၚလာ ၅၀၀ ေကာက္ခံျခင္းကို စတင္က်င့္သုံးသည္။
လာမည့္ ဇူလိုင္လ ၁ ရက္မွ စ၍ အမွန္တကယ္အ႐ြယ္အစားမ်ားသည္ book လုပ္သည့္ အတိုင္းအတားမ်ားႏွင့္ စင္တီမီတာ အနည္းငယ္မွ်သာ ကြဲလြဲေနသည္ဆိုလွ်င္လည္း အဆိုပါ မွားယြင္းေၾကညာခ်က္ေၾကးကို ေကာက္ခံမည္ ျဖစ္သည္ဟု shippers မ်ားကို သတိေပးထားသည္။
ကမာၻတစ္လႊား တင္ပို႔ေသာ ကုန္စည္မ်ား အားလုံးတြင္ ၂၀% သည္ booking ႏွင့္ loading အတိုင္းအတာ ကြဲလြဲေနသည္။ ၆% သည္ ကုန္စည္ကို ကိုင္တြယ္ရတြင္ လုပ္ကိုင္ေပးဖို႔ မျဖစ္ႏိုင္ျခင္း သို႔မဟုတ္ ေဘးမကင္းျခင္း ျဖစ္ေနေစသည္ဟု ဆိုသည္။

 

 

Read times
Rate this item
(0 votes)