ကွန်တိန်နာသင်္ဘော MSC MARGRIT ချီလီနိုင်ငံ San Antonio ဆိပ်ကမ်းအတွင်း
ကမ်းကပ်ဖို့ ရွှေ့တာမှာ ဆိပ်ခံနဲ့ တိုက်လုနီးပါး ဖြစ်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို စိတ်ဝင်စားသူ များပြားခဲ့ပါတယ်။
ဗီဒီယို မှတ်တမ်းတင်တဲ့သူ ရှိတဲ့ ရှုထောင့်မှ လှမ်းကြည့်တဲ့အခါ သင်္ဘောဦးက ဆိပ်ခံကို ထိလုနီးပါး ဖြစ်နေတာ တွေ့ကြရတယ်။
ဒါပေမဲ့ ဆိပ်ကမ်းအာဏာပိုင်တွေက ပြောကြားခဲ့တာမှာ သင်္ဘောဟာ တစ်ချိန်လုံး ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တယ်။ တွန်းသင်္ဘောတွေနဲ့ ရေကြောင်းပြတို့က ထိန်းကျောင်းပြီး ရွှေ့ပေးနေတာဖြစ်ပြီး လိုအပ်တဲ့ ဘေးကင်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းအချက်များကိုလည်း အပြည့်အဝ လိုက်နာထားတယ်။ ပုံမှန်အားဖြင့် ကြီးမားတဲ့ ကွန်တိန်နာသင်္ဘောတွေ ယခုလိုမျိုး ရွှေ့ပေးပြီး ကမ်းကပ်ရမယ့် ဆိပ်ခံဆီကို သွားကြတာဖြစ်တယ်လို့ ဆိုပါတယ်၊
ကွန်တိန်နာသင်္ဘော MSC MARGRIT အချက်အလက်များ
IMO 9465318,
dwt 141141,
capacity 13102 TEU,
built 2012,
flag HK,
manager MSC