Port News

တရုတ်နိုင်ငံမှ ကွန်တိန်နာများ အကောက်ခွန် တင်တင်းကျပ်ကျပ် စစ်ဆေးစိစစ်မှုကြောင့် စုပုံလျက်ရှိ

တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သောကုန်ပစ္စည်းများကို အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများနှင့်လေဆိပ်များတွင် စေ့စေ့စပ်စပ်စိစစ်လျက်ရှိသဖြင့် အီလက်ထရွန်းနစ်မှ ဆေးဝါးများအထိကုန်ပစ္စည်းများရှင်းလင်းရေးတွင် ကြီးမားစွာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေစေသည်။

အိန္ဒိယနိုင်ငံတစ်လွှားတွင် အကောက်ခွန်အရာရှိများသည် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး တရုတ်မှ တင်ပို့မှုများ အားလုံးကို ပြန်လည်စစ်ဆေးနေသည်။ ထိုသို့ လုပ်ဆောင်ပေးရန် တရားဝင် အကြောင်းကြားခြင်း မရှိသော်လည်း ယခုလို စစ်ဆေးနေကြခြင်း ဖြစ်သည်။

 

ယခင်က ကျပန်းစစ်ဆေးခြင်းများကိုသာ ကွန်တိန်နာများတွင် ပြုလုပ်လေ့ရှိသည်။ ယခုလို စစ်ဆေးမှုကြောင့် ကြန့်ကြာရသည့်အတွက် ဆိပ်ကမ်းများနှင့်လေဆိပ်များ၌ အချိန်မီ မပြီးစီးသဖြင့် နောက်ကျကျန်နေသည်များ တစ်ပုံတစ်ပင် ရှိနေပုံရသည့်အတွက် FedEx နှင့် DHL တို့ကဲ့သို့သော ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီများသည်ပင်လျှင် ပို့ကုန်တင်ပို့မှု အမှာစာအသစ်များကို၂၄ ရက် ဇွန်လ ၂၀၂၀ တွင် ရပ်ဆိုင်းထားသည်။သို့သော် ၎င်းကို တရားဝင်သတင်းထုတ်ပြန်ပေးခြင်း မရှိသေးသဖြင့် အတည်ပြုပေးနိုင်ဦးမည် မဟုတ်ချေ။

 

သာဓကအားဖြင့် အနောက်ဘက် ဒေသရှိ ကုန်တင်ကုန်ချ အများဆုံးနှင့်အကြီးမားဆုံးဆိပ်ကမ်းတစ်ခုဖြစ်သော နဟာဗာရှီဗာတွင် ကုန်စည်တင်ပို့မှုများ ဆိုင်းငံ့ထားသည်ဟု သတင်းထွက်ပေါ်သည်။"တရုတ်ပြည်မှ ကွန်တိန်နာများကို တားမြစ်ရန်ဖြစ်စေ၊ လက်မခံရန်ဖြစ်စေ အကောက်ခွန် သို့မဟုတ် Central Board of Indirect Taxes and Customs (CBIC)ထံမှ မည်သည့်အမိန့်ကိုမှနှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း ထုတ်ပြန်ခြင်း မရှိခဲ့ပါ။ တကယ်လို့ အချို့ကိစ္စရပ်များမှာ အချို့သော ကွန်တိန်နာများကို တားထားတယ်ဆိုတာ သတင်းရထားတာအတွက်သာဖြစ်ပြီး risk assessment လုပ်ဖို့ ပုံမှန်လုပ်ထုံးတစ်ခုအရ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်” ဟု နယူးဒေလီမြို့တော်မှ အကြီးတန်းအခွန်ဌာနအရာရှိတစ်ဦးက ပြောသည်။

 

တင်းတင်းကျပ်ကျပ် စစ်ဆေးနေခြင်းသည် ရက်သတ္တပတ်အနည်းငယ်အကြာက ချန်နိုင်းဆိပ်ကမ်းတွင် မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှုနှင့် ပတ်သက်၍ ရရှိသော 'သတင်း' ကြောင့် ဖြစ်သည်။ ချန်နိုင်းအခြေစိုက်ကုမ္ပဏီမှ ပြောကြားသည်မှာ အရာရှိများသည် တင်းကျပ်သောလိုက်နာဆောင်ရွက်မှုနှင့်အတူ သွင်းကုန်တင်သွင်းသူများထံမှ စာရွက်စာတမ်းများ ပိုမိုစုံလင်စွာ တောင်းခံခြင်း ပြုကြသည်။ ဤသည်မှာ လုပ်နေကျ ပုံမှန်လုပ်ထုံးလုပ်နည်း မဟုတ်ချေ။

 

ချန်နိုင်းရှိ အသေးစိတ်အချက်အလက်များကို အသေးစိတ်စုံစမ်းစစ်ဆေးပြီးနောက် ဆေးဝါးများတင်ပို့မှုအနည်းငယ်ကို ရှင်းလင်းပေးခဲ့ပြီး ဆိပ်ကမ်းရှင်းလင်းချက် ဆောင်ရွက်ပေးရန် နောက်ထပ် ကွန်တိန်နာများ ကျန်ရှိနေသည်။ “ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍအတွက် ၂၄ရက်နေ့မှာ အခြေအနေကပိုကောင်းနေပုံရတယ်။

 

တင်းကျပ်တဲ့စစ်ဆေးမှုတွေပြီးတဲ့နောက် အဆင့်မြင့် အရာရှိတွေနဲ့ ဆွေးနွေးပြီးတဲ့အခါ ဆိပ်ကမ်းရှင်းလင်းချက် ထုတ်ပေးလိုက်တယ်"ဟု အိန္ဒိယ ဆေးဝါးတင်ပို့မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ Dinesh Dua က TOI သို့ပြောကြားသည်။ အဓိကကျသည့် ကုန်စည်ပို့ဆောင်မှုများ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် ရပ်နေသဖြင့် ဆေးဝါးကဏ္ဍ အရေးတကြီးကိစ္စရပ်အဖြစ် ဖြစ်ပေါ်နေသည်။ မရမဖြစ်သည့် ဆေးဝါးကုန်ကြမ်းများကို အစုအပုံလိုက် တရုတ်နိုင်ငံမှ တင်သွင်းပြီး ဆေးဝါးများ ထုတ်လုပ်နေကြခြင်း ဖြစ်သဖြင့် ကုန်ကြမ်း ပြတ်လပ်ပါက ဆေးဝါးထုတ်လုပ်မှုများ လျော့ကျခြင်းနှင့် ရပ်ဆိုင်ခြင်းများ ဖြစ်ပေါ်နိုင်ဖွယ် ရှိသည်။ အချို့ထုတ်လုပ်မှုများသည် ၇၀ % API (active pharmaceutical imports) ရှိပြီး အချို့ထုတ်လုပ်မှုများတွင် ၉၀% အထိ တရုတ်ပြည်မှာ တင်သွင်းသော ဆေးဝါးကုန်ကြမ်းကို မှီခို အားထားသည်။ 

 

Ref : The Times Of India 

Read times
Rate this item
(0 votes)